ကဗျာ စိုးနေလင်း

စိုးနေလင်း – တောပြုန်း

စိုးနေလင်း – တောပြုန်း
(မိုးမခ) သြဂတ်စ် ၁၂၊ ၂၀၁၅

အဲဒီမြစ်တမြစ်ကတော့
စွန့်ပစ်ပစ္စည်းတခုလိုတိမ်ကော
အဟောသိကံဖြစ်ခဲ့ရရှာပေါ့။

စပျစ်သီးကချဉ်ရှသတဲ့
ဘေးမမဲ့သော တောချည်းသာ
ပေယျာလကန်ရှိစေ…။

ညွှန်တောမြေကို ဝေဟင်မှတ်မှား
မြားတန်းလန်းနဲ့ ငှက်တငှက်က
ရသတိမ်တိုက်တခုကိုဖန်ဆင်း
ငြင်းပယ်ခြင်းအလှ ရှာဖွေကြည့်မိတဲ့အခါ
ပလာအစု တခုမျှသာ
ရေသာများ၍။

အရောင်မရှိတဲ့ အရောင်များအကြား
စူးပြီးဓားကို မနှုတ်လိုတော့
အပေါ့ပါးဆုံးမြေခ
ပန်းတို့ကို အလေ့ကျ
မွှေးမြ ပွင့်လွရှိစေတော့။

တကယ်ဆို…
လင်းပွင့်ကောင်းကင်ပြင်ကိုချစ်မက်ရင်း
သက်ပြင်းတခုကို ဖြေချကာစမျှသာ။  ။

(ဘန်ကောက်နဲ့ ခေတ်ပြိုင်ဂျာနယ် နှစ်ကာလများကိုပြန်လည်ခံစားခြင်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts