သတင်းဆောင်းပါး သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – NLD အမတ်လောင်း လူထုကြားမှမှဂယက်နှင့် တပ်ပေါင်းစုပြသနာ ( ဒုတိယပိုင်း )

NLD ဥက္ကဌ၏ ဖေ့စ်ဘွတ်ပေ့ဂ်ျ

မောင်မောင်စိုး –  NLD အမတ်လောင်း လူထုကြားမှမှဂယက်နှင့် တပ်ပေါင်းစုပြသနာ ( ဒုတိယပိုင်း )
(မိုးမခ) သြဂုတ် ၈၊ ၂၀၁၅

ဖိတ်ခေါ်မှု

NLD မှပြင်ပမှ ပုဂ္ဂိုလ်များအား ဖိတ်ခေါ်ခဲ့သည်ဟုဦးစွာ ဆိုခဲ့ရာ အတော်များများမှာ NLD ၏ ဖိတ်ခေါ်ချက်အရ အမတ်လောင်း လျောက်ထားရာတွင်ပါဝင်လာခဲ့သည်ဟု အများကယူဆ ထားကြသည်။သို့သော် ယခုနောက်ပိုင်း NLD ခေါင်းဆောင်ပိုင်းမှ ဦးထွန်းထွန်းဟိန်၏ပြောကြားချက်အရ NLDမှဖိတ်ခေါ်ထားသူမှာ ပါမောက္ခ ဒေါက်တာဘွဲ့ရသူဆယ်ဦးခန့်သာရှိသည်ဟုဆိုသည်။ ၈၈  မျိုးဆက်မှကျာင်းသားခေါင်းဆောင်များရော ဒေါက်တာ ညိုညိုသင်းတို့လို တသီးပုဂ္ဂလများပါ ဖိတ်ခေါ်မှုတွင်မပါဟု တရားဝင်ငြင်းဆိုလိုက်ခြင်းဖြစ်သည်။

သို့သော်အငြင်းပွါးဖွယ်တခုမှာ ဒေါက်တာညိုညိုသင်းအား NLD မှဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်သူမှာ ဗဟန်းမြို့နယ် NLD ဥက္ကဌနှင့် ဒုဥက္ကဌတို့ဖြစ်သည်။ ထို့ပြင် သတင်းတို့တွင် NLD ကဖိတ်ခေါ်ချက်အရ ဝင်ရောက်ယှဉ်ပြိုင်မည်ဟုအများပြည်သူ သိပြီးသားကိစ္စဖြစ်သည်။ဤသည်ကို NLD ရုံးချုပ်ကမသိဟုဆိုက အံ့သြဘွယ် ဖြစ်ပေလိမ့်မည်။ ထို့ပြင် NLD ဗဟိုမှမဟုတ်လျင် အောက်ခြေအဆင့်များဖိတ်ကြားခွင့်မရှိဟု တားမြစ်ခြင်းမရှိ သလောဟု မေးဘွယ်ဖြစ်သည်။ထို့ပြင်ဗဟန်းမြို့နယ် NLD ဆိုသည်မှာ NLD ရုံးချုပ် ရုံးစိုက်ရာဖြစ်ပေရာ မိမိဌာနချုပ်ရုံးစိုက်ရာ မြို့နယ်ကဘာလုပ်နေမှန်းတောင် NLD CEC ကမသိနိုင်ဘူး

လောဟု မေးစရာပေါ်လာသည်။

ယခုမှ မိမိတို့ဖိတ်တာမဟုတ်ဟုဆိုပါက မြို့နယ်NLD လည်းသိက္ခာကျ CEC လည်း ညံ့ရာကျပေလိမ့်မည်။ ဖိတ်ခေါ်တာမဟုတ် ကိုယ့်သဘောနှင့် ကိုယ်လျောက်လွှာတင် ဆိုလျင်သူမအနေနှင့်  တမျိုးတဖုံ စဉ်းစားကောင်း စဉ်းစားနိုင်ပေသည်။ ယခုတော့ သူဖါသာ သိက္ခာရှိစွာရပ်တည်နေသူ တစ်ဦးကို ခေါ်၍ ချိုးနှိမ်သလိုဖြစ်နေပေတော့သည်။

တဖန် NLD ခေါင်းဆောင်ပိုင်းမှ ဦးဝင်းထိန်၏ပြောကြားချက်အရ နောက်တိုးစည်းကမ်းအနေနှင့်NLD အပေါ်သစ္စာရှိမှုနှင့် အနစ်နာခံမှုအပေါ် ချိန်ထိုးရွေးချယ်သည်ဟုဆိုသည်။ ထိုသို့ဆိုပါက ပြင်ပကသူများကို အစကတည်းက ပါဝင်ယှဉ်ပြိုင်ဘို့ ဖိတ်ခေါ်ရန်ပင်မလိုပေ။ဤစည်းကမ်းကို စောစီးစွာထုတ်ပြန် ထားပါက ပြင်ပကသူများလည်း စာရွက်အကုန်ခံလျှောက်ထားစရာပင် မလိုပေ။အတော်ပင် ရှေ့နောက်မညီ အမြီးအမောက်မတဲ့ဟု ဆိုရပေမည်။

NLD အနေနှင့် ပြင်ပက ပါမောက္ခ ပညာရှင်များ ကိုသာ ဖိတ်ခေါ်သည်ဟု ဆိုရာ ကျန်သည့် ဒီမိုကရက်အင်အားစုများ တသီးပုဂ္ဂလများမဖိတ်ဟု ဆိုပါသည်။ သို့ဖြစ်ရာ NLD အနေနှင့်

လွှတ်တော်နိုင်ငံရေးအတွင်း ဒီမိုကရက်တစ် အင်အားစုများအား  နေရာမပေးနိုင်ဟူသည့်အဓိပ္ပါယ်ပင်ဖြစ်သည်။ NLD တလျောက်လုံးလက်တွဲလာသော ၈၈ ငြိမ်း/ပွင့်အဖွဲ့အား၎င်း တသီးပုဂ္ဂလများအား၎င်း စုစည်းအားယူရမည့်အစား ပစ်ပယ်သော ပေါ်လစီအားကျင့်သုံးလိုက်သည်ကို တွေ့ရသည်။

NLD ပြင်ပမှ ဒီမိုကရေစီအင်အားစုများ သြဇာရှိသော လုပ်ရည် ကိုင်ရည်ရှိသော တသီးပုဂ္ဂလများအား ထည့်သွင်းပြီးအားယူရမည်။ ထိုသူတို့၏သြဇာနှင့် ကြားနေအင်အားစုများကို စည်းရုံးသိမ်းသွင်းရ

မည်။သို့အတွက်လည်း ထိုသူများကို နေရာပေးရမည့် တပ်ပေါင်းစု ပေါ်လစီကိုအရေးကြီးဆုံးအချိန်တွင် ပစ်ပယ်လိုက်ခြင်းသည် ပေါ်လစီအမှားဟု ဆိုရပေမည်။ နိုင်ငံရေးပါတီတရပ်အနေနှင့် မိမိအင်အားတောင့်တင်းကြီးမားလာစေရန်အတွက် တတ်နိုင်သမျှသော တပ်ပေါင်းစုကို ကြီးထွားအောင် လုပ်ဆောင် ရန် တာဝန်ရှိသည်ကို ပစ်ပယ်လိုက်ခြင်းသည် မိမိကိုယ်မိမိ

အားနည်းအောင် လုပ်လိုက်ခြင်းပင် ဖြစ်သည်။

ပါတီတခုအနေနှင့် မိမိအင်အားကို အခြေပြုရမည်အမှန်ပင် ဖြစ်သည်။ ထိုမိမိအင်အားပေါ်အခြေခံပြီး ကျန်ဒီမိုကရက်တစ် အင်အားစုများတိုင်းရင်းသားအင်အားစုများနှင့် ပေါင်းစည်းပြီးပိုမို အင်အားကြီးအောင် တည်ဆောက်ရန်လိုသည်။

ထိုသို့တပ်ပေါင်းစုဖွဲ့ရာတွင် မိမိနှင့်လက်တွဲသည့်သူများအား ထိုက်ထိုက်တန်တန် နေရာပေးရန်လိုသည်။ သူတို့၏ လုပ်ရည်ကိုင်ရည် အရှိန်သြဇာကိုအသိမှတ်ပြုရန်လိုသည်။ ထို့ပြင် တပ်ပေါင်းစုဆိုရာတွင် ပါဝင်သည့်သူများအား တန်းတူရည်တူ သဘောထားဘို့လိုသည်။ ပါတီကြီးဝါဒအမှား မကျူးလွန်ဘို့လို

သည်။

ယခုလိုရွေးကောက်ပွဲနှင့်ပတ်သက်၍ အရေးကြီးသည့်အချိန်တွင် တပ်ပေါင်းစုပေါ်လစီလွဲချော်ခြင်းသည် တဖက်အကြိုက်ဖြစ်သွား လိမ့်မည်။မိမိနှင့်ရင်ဆိုင်ရမည့် တဖက်အင်အားကို လျော့တွက်လျင် မှားပေလိမ့်မည်။ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာကို သေချာစွာသုံးသပ်ချင့်ချိန်ကြည့်သင့်သည်။

ပုံမှန်အမတ်လောင်းရွေးချယ်ခြင်းနှင့် တပ်ပေါင်းစုပေါ်လစီ ကွာခြားပေရာ တပ်ပေါင်းစုပေါ်လစီ ကျင့်သုံးရမည့်သူများအား bottom line တွင်ထားသည့်အမှား ကျူးလွန်ခဲ့သည်။ဖိတ်ခေါ်

ရမည့်သူများ မဖိတ်ခဲ့။ ဖိတ်ခေါ်မှု မလုံလောက်ဟု ဆိုရမည်။

၂၀၁၅ ရွေးကောက်ပွဲအလားလာ

၂၀၁၅ ရွေးကောက်ပွဲသည် ၁၉၉၀ နှင့်၎င်း၂၀၁၂ ကြားဖြတ် နှင့်၎င်း တူလိမ့်မည် မဟုတ်ပေ။၁၉၉၀ က ရင်ဆိုင်ရသည့် တစည မှာပြင်ဆင်မှုမကောင်း စစ်တပ်၏ အပြည့်အဝထောက်ခံမှုမရ။

NLD အတွက် ၈၈ အရေးအခင်း၏ အရှိန်သြဇာအပြည့် ရထားသည်။ ထိုစဉ်ရွေးကောက်ပွဲ ကော်မရှင်က နှိုင်းယှဉ်မှုအရ တရားမျှတသည်ဟု ဆိုရမည်။

၂၀၁၂ ရွေးကောက်ပွဲတွင်မူ ပြည်ခိုင်ဖြိုးအနေနှင့် နင်လားငါလား ယှဉ်ပြိုင်ခြင်းမပြုခဲ့ ။သူတို့အနေနှင့် ဒီမိုကရေစီပြရုပ်အဖြစ် NLD အမတ် ၄၀လောက်ကို လွှတ်တော်ထဲဆွဲသွင်းလိုသည် ဖြစ်ရာ

သဘောလောက်သာ ယှဉ်ပြိုင်ခဲ့သည်ဟု ဆိုရမည်။သို့ဖြစ်ရာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအောင်မြင်မှုကို သိပ်စံတင်စရာ မရှိဟုဆိုရမည်။

ယခု၂၀၁၅ ရွေးကောက်ပွဲကား ၂၀၁၂ နှင့်မတူတောပေ။့ သူတင်ငါတင် ယှဉ်ပြိုင်ရမည့် အချိန်ဖြစ်သည်ကြံ့ခိုင်ရေးပါတီ သည်လည်း တစညနှင့်မတူ။ပြင်ဆင်မှုကောင်းစွာရှိသည်။ အနှစ်၂၀ ကျော်ပြင်ဆင်ထားခဲ့သည့်ပါတီဖြစ်သည်။ တောင့်တင်းသောဘတ်ဂျက်ရှိသည်။ အနှစ်ငါးဆယ်ကျော် အုပ်ချုပ်ရေးအတွေ့အကြုံရှိသည်။ စစ်တပ်ထောက်ခံမှုရှိသည်။

လက်ရှိအုပ်ချုပ်ရေးယန္တယားသည်၎င်း ရွေးကောက်ပွဲ ကော်မရှင်သည်၎င်း စစ်ထွက်များကြီးစိုးထားပြီး ၎င်း တို့အနေနှင့် ပြည်ခိုင်ဖြိုးနှင့်ရင်းနှီးသောဆက်ဆံရေးရှိသည်။ လွှတ်တော်ထဲမှ အသင့်ထိုင်စောင့်နေသော စစ်တပ်ကိုယ်စားလည် ၂၅% ရှိသည်။ ထို့ပြင် လူထုကြိုက်နှုံးနည်းနိမ့်သည်ပါတီဟု ဆိုရမည်

ဖြစ်သော်လည်း သူ့အမာပရိတ်သတ်ရှိသည်။ မကင်းရာ မကင်း ကြောင်းများ ရှိသည်။ထို့ပြင်ပြည်ခိုင်ဖြိုးအား ထောက်ခံမည့် ပါတီငယ်များဖွဲ့စည်းထားသည်။တိုင်းရင်းသားပါတီငယ်များပင် ဖွဲ့စည်းထားနိုင်သည်ကိုတွေ့ရသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးအား ထောက်ခံမည့် အမျိုးသားရေး ဘာသာရေး အခြေခံသည့် အသင်းအပင်းများ ဖွဲ့စည်းထားသည်။မိရိုးဖလာ ဗုဒ္ဓဘာသာ လွှမ်းမိုးသော မြန်မာများကြားတွင် ဘာသာရေးဆိုင်ရာ သြဇာသက်ရောက်မှုကို လျှော့မတွက်သင့်။ အထူးသဖြင့် ကျေးလက်ပိုင်းတွင် ဘာသာရေးနှင့်သက်ဆိုင်သည့် သြဇာ ကြီးမား

သည်ကို အထူးသဖြင့်ပြုသင့်သည်။

ထို့ပြင် ယခုအကြိမ် ၂၀၁၅ ရွေးကောက်ပွဲတွင်ကြံ့ဖွံ့အနေနှင့် အင်အားအကုန် ထည့် ပြိုင်မည် ဖြစ်သည်။၂၀၁၂လို သမန်ကာ ရှန်ကာလုပ်လိမ့် မည်မဟုတ်။ တဖက်ပြိုင်ဖက်ကို လျှော့မတွက်သင့်ပေ။

ပြည်ထောင်စု အစိုးရဖွဲ့စည်းနိုင်သကဲ့သို့ ဥပဒေများ  ပြင်ဆင် ရေးဆွဲနိုင်သော ပြည်သူလွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်းသည့် ပြည်ထောင်စုလွှတ်တော်တွင် အမတ်နေရာ ၆၆၄ယောက်ရှိသည့်အနက် စစ်တပ်ကိုယ်စားလည် ၂၅%ဖြစ်သော၁၆၆ ယောက်ဖယ်လိုက်လျင် လူထုမှရွေးချယ်ရမည့် ကိုယ်စားလည်မှာ ၄၉၈ ယောက်သာရှိသည်။

ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကာလက ထိုပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် ၄၉၈ ယောက်ရွေးရမည့်ထဲမှ ၈၀%အား ကြံ့ဖွံ့မှအနိုင်ရပြီး ၁၆%အား တိုင်းရင်းသားပါတီများမှ

အနိုင်ရခဲ့ရသည်။ ကျန် ၄ %အား ကျန်ပါတီများနှင့်တသီးပုဂ္ဂလ များကရရှိခဲ့သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲအလားအလာကိုတွက်ဆရလျင် တိုင်းရင်းသားပါတီများနိုင်ချေမှာ၂၀၁၀ တုန်းက အနိုင်ရရှိခဲ့သည့် ၁၆% ထက်မလျော့နိုင်ပေ။ လက်ရှိတိုင်းရင်းသားများအကြား

အမျိုးသားရေးနိုးကြားအားကောင်းလာမှု တိုင်းရင်းသားနိုင်ငံရေး ပါတီများအပြင် တိုင်းရင်းသား ယဉ်ကျေးမှု အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ

စည်းများ၏ သြဇာသက်ရောက်မှုများကြောင့် တိုင်းရင်းသား ပါတီများအခန်းကို လျော့တွက်၍မရပေ။

ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဟိုပန် ပန်လုံလိုနေရာမျိုးတွင်၎င်း ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ လောက်ကိုင်လိုနေရာမျိုး တွင်၎င်း ကချင်ပြည်နယ် ပန်ဝါလို နေရာမျိုးတွင်၎င်း NLD လက်လှမ်းမမှီသော တိုင်းရင်းသားဒေသများတွင် အနိုင်မရနိုင်ပေ။ ထိုပြင် ရခိုင်ပြည်နယ် အထူးသဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရခိုင်အမျိုးသားပါတီအားကောင်းပေရာ NLD နိုင်ခြေ

အလွန်နည်းသည်ဟု ဆိုရမည်။ရခိုင်ပါတီအနေနှင့်လည်း ၎င်းတို့စည်းရုံးရေးကို ယုံကြည်မှုအပြည့်နှင့် အမတ်နေရာ NLD နှင့်မညှိဟုဆိုခြင်း ဖြစ်သည်။

ကျန်ပြည်နယ်များတွင်လည်း တိုင်းရင်းသားပါတီများ အနဲနှင့်အများနိုင်ခြေရှိသည်။ ဥပမာရှမ်းပြည်နယ် လားရှိုး သိန္နီ သီပေါ ကျောက်မဲ မြို့နယ်များတွင် မြို့ပေါ်မဲအရ NLD အသာ ရနိုင်သော်လည်း ကျေးရွာမဲများမှာမသေချာပေ။ မြို့နယ်အတွင်းရှိ ရှမ်းရွာများရှိမဲများမှာ သူတို့၏တိုင်းရင်းသား ပါတီ များဆီသို့သာ ရောက်သွားနိုင်သည်။ ထိုဒေသရှိ ရှမ်းရွာများမှာ ရှမ်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ သြဇာသက်ရောက်သည်ဖြစ်ပေရာ သူတို့နှင့်နီးစပ်သည့်ရှမ်းပါတီဆီသို့ မဲပေးစေရန် ထိုသြဇာက ညွှန်းလိမ့်မည်။ NLD အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ရမည့် မသေချာသည့် မဲဆန္ဒနယ်များ ဖြစ်သည်။

ထိုပြင် ၂၀၁၅ တွင်တိုင်းရင်းသားပါတီများပိုမိုထွက်ပေါ်လာသည်။

ဥပမာ ကချင်ပြည်နယ်တွင် ကချင်ပါတီရော ရှမ်းနီပါတီများပါ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုသို့သောအခြေအနေ အောက်တွင် တိုင်းရင်းသားပါတီများအမတ်ရရှိနိုင်မှုမှာ ၂၀၁၀ တွင်ရရှိခဲ့သော ၁၆ %ထက်မအောက်နိုင်ပိုမည်သာရှိသည်။

တဖန် အခြားပါတီများနှင့်တသီးပုဂ္ဂလတို့၏အမတ်ရရှိနိုင်မှုကို တွက်ချက်လျင် တစည NDFတို့ အမတ်ရရှိနိုင်မှုအလားအလာ လျော့ကျနိုင်သည်ဟု မျှော်လင့်ရသော်လည်း ပါတီများစွာ

တသီးပုဂ္ဂများစွာယှဉ်ပြိုင်ကြမည်ဖြစ်သည်။ ထိုသူများ၏ အဓိက ဦးတည်ရာနေရာများမှာ လည်း NLD အားနည်းနိုင်သည့်နေရာ များကို ပစ်မှတ်ထားပေးလိမ့်မည်။ သို့ဖြစ်ရာ ကျန်ပါတီနှင့်

တသီးပုဂ္ဂလများ၏ အမတ်နေရာ ရနိုင်ခြေအားလည်း ၄% လောက်က်တော့ ထည့်သွင်း တွက်ချက်ထားမှသာမှန်ပေလိမ့်မည်။

သို့ဖြစ်ရာ NLD အနေနှင့် ကျန်ရှိသည့် 80%ထဲမှ ကြံ့ဖွံ့နှင့် အပြိုင်ကြဲရပေလိမ့်မည်။NLD 75% နိုင်ဘို့ဆိုလျင် ကြံ့ဖွံမှာ 5% သာအနိုင်ရမည့်ဖြစ်သည်။ သို့သော် ၂၀၁၀ ရွေးကောက်ပွဲတွင် 80% အနိုင်ရထားသော လက်ရှိပြင်ဆင်မှုအရ တစညထက် များစွာသာသော ကြံ့ဖွံ့အနေနှင့် ယခုရွေးကောက်ပွဲတွင် 5% သာ အနိုင်ရမည်ဆိုသည်ကတော့ မဖြစ်နိုင်ပေ။သူ၏အနေအထား အရ သူ၏နိုင်ခြေကို 30%ထိထည့်သွင်းတွက်ချက်ထားသင့်သည်။ သူအားလျော့တွက်သည်ဆိုလျင်ပင် 20% အောက်တော့ မည်သို့မှ မလျော့နိုင်ဟု ယူဆရသည်။

ဤသို့ဆိုလျင် NLD ၏ နိုင်ခြေမှာ 50% မှ60%ကြားတွင်သာ ရှိပေလိမ့်မည်။ ထိုထက် ပိုရန် ခက်ခဲမည်ဟုယူဆရသည်။ ရွေးကောက်ခံကိုယ်စားလည်၏ 50%/60% သာရှိပါက လွှတ်တော်တွင်း ရောက်သောအခါ စစ်တပ်ကိုယ်စားလည်နှင့်ပါ ပေါင်းပါက ပြည်ထောင်စုလွှတ်တော်၏ 38% မှ 45%သာရှိ ပေလိမ့်မည်။ဤသို့သော အခြေအနေတွင် NLDတပါတီထဲအားနှင့် အစိုးရ ဖွဲ့ရန်သော်၎င်း အခြေခံဥပဒေပြင်ရန်သော်၎င်း ဖြစ်နိုင်မည် မဟုတ်ပေ။

ထိုသို့သောအခြေအနေအောက်တွင် NLD ပါတီအနေနှင့် ဒီမိုကရက်တစ်အင်အားစုများ တိုင်းရင်းသားပါတီများနှင့် မဟာမိတ်တပ်တပ်ပေါင်းစုတရပ်ကို ကောင်းမွန်စွာ တည်ဆောက်ရန်လိုပေမည်။ လက်တွေ့ကျသည့် တပ်ပေါင်းစု ပေါ်စီတရပ်လိုအပ်ပေလိမ့်မည်။

တပ်ပေါင်းစု

တပ်ပေါင်းစုပေါ်လစီဆိုသည်မှာ နိုင်ငံရေးပါတီတရပ် အောင်ပွဲခံနိုင်ရေးအတွက် အရေးကြီးသောပ်ါလစီတရပ်ဖြစ်သည်။ လက်ရှိအနေအထားတွင်ပြည်တွင်းရှိ ဒီမိုကရက်တစ်များကိုရော တိုင်းရင်းသားပါတီများကိုရော တပ်ပေါင်းစုဖွဲ့နိုင်မှသာ မိမိအောင်ပွဲအတွက် လုံလောက်သော

အင်အားစုကိုရနိုင်ပေမည်။

တပ်ပေါင်းစုဖွဲ့စည်းရန် အဓိကရှေ့ဆောင်ရမည့်တာဝန်မှာ အဓိကအတိုက်ခံပါတီဖြစ်သော NLDတွင် တာဝန်ရှိသည်။ တပ်ပေါင်းစုဖွဲ့ရန်တွင် ပါဝင်ရန်လိုအပ်သည့် အဖွဲ့အစည်း အားလုံးအား တန်းတူရည်တူ သဘောထားရမည် ဖြစ်သလို လိုအပ်လျင် ထိပ်တင်ပြီးတော့ပင် ထားဖို့လိုအပ်သည်။bottom line တွင်ထား၍မရပေ။

တရုတ်ပြည်တွင်းစစ်ကာလ နောက်ဆုံးပိုင်းက ပါတီအင်အားသာ မက စစ်တပ်အင်အားပါ တောင့်တင်းသော မော်စီတုန်းသည် အောင်ပွဲလျင်မြန်ချောမွေ့စေရန် မဒမ်စုန့်ချင်လင်းအား ထိပ်တင်ရန်ပင် ဝန်မလေးခဲ့ပေ။

တပ်ပေါင်းစုဖွဲ့စည်းရာတွင် မိမိနှင့်ပေါင်းစည်းမည့်အင်အားစုများ အား အလေးထားဖို့ လိုမည်ဖြစ်သကဲ့သို့ နေရာပေးဖို့လို သည်။တခုခု ပြန်ပေးဖို့သည်။ ဤသို့မဟုတ်ဘဲ မိမိပါတီအင်အား သက်သက်သာ ယုံကြည်၍၎င်း သို့မဟုတ် မိမိပါတီက မှန်ကန်သဖြင့် မိမိပါတီအား ဝိုင်းရံဘို့ လိုသည်ဟူသည့်အမြင် သက်သက်နှင့်၎င်း တပ်ပေါင်းစု ဖွဲ့၍မရနိုင်ပေ။

တချိန်က အရှေ့မြောက်တွင် ဗကပတို့ အင်အားကြီးခဲ့သည်မှာ သူတို့အင်အားသက်သက်သာမက တပ်ပေါင်းစုကြောင့်လည်း ဖြစ်သည်။ရှမ်းမြောက်ရှိ SSA/KIA/PSLA/ရလလဖ/ကယန်း

စသည့် ပါတီကြီးသည် သေးသည်မဟူ တပ်ပေါင်းစု ဖွဲ့ခဲ့သည်။ တန်းတူရည်တူ ဆက်ဆံခဲ့သည်။

တပ်ပေါင်းစုဖွဲ့သည် အကျိုးအားဖြင့် ဗကပအနေနှင့် ၎င်းအဖွဲ့များနှင့် ပူးပေါင်း၍ စစ်ရေးလှုပ်ရှားနိုင်ခဲ့သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင် ဝင်ရောက်လှုပ်ရှားနိုင် သည့်အပြင် သူတို့ထံမှ စစ်ရေးသတင်း ရိက္ခာ မြေပြင်ကျွမ်းကျင်မှုစသည့် အကူအညီများ ပြန်လည်ရရှိခဲ့သည်။ ဤသည်အတွက်လည်း ဗကပတို့အနေနှင့် တူညီသော နိုင်ငံရေးလမ်းစဉ်တရပ်သာမက စစ်လက်နက် ခဲယမ်းအကူအညီပေးခဲ့ရသည်။

တပ်ပေါင်းစုဆိုရာတွင် မိမိရည်မှန်းချက်အတွက်အခြားသူများ၏ အင်အားကို လာရောက် စုစည်းစေခြင်းဖြစ်ရာ ထိုသူများအား တန်းတူရည်တူ ဆက်ဆံမှုနှင့်အတူ သူတို့အား ထိုက်တန်သည့် အဆင့်နေရာ လုပ်ပိုင်ခွင့် မှအစ တတ်နိုင်သည့်အထောက်အပံ့များ ပေးရန်လိုသည်။ မိမိကို ထောက်ခံစေလိုသော်လည်း မိမိက ပြန်မပေးလျင်တပ်ပေါင်းစုဖွဲ့၍ မရနိုင်ပေ။ လက်တွေ့ခြေလှမ်းများ

လိုသည်။

တဖက်ကကြည့်လျင် ပြည်ခိုင်ဖြိုးအနေနှင့်လည်း သူတို့အား ထောက်ခံသည့် ပါတီများအား ပြည်မတွင်၎င်း တိုင်းရင်းသား ပါတီများ ထူထောင်ခြင်း တပ်ပေါင်းစုဖွဲ့ခြင်း ပြုလုပ်နေသည်သာ ဖြစ်သည်။ ဥပမာ ဟိုပန် ပန်လုံ ဝ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ များမှ တက်လာသော ဝ ပါတီအမတ်များသည် ကြံ့ဖွံ့နှင့်သာ ပူးပေါင်း ပေလိမ့်မည်။

အခြားအင်အားအတန်အသင့် ကြီးမားသောတိုင်းရင်းသား ပါတီများနှင့်ပတ်သက်၍လည်ြး ပည်ခိုင်ဖြိုးတွင် အစီအစဉ် ရှိနိုင်သည်။ဥပမာရှမ်းပြည်နယ်မှ ရှမ်းဒီမိုကရက်တစ်ပါတီသည်၎င်း ရခိုင်ပြည်နယ်မှ ရခိုင်အမျိုးသားပါတီသည် လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် အမတ်အရေအတွက် အသင့်အတင့်ရပါကပြည်ခိုင်ဖြိုးက အကောင်းဆုံးကမ်းလှမ်းမှု ပြုလုပ်နိုင်သည်။ ယင်းမှာ ပြည်နယ်များတွင် ၎င်းပါတီ၏ ခေါင်းဆောင်များအား ပြည်နယ်ဝန်ကြီးချုပ်ပေးမည်ဟု ကမ်းလှမ်းကာ ပြည်နယ်အစိုးရ အဖွဲ့အားတိုင်းရင်းသားပါတီနှင့်ပြည်ခိုင်ဖြိုး တို့ညွန့်ပေါင်း ဖွဲ့စည်းမည်။

အပြန်အလှန်အားဖြင့် ပြည်ထောင်စုလွှတ်တော်တွင်ပြည်ခိုင်ဖြိုး နှင့်ပူးပေါင်းပေးရမည်။ ဤသို့ဆိုက ပြည်ခိုင်ဖြိုးအနေနှင့် သူတို့အမတ်ဦးရေ အနဲစုဖြစ်နေသည့်တိုင် စစ်တပ်ကိုယ်စားလည် သူတို့စည်းရုံးထားသည့် တိုင်းရင်းသား အမတ်များ အခြားအမတ်များနှင့်ပေါင်း ပူးပေါင်း၍ ပြည်ထောင်စုအစိုးရဖွဲ့ခြင်းအား၎င်း အခြေခံဥပဒေအား ထိမ်းကြောင်းခြင်းအား၎င်း လုပ်သွားနိုင်သည်။လက်တွေ့တွင်လည်း ထိုတိုင်းရင်းသားပါတီမှ အဓိက ခေါင်းဆောင်များသည် ပြည်နယ်လွှတ်တော်တွင်သာ ဝင်ပြိုင်ခဲ့သည်ကို တွေ့ရမည်။ ပြီးခဲ့သည့် ၂၀၁၀ရွေးကောက်ပွဲ တုန်းကလည်း ရခိုင်ပါတီရော ရှမ်းဒီမိုကရက်တစ်ပါတီပါ ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီး ၃ နေရာစီခန့် ရထားခဲ့သည်။

တိုင်းရင်းသားပါတီများအဖို့ မိမိပြည်နယ်အကျိုးသည် ဦးစားပေးဖြစ်ရာ သူတို့ပါတီမှ ဝန်ကြီးချုပ်ဖြစ်လျင် သူတို့ပြည်နယ်အတွက် ပိုလုပ်နိုင်မည်ဟု ယူဆပေလိမ့်မည်။ ဝန်ကြီးချုပ်နေရာမပေးတောင် ဝန်ကြီးနေရာ ပိုပေးခြင်းလည်း ဖြစ်နိုင်သည်။

ဤသို့သော အခြေအနေတွင် NLD အတွက်လွှတ်တော်တွင်း တပ်ပေါင်းစု မည်သို့ဖွဲ့မည်နညိးဆိုသည်မှာ အရေးကြီးပေသည်။ တစည NDF တို့မှ အမတ်များအရွေးခံရပါက NLD နှင့်မပေါင်း

ဘို့ရာနှုံးများသည်။ ထို့ပြင် ပြည်ခိုင်ဖြိုးနှင့်အပြိုင်ကြဲရမည့် တိုင်းရင်းသားပါတီများကို စည်းရုံးနိုင်ရေးမှာလည်း တပ်ပေါင်းစု ပေါ်လစီမှန်ဘို့လိုနေသည်။

သို့သော် လက်ရှိ NLD တလျောက်လုံးလက်တွဲလာသည့် ၈၈ ငြိမ်းပွင့်လို အဖွဲ့ဖြစ်စေ ပြည်သူကြားသြဇာရှိသော တသီးပုဂ္ဂလ ဒီမိုကရက်များကိုဖြစ်စေ နေရာမပေးသောတပ်ပေါင်းစုအမြင်နှင့် မကြည့်ဘဲ သာမန် bottom line က ထား၍စဉ်းစားသော NLD ၏သဘောထားသည် တိုင်းရင်းသားပါတီများပေါ် ကြီးစွာ

ဂယက်ရိုက်နေသည်။ ဆိုရလျင် NLD ၏ တပ်ပေါင်းစုပေါ်လစီ အစချီချက်ကား စကတည်းကလွဲချော်နေပြီဟု ဆိုရမည်။

NLD အနေနှင့် ၂၀၁၅ ရွေးကောက်ပွဲအလားအလာကို မှန်ကန်စွာသုံးသပ်ပြီး တပ်ပေါင်းစုပေါ်လစီကို အလေးထား လက်တွေ့ဆောင်ရွက်ဘို့လိုပြီဟု ယူဆပါသည်။ယခုတော့ မိမိနှင့် တလျောက်လုံး လက်တွဲလာသည့် ၈၈ ငြိမ်းပွင့်မှသူများအား၎င်း ပြည်သူများတွင်း လူကြိုက်နှုံးများသောသူများအား၎င်း နေရာ

ပေးရန် ငြင်းပယ်ခြင်းသည် စထဲက ယဉ်သကိုဟုဆိုရပေမည်။ NLD ၏ တပ်ပေါင်းစုပေါ်လစီလွဲနေပြီဟု ဆိုရပေမည်။

(ဆက်လက်ဖေါ်ပြပါမည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မောင်မောင်စိုး – NLD အမတ်လောင်း လူထုကြားမှမှဂယက်နှင့် တပ်ပေါင်းစုပြသနာ ( ဒုတိယပိုင်း )
  1. The following is my analysis for the coming election in Burma:

    As all of us knew, 25% military seats are already reserved for them. From the rest 75%, about 35% will be going to 7 ethnic minority states. So, only 45% remain for the 7 divisions where Bamas are majority (the so-called Burma proper).

    In my opinion, NLD will win in 7 divisions, but not landslide like in 2012 by- election. If NLD want to form a government, they need the help of ethnic national parties to get more than 50% seats. They must be clever by handling with ethnic national parties to form a coalation govt..

    The hadicaps of NLD are:

    (1) Many Rakhines do not trust NLD. Especially in the north, NLD has no chance against ANP. The allaince between NLD and ALP is not yet declared like NLD and ALD did in the 1990 elections. Hence, in Southern Arakan NLD has to struggle against ANP. The votes will be seperated. It cannot be ruled out that USDP can become the ‘lucky winner’ for some seats.

    (2) In Shan State too, NLD has to struggle against Shan parties. Even in 2012 by election NLD lost to SNDP. The allaince between NLD and SNLD is not yet declared like the way they did in 1990 election.

    (3) Some Kachins do not like DASSK because she never gives her opinion on the war in Kachin state. Majority of Chins and Karens too are Christians and they can show their solidarity with Kachins.

    (4) Apart from that Karens were upset of DASSK and NLD because of the way they treated Mutu Saypho, the veteran Karen leader. When that old man made a courtesy call to DASSK, he had to wait at the portico of DASSK’s house because neither Daw Suu Kyi nor any NLD member came and greeted them although DASSK personally greeted foreigners immediately.

    (5) In any case, NLD and DASSK need the help of ethnic national parties to form a new coalation government. So, they have to change their tactics and strategies from now !

    In my opinion NLD should not participate in 7 ethnic states, instead NLD should form allaince with ethnic national parties like the way U Nu and his party did in 1956 and 1960 elections.

    In the mean time, the ruling USDP party will try their best to get at least 15% in ‘Burma Proper’. If they get 20% in 7 Bama divisions, then, with the help of 25% military seats, they have 45% already. Then, they will try to persuade ethnic national parties by giving all promises like federal states, more autonomy etc. etc., to get the rest 5 to 6%. Then, they can form the government.

    Especially in the Rakhaing State, USDP will use Bengali issue as a ‘hidden card’ in poker game. In the 7 divisions (Burma proper) as well as in Buddhists states like Shan, Kayah, Mon and some Buddhist parts of Karen state, (ie.all Buddhists Areas) they can expect the help of ‘Ma Ba Tha’ Monks.

    Then, they can still be in power!

  2. I come to conclude that NLD Party Central Committee has been infiltrated by the pro-military or pro-USDP party to create such a confusion and to reduce the possibility of landslide victory. I am desperate and quite discouraged already. Everyone knows that Unity of the Democratic forces is vital and important in order to overcome the destructive forces. I pity the country and the people. How long do we have to wait for? Or have you already made a pact or understanding with the Military and USDP?

Comments are closed.