ဧရာဝတီတိုင်းတွင်းရှိ ရေဘေးဒဏ်ခံနေရသောရွာများ ကူညီမှုပေးရန်ကျန်ရှိနေ
ဟန်သစ်နိုင်၊ မိုးမခ၊ သြဂုတ် ၁၆ရက်၊ ၂၀၁၅ခုနှစ်
ရေဘေးဒဏ်ကြောင့် ယခုထိနေထိုင်၊ စားသောက်မှုအခဲအခက်အခဲများစွာရှိနေသည်။ အစိုးရနှင့် လူမှုကူညီရေးအသင်းများမှ ရေဘေးသင့်ပြည်သူများသို့ လှူဒါန်းသောပစ္စည်းများသည် ဧရာဝတီတိုင်းရှိ ရေဘေးဒဏ်ခံစားနေရသော ရွာများသို့ ကူညီပေးရန်လိုအပ်နေသေးကြောင်း ပန်းတနော်မြို့ ရွှေဖလားကျွန်းကျေးရွာရှိ ရွာသူရွာသားများက သြဂုတ်၁၃ရက်နေ့တွင် ပြောပြခဲ့သည်။
ဧရာဝတီတိုင်းတွင်းရှိ ရွာများသည် မြစ်ရေတိုက်စားမှုဒဏ်ကို မကြာခဏခံစားနေရသဖြင့် ရွာ များပျောက်ဆုံးမှုများရှိခဲ့ကြောင်း၊ ဆက်လက်နေထိုင်နေသောအိမ်များမှာလည်း သုံးလတစ် ခါရွှေ့ပြောင်းပြီး နေထိုင်နိုင်ရုံ အဖြစ်မျှသာဆောက်ထားပြီးနေရကြောင်း၊ ထိုသို့နေထိုင်နေသောမြေ များသည် ရေတိုက်စားမှုဒဏ်ကင်းလွတ်နေသေးသော ဘေးကပ်ရပ်ရွာများမှ မြေများကို ဝယ်ယူ ပြီးနေထိုင်နေရကြောင်း၊ ယခုလက်ရှိဖြစ်ပွားနေသော ရေကြီးရေလျှံရေဘေးဒဏ်ကြောင့် စားစရာနှင့် နေစရာအခက်ကြုံနေရသဖြင့် ဘုန်းကြီးကျောင်းများနှင့် စာသင်ကျောင်းများတွင် သွားရောက်နေထိုင်မှုများရှိနေကြောင်း၊
ရေဘေးဒဏ်ကြောင့်ဒုက္ခရောက်၍ ကျန်ရှိနေသေးသောရွာများသို့ ကူညီမှုများပေးစေလိုကြောင်းများကို ရွာသူရွာသားများက ပြောပြခဲ့သည်။
