ကဗျာ ​နေဝန်းနီ (မန္တ​လေး)

နေဝန်းနီ (မန္တ​လေး) – မန္တ​လေးနဲ့ ရှစ်​​လေးလုံး

နေဝန်းနီ (မန္တ​လေး) – မန္တ​လေးနဲ့ ရှစ်​​လေးလုံး
(မိုးမခ) သြဂတ်စ် ၈၊ ၂၀၁၅

“အ​ရေး​တော်​ပုံ​….​အောင်ရမည်​“
“သခင်​မျိုး​ဟေ့…..ဒို့ဗမာ”
“ဆန္ဒ ဆန္ဒ ပြပြ”

ကြက်​သီးဖြန်းဖြန်းထတဲ့
ကြွေး​ကျော်​သံ​တွေနဲ့အတူ

နာရီစင်​ကြီး​ဘေးမှာ
ဒေါင်းအလံ​တွေ လွှင့်​ခဲ့ဘူးတယ်

ဈေးချို​တော်​ ရုံ​ဟောင်းကြီး​ဘေးမှာ
အစာငတ်​ခံဆန္ဒပြပွဲ ကျင်းပဖူးတယ်

၂၆ ဘီလမ်း (အာဇာနည်​လမ်း)​ ပေါ်မှာ
ဒေါင်းအလံမလဲတဲ့
ကျောင်းသား​တွေ​သွေး စွန်းခဲ့ဘူးတယ်

အိမ်​​တော်​ရာဘုရား ဆယ့်​​လေးခန်းမှာ
ကျောင်းသား​တွေတပ်​စွဲ
နိုင်​ငံ​ရေးတရား​ဟောခဲ့ဖူးတယ်

ဒီမြို့​လေးက
သူရဲ​ကောင်း​တွေထွက်​ခဲ့တယ်
ဒေါင်းအလံ​တွေ ဝဲခဲ့တယ်……။

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)
၈၊ ၈၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts