နိုင်ငံတကာရေးရာ

မောင်မောင်သော် – မြန်မာပြည်က ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ရှစ်သောင်း သုံးထောင် ငါးရာ ဆန်ဖရန်ဘေးဧရိယာမြန်မာများ လှူဒါန်း

ရန်ပုံငွေ အလှူပွဲအတွက် စေတနာ့ဝန်ထမ်းများ – ကိုစိန်၊ ကိုဂျေစင်၊ ကိုချိုဦး၊ ကိုမောင်မောင်သော်၊ မနီနီသော်၊ ကိုကျော်ကျော်စိုး

 

 
မောင်မောင်သော် – မြန်မာပြည်က ရေဘေးသင့်ပြည်သူများအတွက် ဒေါ်လာ ရှစ်သောင်း သုံးထောင် ငါးရာ ဆန်ဖရန်ဘေးဧရိယာမြန်မာများ လှူဒါန်း
(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅
San Francisco Bay Area မြန်မာတိုင်းရင်းသားမိသားစုများဧ။် မြန်မာပြည်ရေဘေးသင့်ကူညီရေး ဈေးရောင်းပွဲတော် နှင့် သီးခြားကောက်ခံရရှိငွေစာရင်းရှင်းတမ်းကို ဒေါက်တာမောင်မောင်သော်၏ ဖေ့စ်ဘွတ်ကတဆင့် ထုတ်ပြန်လိုက်ပါတယ်။ သြဂုတ်လ ၉  ရက်နေ့က ရန်ပုံငွေ ဈေးရောင်းပွဲက လက်ခံရရှိသည့် အလှူများအပြင် ဆက်လက်ပေးပို့လာသည့် အများပြည်သူတို့၏ ကောင်းမှု အလှူငွေ စုစုပေါင်းမှာ ဒေါ်လာ ၈၆,၅၀၀ (ရန်ုပုံငွေပွဲ စာရိတ် ဒေါ်လာ ၂၅၈၂ နှုတ်ပြီးနောက်) အသားတင် အများအလှူမှာ ဒေါ်လာ ၈၃,၅၀၀ ဖြစ်ပါတယ်။
ရေဘေးကယ်ဆယ်ရေး ဆောင်ရွက်နေသော အစုအဖွဲ့များအနက် သီတဂူဆရာတော်ကြီးသို့ ဒေါ်လာ ၂သောင်း ၇ထောင်၊ ရန်ကုန်နာရေးကူညီမှုအသင်းသို့ ဒေါ်လာ နှစ်သောင်း ၇ထောင် နဲ့ ဝေဠုကျော်၏ ကျော်ဖောင်ဒေးရှင်းသို့ ၂ သောင်း ၉ ထောင် ၅ ရာ တိတိ ခွဲဝေ လှူဒါန်းရန် (စီစဉ်ပြီး၊ လှူဒါန်းပြီး) ဖြစ်ကြောင်း သိရှိရပါ တယ်။
မှတ်ချက်။ Ko Wai Lu Kyaw အား ထပ်တိုးကောက်ခံရ ရှိငွေ များ စုပေါင်းပေးအပ်လိုက်ပါတယ်။

 

ကိုးကား – ဒေါက်တာမောင်မောင်သော့်ဖေ့စ်ဘွတ်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts