ကဗျာ မင်းညွှန့်လှိုင်

မင်းညွန့်လှိုင် – တော်ရုံရွာပေါ့ မိုးနတ်သား

  မင်းညွန့်လှိုင် – တော်ရုံရွာပေါ့ မိုးနတ်သား

(မိုးမခ) သြဂုတ် ၁၅၊ ၂၀၁၅

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်

ရွာပဲရွာနိုင်လွန်းတယ်မိုး ။

လက်လှုပ်မှ ပါးစပ်လှုပ်ရတဲ့

လက်လုပ်လက်စားတွေရဲ့မီးဖိုချောင်မှာ

မီးခိုးတိတ်မှာစိုး ။

အငြှိုးကြီးကြီး မပြီးနိုင်မစီးနိုင်

ရွာပဲရွာနိုင်လွန်းတယ်မိုး ။

ရေနစ်နေတဲ့ဘဝတွေ

ရင်ထဲလောင်တဲ့မီးတောက်တွေ

ငြိမ်းစေချင်ပြီမိုး ။          ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts