သတင်းပဒေသာ

၂၀၁၅ ရွေးကောက်ပွဲအလွန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါတီနိုင်ငံရေးသို့ ချဲ့ထွင်ရန် ဆွေးနွေးဟု ဆို

88 Generation – Facebook Page

၂၀၁၅ ရွေးကောက်ပွဲအလွန် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ပါတီနိုင်ငံရေးသို့ ချဲ့ထွင်ရန် ဆွေးနွေးဟု ဆို

(မိုးမခ) သြဂုတ် ၇၊ ၂၀၁၅

 

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကွန်ယက်များ စုံညီတွေ့ဆုံဆွေးနွေးပွဲ ဒုတိယနှင့် နောက်ဆုံးနေ့အဖြစ်  သြဂုတ်လ ၆ ရက်နေ့က ၎င်းတို့ ရုံးခန်းမမှာ ကျင်းပခဲ့ကြပါတယ်။

ကိုကိုကြီးမှ “အကူးအပြောင်းကာလ နိုင်ငံရေးသဘာဝ” ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့တယ်လို့ ၈၈ မျိုးဆက် (ငြိမ်း ပွင့်) ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

တက်ရောက်လာသော ကွန်ယက်ကိုယ်စားလှယ်တွေက အောက်ပါ အကြောင်းအရာတွေကို ဆွေးနွေးကြတယ်လို့လည်း ဖော်ပြထားပါတယ်။

(၁) ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ၏လက်ရှိနိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်မှုအခန်းကဏ္ဍနှင့် ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)၏ အနာဂါတ်ရည်မှန်းချက်များ

(၂) ၈၈ မျိုးဆက် အနေဖြင့် ပါတီထောင်သင့်သောအကြောင်း/ ပါတီထောင် လျှင် ဘယ်လိုမှုဝါဒတွေနဲ့သွားမလဲ

(၃) ၈၈ မျိုးဆက် အနေဖြင့် ပါတီမထောင်သင့်သောအကြောင်း/ မည်သည့် ပုံစံဖြင့်ဆက်လက်ရပ်တည်မလဲ

(၄) ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) အနေဖြင့် လွှတ်တော်ပြင်ပနိုင်ငံရေး အင်အားစုကြီးအဖြစ်ဆက်လက်ရပ်တည်ပြီး ရွေးကောက်ပွဲပြီးတဲ့အခါ ၈၈ မျိုးဆက်(ငြိမ်း/ပွင့်) ကို ယခုထက်အင်အားကြီးမားအောင်တိုးချဲ့သင့်

စသည့် ခေါင်းစဉ်များဖြင့် အဖွဲ့လိုက်ဆွေးနွေးချက်များကို ပြန်လည် ရှင်းလင်းမှုများ ပြုလုပ်ခဲ့သည်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေက NLD ပါတီခေါင်းစီးအောက်မှ မဟုတ်ဘဲ သီးခြား လွတ်လပ်တဲ့ ပါတီနိုင်ငံရေးအဖွဲ့အစည်းတရပ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲလွန်ကာလမှာ ထူထောင် ရပ်တည်သွားဖို့ လူထုကို ဦးဆောင်ရာမှာ အရေအတွက်ထက် အရည်အချင်းကို အားကိုးပြီး ဆောင်ရွက်ကြဖို့ စသည်တို့ကို ဆွေးနွေးကြတယ်လို့လည်း ကြားသိရပါတယ်။

ယခု ၂၀၁၅ ရွေးကောက်ပွဲကာလ NLD  ပါတီ၏ ခေါင်းစီးဖြင့် ကိုယ်စားလှယ်ရွေးချယ်မှုများ ထုတ်ပြန်အပြီး ၈၈ မျိုးဆက်တွေဟာ သူတို့တွေ တင်သွင်းခဲ့တဲ့ အမည်တွေ NLD အမတ်လောင်း စာရင်းထဲ မပါသော်ငြား NLD ရွေးကောက်ပွဲ အနိုင်ရရေးကိုပဲ အတူ လက်တွဲ ဆောင်ရွက်ရပ်တည်ပေးမယ့် သဘေထားရှိပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၈ မျိုးဆက်တွေကိုယ်တိုင် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းလည်း မရှိသေးပါဘူး။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts