စာအုပ်စင်

ရဟန်းစာဆို အနွေးသခင်၏ ဥပါယ်တမျဉ်(အောင်မြင်ရေးနည်းလမ်းများ ) စာအုပ်ထွက်ရှိ

 
ရဟန်းစာဆို အနွေးသခင်၏ ဥပါယ်တမျဉ်(အောင်မြင်ရေးနည်းလမ်းများ ) စာအုပ်ထွက်ရှိ
(မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၅
ရဟန်းစာဆို အနွေးသခင်၏ ဥပါယ်တမျဉ်(အောင်မြင်ရေးနည်းလမ်းများ ) စာအုပ်မိတ်ဆက်ပွဲအခမ်းအနားကို ၂၀၁၅ သြဂုတ်လ၁၆ ရက်နေ့ နေ့လည် ၁၂ မှ ၃ နာရီထိ RIVER AYEYAWADDY GALLERY ခန်းမ၊ အမှတ် ၁၃၄ ၊ ၃၅ လမ်း(လယ်) မြို့တော်ခန်းမအနီး၌ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

 

ထိုစာအုပ်တွင် သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ၊ဆရာကြီး ဦးအောင်သင်း(ကွယ်လွန် )၊ လင်းသိုက်ညွန့် ( မြန်မာ့မြေ)တို့၏ အမှာစာများ ပါဝင်သည်။ ထူးခြားချက်မှာ ဆရာကြီး ဦးအောင်သင်းထံမှ အမှာစာ တောင်းခံရာ ကျန်းမာရေးကြောင့် မပေးနိုင်ဘဲရှိနေရာ ဆလိုင်းရွှေလင်းက ပြောစကားများကို အသံဖမ်းပြီး ပြန်ရေးကာ အမှာစာအဖြစ် သုံးရန် အကြံပေးခဲ့သည်။ အနွေးသခင်သည် အရှင်ဥတ္တမဖြစ်ကာ တောင်တွင်းကြီးမြို့နယ်၊ ချင်းသပြေပင်ရွာ ဇာတိဖြစ်သည်။ သူသည် ချင်းဗုဒ္ဓသာသနပါလကအဖွဲ့၏ ဝန်ဆောင်ရဟန်းတော်လည်းဖြစ်သည်။ဦးအောင်သင်းဇာတိမြေ တောင်တွင်းသားလည်းဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts