ခက်ဦး – တလက်လက် ဝိညာဉ်တွေ

ခက်ဦး – တလက်လက် ဝိညာဉ်တွေ
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၅

ရှစ်လေးလုံး
တိုက်မိတဲ့ခလုတ်မဟုတ်ဘူး
အချိန်ကိုက်ကွဲတဲ့ ရင်မြှုပ်မိုင်း

မမေ့ကြနဲ့
တံခါးလှပ်မိရုံနဲ့ ကြက်သီးဖြန်းခနဲ
မငြိမ်းတမ်းလင်းတဲ့သမိုင်းပြတိုက်

ရှစ်လေးလုံးကိုမမေ့ကြနဲ့
သားရဲမိစ္ဆာတွေ
ဒီတောမီးနဲ့ ပြေးပေါက်မှားဖူးတယ်

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဘီလူးတွေရှိတာ သက်သေထူဖို့
အစားခံပြီးစတေးခဲ့ရတယ်

မြေစိုင်ခဲတွေမို့မောက်လာ…….
ရှစ်လေးလုံးကိုမမေ့ကြနဲ့
သွေးအရွှဲသား မဆွေးသေးတဲ့လက်မောင်းတွေ……

ရှစ်လေးလုံးကိုမမေ့ကြနဲ့
အလောင်းကောင်တွေထရပ်ကုန်ပြီ…..
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ပြန်ပေါက်မယ့်မြွေဟောက်တွေလိုပဲ…

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဆန့်တန်း ထစ်ချုန်း ကြွေးကြော်လိုက်ကြ…
ရှစ်လေးလုံးကိုမမေ့ကြနဲ့
ထပ်ထိုးချိန်လိုက်တဲ့အာဏာရူးသေနတ်ပြောင်းတွေ
တဆတ်ဆတ်တုန်ခါလို့…..

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ဒီမို ကရေစီ ရရှိ ရေး …..
ရှစ်လေးလုံးကိုမမေ့ကြနဲ့
တိုးအရေး…… တိုးအရေး

ရှစ်လေးလုံးကိုမမေ့ကြနဲ့
ရှစ်လေးလုံးကို မမေ့ကြ နဲ့
ရှစ် လေးလုံးကို မမေ့ကြနဲ့
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ဒီမိုကရေစီရရှိရေး
တို့အရေး တို့အရေး
ရှစ်လေးလုံးကို
မမေ့ကြနဲ့       ။

ခက်ဦး
၇ . ၈ . ၂၀၁၅