သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင်(မုံရွာ) – ရွှေလီမြို့မှ မြန်မာများအတွက် အိမ်ယာများ


မူဆယ်နယ်ခြား အ၀င်ဂိတ်

ဇော်အောင်(မုံရွာ) – ရွှေလီမြို့မှ မြန်မာများအတွက် အိမ်ယာများ
(မိုးမခ) သြဂုတ် ၁၃၊ ၂၀၁၅

ခရီးစတင်ခြင်း

မြန်မာမိတ်ဆွေများနဲ့အတူ တရုပ်နိုင်ငံ ရွှေလီမြို့ အိမ်ယာလေ့လာဖို့ နဲ့အလည်သွားဖို့ ကားတစီးနဲ့ ရန်ကုန်ကနေ ထွက်ခဲ့ပါတယ်။ မန္တလေးကနေ မေမြို့ လားရှိုးကိုဖြတ်ကျော်ပီး မူဆယ်မှာ ညအိပ်ပါတယ်။ ရန်ကုန် မူဆယ် ဘတ်စ်ကား တိုက်ရိုက် မှန်လုံ အဲကွန်းကားတွေ ကျပ် ၂၃၀၀၀ နဲ့ ပြေးဆွဲနေပါပြီ။

လားရှိုး အထွက်မှာ မြို့နဲ့ခပ်လှမ်းလှမ်းမှာ ကွန်ပြူတာတက္ကသိုလ် တွေ့ရပြီး ပိုဝေးတဲ့နေရာမှာ နည်းပညာတက္ကသိုလ် တွေ့လိုက်ရပါတယ်။ နောင် နှစ်၅၀ လောက်အတွက် မြို့ကျယ်ဝန်းလာချိန်နဲ့ ကိုက်ညီအောင် ဆောက်လုပ်ထားတဲ့ ဥာဏ်ကြီရှင် အုပ်ချုပ်သူများရဲ့ ပညာရေးစနစ် အဆောက်ဦများဖြစ်ပါတယ်။

မူဆယ်အဝင်မှာတော့ ဓါတ်ဆီဆိုင်နဲ့ စားသောက်ဆိုင်တွေပဲ အများကြီး တွေ့ရပါတယ်။

မနက်စောစောမှာ နယ်စပ်ကိုသွားပြီး နယ်စပ်ဖြက်ကျော်ရေး လက်မှတ်လုပ်ကြပါတယ်။ လူဝင်ကြီကြပ်ရုံးမှာ သိပ်မကြာပါ။ ဖြတ်ကျော်ပြီး တရုပ်နိုင်ငံ ကြယ်ခေါင်မြို့ ရောက်ပါတယ်။ ကြယ်ခေါင်မြို့ တက္ကစီမောင်းသူ ဆိုင်ကယ်တွဲ မောင်းကြသူ အများစုဟာ အမျိုးသမီးများ ဖြစ်နေပါတယ်။  ကိုယ်ပိုင်ကား တစ်စီးငှားပြီး သိပ်မကြာခင် ရွှေလီမြို့ တည်းခို ဟိုတယ်ကို ရောက်ပါတယ်။

ယူနန်ပြည်နယ် ရွှေလီမြို့အိမ်ယာစီမံကိန်း

အိမ်ယာစီမံကိန်း အသစ်ဖော်နေတဲ့ ဟောင်ကောင်အခြေစိုက် အိမ်ယာဆောက်လုပ်ရေးကုမဏီ ကိုရောက်သွားပါတယ်။ မြို့လယ်နဲ့ နဲနဲဝေးပေမဲ့ သွားလာလွယ်ကူပါတယ်။ ဧက ၂၀၀ ကျယ်တဲ့နေရာမှာ လုံချင်းအိမ်များ အထပ်မြင့်အိမ်ယာ လေးထပ်ဆိုင်ခန်း တိုက်တန်းများကို ဆောက်လုပ်ဆဲ တွေ့ရပါတယ်။ ဆောက်ပြီးသား နမူနာ လုံးချင်းအိမ်များလဲ ပြသထားပါတယ်။

လုံးချင်းအိမ် အားလုံး သဘာဝ အလင်းရောင်နဲ့ လှပစွာ နောက်ဆုံးပေါ် အိမ်ဆောက်ပစ္စည်းများ သုံးပြီးဆောက်ထားပါတယ်။ အိပ်ခန်း ၂ခန်း ၃ခန်း ကျမ်ပြင်ဧရိယာ အလိုက် ဈေးးအမျိုးမျိုးရောင်းချပါတယ်။ ကြမ်းခင်း ကျောက်ပြား လှပစွာ ခင်းထားပါတယ်။ တထပ်တိုက်အိမ်တလုံး ကြမ်းခင်းဧရိယာ 108.1 m2  (တစ်ရာ့ရှစ် ဒသမ တစ်မီတာစကွဲယား) ရှိပါတယ်။ US$ 10,000 ဒေါ်လာတစ်သောင်း ဈေးပေါက်ပါတယ်။ ၂၀၁၅ ပေါက်ဈေးနဲ့ဆို ကျပ် သိန်း ၁၃၀ ပါ။ US နဲ့တန်ဘိုး ရေးရတာကတော့ အိမ်ယာဈေး မတရားမြင့်နေတဲ့ မြန်မာပြည် အိမ်ခြံမြေ များနဲ့ ယှဉ်ကြည့်ဖို့ပါ။

ဆိုခန်း တိုက်တန်း အထပ်မြင့်အိမ်ခန်း တွေလဲ ကြမ်းခင်း ဧရိယာ တစ်မီတာ ပတ်လည်ကို ပျမ်းမျ ယွမ် ၈၀၀၀ သတ်မှတ်ထားပြီး မြန်မာနိုင်ငံသားများကိုတော့ ဈေး ပိုသက်သာပါတယ်။ ယွမ် ၆၅၀၀ တဲ့။

မြန်မာနိုင်ငံသားတွေ ဝယ်ခွင့်ရှိတယ် ဆိုလို့ သွားကြည့်တာပါ။ ဘာကြောင့် မြန်မာနိုင်ငံသားတွေကို ရောင်းချပေးသလဲ မေးတော့ ယူနန်ပြည်နယ် ပေါ်လစီ အရဖြစ်တယ်။ နိုင်ငံခြားသားများကို ရောင်းချပါတယ် တဲ့။ မြန်မာ နိုင်ငံသား ကို ဘာလို့ ဈေးပိုသက်သာစွာ ရောင်းချရပါသလဲ မေးခွန်းကိုတော့ မြန်မာနိုင်ငံသား များများ လာရောက် အခြေစိုက်စေလို့ပါ လို့ ဖြေပါတယ်။

ငွေ လုံးချင်းေး မပေးနိုင်လဲ ဝယ်လို့ရပါတယ်။  မြန်မာနိုင်ငံသား ဖြစ်လို့ နှစ်ရှည် အရစ်ကျ ပေးတဲ့ ဘဏ်ချေးငွေရအောင် သူတို့ လုပ်ပေးပါမယ် လို့ ပြောပါတယ်။

စကားချပ် ရေးရရင် တရုပ်ပြည် ယူနန်ပြည်နယ် စီးပွားရေး တိုးတက်လာတာ အနှစ် ၂၀ ကျော်မှာ ထိုင်းနိုင်ငံ တစ်ဦးချင်းဝင်ငွေ နီးပါး ဖြစ်လာပါတယ်။ ယခင်က ကချင် ရှမ်း နယ်စပ်တိုင်းရင်းသားမျာပဲ ယူနန်ပြည်နယ်ကို အလုပ်သွားလုပ်ခဲ့ကြပါတယ်။ အခုတော့ ပြည်မက မြန်မာတွေ မြောက်များစွာ အလုပ်လုပ်နေပါပြီ။ ထုံးစံအတိုင်း အိမ်ဖော် မြန်မာအမျိုးသမီးများ ကနေ ငွေနဲ့ဝယ်ယူပေါင်းသင်း ဖြစ်လာလို့ လူကုန်ကူးမှုနဲ့ ပြင်းထန်စွာ အရေးယူနေရပါတယ်။ ရွှေလီမြို့မှာ ပြည်နယ်အစိုးရ စာရင်းအရ မြန်မာ တရားဝင် ၅သောင်းကျော် ရှိပြီး တရားမဝင်နေထိုင်လုပ်ကိုသူ မြန်မာများစွာ ရှိတယ်လို့ဆိုပါတယ်။ ရွှေလီမှာ မြန်မာမူလတန်း အထက်တန်းကျောင်း ရှိပြီး မြန်မာစားသောက်ဆိုင်များ အသိုင်းဝိုင်းကြီး ရှိနေပါတယ်။ ရွှေလီ ဒု  မြို့တော်ဝန် မြန်မာစကားကောင်းကောင်း ပြောတတ်တဲ့အတွက် မြန်မာများကို အခွင့်ရေးပေးထားသလား ဒါမှမဟုတ် မြန်မာလူမျိုးများကို သူတို့ လူမျိုးများ သတ်မှတ်တော့မလား။
တခါက မြန်မာအိမ်ယာစီမံကိန်း

လွန်ခဲ့တဲ့ နှစ်၂၀ ၁၉၉၅ တုန်းက လှိုင်သာယာ ရန်ကုန်တဖက်ကမ်းမှာ လုံးချင်းတိုက် အခုလိုပုံစံတွေ ၂ ထပ် ၄၀ x ၆၀ ပေ မြေကွက်မှာ 140 sq m အိမ်ခန်းများ ရောင်းချခဲ့စဉ် အရစ်ကျစနစ်နဲ့ ဝယ်ယူခဲ့ပါတယ်။ တန်ဖိုးက ထိုစဉ်က ငွေလဲနှုန်းနဲ့ဆို US$60,000 ကျသင့်ပါတယ်။ လက်ငင်းငွေ US$18,000 ပေးပြီး ကျန်ငွေ ၁၀ နှစ် အရစ်ကျ ပေးရပါတယ်။ ကျပ်ငွေနဲ့ ရောင်းတာပါ။ 1 US$ = ၁၂၀ ကျပ်ဈေးပေါက်ပါတယ်။ အဲဒီအချိန် ရုတ်တရက် ကမ္ဘာ့စီပွားကပ် ဖြစ်ပြီး မြန်မာစစ်အစိုးရက တခါးပိတ်ဝါဒ လုပ်လိုက်ပါတယ်။ ၂၀၁၁ သမ္မတဦးသိန်စိန် လက်ထက်ကျမှ တခါးပြန်ဖွင့်ပါတယ်။
လက်ရှိ မြန်မာအိမ်ယာစီမံကိန်းများ

အဆင့်မြင့် ကွန်ဒိုအထပ်မြင့်များ US$ 200,000 to 500,000 အထိ မြန်မာပြည်မှာ ရောင်းချနေပါတယ်။ စင်ကာပူနိုင်ငံက မြန်မာများကို လာရောင်းကြပါတယ်။ အခု ၂၀၁၅ မှာတော့ အိမ်ခြံမြေဈေး မတရား လွန်ကဲစွာ ဖြစ်လာပြီး သူ့ဖာသာ ရပ်တံ့သွားပါပြီ။  ဝိသမသူဌေးတွေ သူတို့မတရားရထားတဲ့ငွေမဲတွေနဲ့ မြို့ပေါ်က ခြံမြေတွေ လိုက်ဝယ်တာကို မြန်မာနိုင်ငံသားတွေ လိုက်ဝယ်ရောင်း လုပ်ရင်း အရှိန်သေသွားပါပြီ။

ပုဂလိက အိမ်ယာများလည်း ဆောက်နေပြီး အောက်ထပ် US$ 40,000 , အပေါ်ထပ်များ US$ 20,000 ဈေးပေါက်နေပါတယ်။ ဝယ်သူမရှိ ဖြစ်နေပါတယ်။ ကန်ထရိုက်တိုက် ၇ထပ်တွေလဲ ဈေးချရောင်းပေမဲ့ ဝယ်သူမရှိ။ မြောက်များစွာသော ကန်ထရိုက်တာများလည်း ဆက်မဆောက်တော့ပဲ ရပ်ထားကြပါပြီ။ တချို့ ကန်ထရိုက်တာများလဲ ထွက်ပြေးရပါတယ်။
အနာဂါတ် မြန်မာများအတွက် အိမ်ယာများ

လောလောဆယ်တော့ ဆင်ရဲမွဲတေလှတဲ့ မြန်မာအများစု အစိုရဝန်ထမ်း ကျောင်းဆရာ စစ်မှုထမ်း ရဲအမှုထမ်းများကတော့ ပေါက်ဈေး သိန်း ၂၀၀ ပတ်ဝန်ကျင် မဝယ်နိုင်ပါ။ အစိုးရ စတင်ဆောက်နေတဲ့ တန်ဖိုးနည်းအိမ်ယာ သိန်း ၁၀၀ ကျော်ကို အရစ်ကျတောင် မဝယ်နိုင်သေးပါ။ ဆောက်မဲ့တန်ဖိုးနဲတိုက်ခန်း ဆိုတာလဲ ထောင်ဂဏန်ပဲ ရှိတာ ဝန်ထမ်း တသိန်းကျော်အတွက် ကိုယ်ပိုင်အိမ် နေစရာ မစဉ်းစားနိုင်ပါ။ ဆင်းရဲ နေစရာမဲ့ ပြည်သူများရဲ့ ကျူးကျော်တဲ ပြသနာတောင် ဖြေရှင်းရ ခက်နေပါတယ်။
နိဂုံး

မြန်မာပြည်သူတွေ နေစရာပြသနာ ဖြေရှင်းဖို့ ဆိုတာ လူတွေ အလုပ်ကိုင် ရရှိသွားရင် အဆင်ပြေသွားမှာဖြစ်ပါတယ်။ တရုပ်ယူနန်ပြည် နဲ့ ထိုင်း ဗီယက်နန် အင်ဒိုနီးရှားတွေမှာ US$ 10,000 ကန်ဒေါ်လာ တစ်သောင်း (ကျပ် သိန်း၁၀၀ ကျော်) ဆိုရင်  အိမ်ကောင်းကောင်း တစ်လုံးကို ဘဏ်ချေးငွေနဲ့ ဝယ်ရမဲ့ အချိန် နီးလာပြီဖြစ်ပါတယ်။ မြန်မာ စီးပွားရေးကို ခရိုနီ နဲ့ ဝိသမစီးပွားသမားများက ထိန်းချုပ်နေပါတယ်။

မြန်မာပြည်မှာ အလွန်များပြားလှတဲ့ မြေကွက်လပ် တွေ တပုံတပ်ရှိနေပါတယ်။ အစိုးရ ကိုတိုင်က အိမ်ယာစီမံကိန်းများကို ပွင့်လင်းစွာ လုပ်ခွင့်မပေးသေးပါ။ နိုင်ငံခြား အိမ်ယာကုမဏီများကို မြန်မာပြည် ဆောက်ခွင့်ပြုရင် အိမ်ခြံမြေ ဈေးကျဆင်းလာမှာပါ။

ဒါပေမဲ့ စည်းကမ်းရှိတဲ့ မြန်မာစစ်တပ်က လူမှန်နေရာမှန် အရပ်သားအစိုးရ ဖြစ်အောင် ပံ့ပိုးပေးရင် အခြေနေအားလုံး အကောင်းဖက် ပြောင်းသွားမှာပါ။

ဒီမိုကရေစီ အောင်မြင်လာတာနဲ့ လူတွေ အလုပ်ကိုင် ရရှိလာမယ်။ လက်နက်ကိုင် တိုင်းရင်းသားအရေး တရုပ် အင်ဒိုနီးရှားလို ဖြေရှင်းနိုင်မယ်။ ဝင်ငွေရှိလာမယ်။ မြို့နယ်တွေမှာ ပြည်သူလူထု နေစရာ အိမ်လည်း ရှိလာ ပိုင်ဆိုင်လာပါမယ်။ ကျောင်းမထားနိုင်လို့ မွဲတေတဲ့ ခလေးအလုပ်သမားများအားလုံး လက်ဖက်ရည်ဆိုင် စားပွဲထိုးများ စာသင်ခန်းကို ရောက်လာဖို့ မျော်လင့်ပါတယ်။

ဇော်အောင် (မုံရွာ)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts