သတင်းပဒေသာ

Myanmar NOW သတင်းအေဂျင်စီ လာပြီ

Myanmar NOW သတင်းအေဂျင်စီ လာပြီ

(မိုးမခ) သြဂုတ် ၅၊၂၀၁၅

လက်ခံရရှိတဲ့ သတင်းထုတ်ပြန်ချက်မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြန်မာသတင်းတွေ မြန်မာ၊ အင်္ဂလိပ် ၂ ဘာသာနဲ့ စုစည်း ရေးသား စုံစမ်း ဖော်ပြမှာ ဖြစ်တဲ့အပြင် ကြိုက်နှစ်သက်ရာ သတင်းဆောင်းပါးတွေကို လွတ်လပ်စွာ ကူးယူ ဖြန့်ချိခွင့်ပြုထားပါတယ်။ သူတို့ဆီက ကော်ပီရိုက်နှင့်အညီ ကူးယူပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

လေးစားရပါသောမီဒီယာမိတ်ဆွေများရှင့်

ကျွန်မတို့၊ ကျွန်တော်တို့၏ Myanmar Now သတင်းအေဂျင်စီသည် မနက်ဖြန် သြဂုတ်   ၆ (ကြာသ ပတေးနေ့) မှ စတင်ပြီး သတင်းများ ရေးသားဖြန့်ဝေပါမည်။

ကြာသပတေးနေ့မှာ အစပြုမယ့် Myanmar Now သတင်းအေဂျင်စီနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ  ပို့လိုက်ပါတယ်။ သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံတွေကို မကြာခင် ဆက်လက် ပေးပို့မှာ ဖြစ်ပါတယ်။

Myanmar Now ၏ သတင်းများ၊ ဓာတ်ပုံများကို စည်းမျဉ်းစည်းကမ်းများအတိုင်း အခမဲ့ အသုံးပြုနိုင်ပါသည်။

အသုံးပြုသည့်အခါ Myanmar Now အမည်ကို ဖော်ပြပေးရပါမည်။

ကျွန်မတို့၊ ကျွန်တော်တို့နှင့် ပူးပေါင်းလုပ်ကိုင်လိုသော မီဒီယာအဖွဲ့များကိုလည်း ဖိတ်ခေါ်ပါသည်။

လေးစားစွာဖြင့်

Thin Lei Win

Chief Correspondent

Myanmar Now

e-mail:- thin.leiwin@myanmar-now.org

mobile:- +95 (0) 99 7330 5673

website:- www.myanmar-now.org

Myanmar Now ၏ ရေးသားဖော်ပြချက်များကို အသုံးပြုခြင်း

ပြန်လည်ဖော်ပြခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်း Myanmar Now သည် အရည်အသွေးမြင့်မားပြီး၊ ဘက်မလိုက်သော သတင်းများကို ရေးသားဖြန့်ဖြူးပေးခြင်းဖြင့် မြန်မာနိုင်ငံရှိ မီဒီယာလုပ်ငန်းများအား အထောက်အကူပြုသွားရန် ရည်ရွယ်သည်။ ထို့ကြောင့် Myanmar Now ၏ မူပိုင်ဖြစ်သော သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံများကို စာနယ်ဇင်းမီဒီယာလုပ်ငန်းများတွင်  အသုံးပြုကြပါရန် တိုက်တွန်းအပ်ပါသည်။

Myanmar Now ၏ အင်တာနက်ဝက်ဆိုက်တွင်  အခြားအဖွဲ့အစည်းများမှ အကြောင်းအရာတို့ကို အသုံးပြုဖော်ပြသည်များရှိသော်လည်း “Myanmar Now ၏” ကိုယ်ပိုင်အမှတ်အသားပြုထားသည့် အကြောင်းအရာများကိုသာ ရယူအသုံးပြုပါ။

အကြောင်းအရာတစ်ရပ်ရပ်ကို ကူးယူသည့်အခါ အသုံးပြုရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ ကဏ္ဍ (Terms of Use section) ပါ သတ်မှတ်ချက်များအတိုင်း ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ Myanmar Now ၏ မူပိုင်ခွင့် မူဝါဒကို အောက်တွင် ထပ်မံဖော်ပြထားပါသည်။

အသုံးပြုလိုသည့် အကြောင်းအရာများအတွက် Myanmar Now သို့ contact@myanmar-now.org  အီးမေးလ်လိပ်စာဖြင့် ဆက်သွယ်နိုင်ပြီး အမြန်ဆုံး ပြန်လည် အကြောင်းပြန်ပါမည်။

RSS feed Myanmar Now မှ အကြောင်းအရာများကို ပြန်လည်အသုံးပြုရန် အလွယ်ကူဆုံးနည်းလမ်းသည် RSS feed သို့ ဝင်ရောက် တောင်းယူခြင်းဖြစ်သည်။

မိမိတို့၏ အီးမေးလ်နှင့် ဝက်ဘ်ဆိုက်အတွင်းသို့ တိုက် ရိုက်ရောက်ရှိလိုပါက http://www.myanmar-now.org/data/feed/rss/ သို့ ဝင်ရောက် တောင်းယူနိုင်သည်။

ဝက်ဘ်ဆိုက်မှ တိုက်ရိုက်ဆွဲယူနိုင်ရန် စနစ်တစ်ခုကို မကြာမီ ထည့်သွင်းမည်ဖြစ်သောကြောင့် ယခုနေရာကို စောင့်ကြည့်ပေးပါ။

အသိအမှတ်ပြုဖော်ပြခြင်း

Myanmar Now ၏ အင်တာနက်စာမျက်နှာတွင် ထုတ်ဝေထားသော အကြောင်းအရာများကို ပြန်လည်ဖော်ပြသည့်အခါ ယင်းအကြောင်းအရာ၏ အင်တာနက်လိပ်စာ URL အား ဖော်ပြပေးခြင်း သို့တည်းမဟုတ် လင့်ခ်ပေးခြင်းဖြင့် အပြည့်အဝ အသိအမှတ်ပြုဖော်ပြရမည်။ မူရင်းအကြောင်းအရာအား Myanmar Now တွင် ဖော်ပြခဲ့သည့် နေ့ရက်ကိုလည်း ထည့်သွင်းပေးရမည်။ အောက်တွင် ဖော်ပြထားသည့် မူပိုင်ခွင့်ဆိုင်ရာ သတိပေးချက်များကိုလည်း လိုက်နာပေးရပါမည်။

မူပိုင်ခွင့်

Copyright Myanmar Now 2015 (Myanmar Now ၂ဝ၁၅ မူပိုင်ခွင့်)။ Myanmar Now သည် ကိုယ်ပိုင်သတင်းဆောင်းပါးစသည်များ (Myanmar Now Content) ကို ထုတ်လုပ်သကဲ့သို့ အခြားသောသူများပိုင်ဆိုင်သော အကြောင်းအရာများကိုလည်း အသုံးပြုသည်။ Myanmar Now အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော အကြောင်းအရာအားလုံးသည် Myanmar Now က မူပိုင်ဖြစ်၍သော်လည်းကောင်း သို့တည်းမဟုတ် အသုံးခွင့်ပြုချက် ရထားသည် ဖြစ်၍သော်လည်းကောင်း၊ ထိုအကြောင်းအရာအားလုံးသည် မြန်မာနိုင်ငံနှင့် နိုင်ငံတကာ မူပိုင်ခွင့်ဥပဒေသများဖြင့် ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသည်ဟု ယူဆရမည်။ မိမိတို့နှင့် မိမိတို့ကို အကြောင်းအရာတစ်ခုခုအား သုံးစွဲခွင့်ပြုပေးထား သူများက Myanmar Now က ဖော်ပြသည့်အကြောင်းအရာများနှင့် ပတ်သက်၍ မူပိုင်ခွင့်အားလုံးကို ထိန်းသိမ်းလိုက်နာသည်။ Myanmar Now နှင့် ၄င်းအား အသုံးပြုခွင့်လိုင်စင်ပေးထားသူအားလုံးသည် Myanmar Now ၏ အချက်အလက် အကြောင်းအရာအားလုံး (Myanmar Now Content) ကို မူပိုင်ခွင့်ရရှိထားသူများဖြစ်သည်။

Myanmar Now က ရေးသားဖော်ပြထားသည့် အကြောင်းအရာများကို ပြန်လည်ဖော်ပြခြင်း၊ ရေးသားခြင်း၊ ထုတ်လွှင့်ခြင်း၊ ဖြန့်ချိခြင်းများ လုပ်ဆောင်ရာတွင်၊

•       Myanmar Now ၏ မူပိုင်အကြောင်းအရာအချက်အလက် ဖြစ်ရမည်။

•       ပြင်ဆင်ပြောင်းလဲခြင်းမပြုဘဲ တစ်ပုဒ်လုံးကို ဖော်ပြရမည်။ တည်းဖြတ်ခြင်း၊ တစ်ဆင့်ပြန်လည်ရှင်းလင်းခြင်း၊ တစ်နည်းနည်းဖြင့် ပြောင်းလဲရေးသားခြင်းတို့ မပြုလုပ်ရ။

•       မူရင်းရေးသားသူ၏အမည်၊ Myanmar Now အမည်အပြည့်အစုံ၊ မူရင်းဝက်ဘ်ဆိုက်သို့ ရောက်ရှိမည့် လင့်ခ်တို့ကို ဖော်ပြပေးရမည်။

•       Myanmar Now က ကိစ္စရပ်တစ်ခုခုအား ဆက်နွယ်ပတ်သက်ခြင်း၊ ထောက်ခံခြင်း၊ သဘောတူခြင်းစသည့် အဓိပ္ပာယ်သက်ရောက်သည့် ပုံစံမျိုးဖြင့် ဖော်ပြခြင်း မပြုရ။

•       Myanmar Now ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခြင်း သို့တည်းမဟုတ် Myanmar Now ကို မရိုးသားသည့်သဘောဖြင့် အသုံးချခြင်း မပြုလုပ်ရ။

ယခုဖော်ပြထားသောအခြေအနေများမှ သွေဖည်၍ အခြားသောနည်းလမ်းတစ်ခုဖြင့် Myanmar Now မူပိုင်အချက်အလက်၊ အကြောင်းအရာများကို သုံးစွဲလိုပါက mailto:contact@myanmar-now.org သို့ စာရေးသားပေးပို့ ဆက်သွယ်နိုင်ပါသည်။

မိမိတို့အကြောင်း နှင့် လုပ်ငန်းအဖွဲ့

Myanmar Now သည် လွတ်လပ်သည့် သတင်းဌာနတစ်ခုဖြစ်ပြီး လွတ်လပ်၊ တိကျပြီးဘက်လိုက်မှုမရှိသော သတင်းများကို မြန်မာ၊ အင်္ဂလိပ်ဘာသာတို့ဖြင့်  မြန်မာပြည်သူများအတွက် ဖော်ပြပေးလျှက်ရှိသည်။ Myanmar Now ၏ ဝက်ဘ်ဆိုက်တွင်လည်း မြန်မာနိုင်ငံမှ ဂျာနယ်လစ်များအတွက် အခမဲ့ လေ့ကျင့်ပေးမှုနှင့် လုပ်ငန်းကျွမ်းကျင်မှုရှိလာစေမည့် အကြောင်းအရာများကို ထည့်သွင်းပေးထား သည်။

မြန်မာနိုင်ငံသားများနှင့် မီဒီယာလောကအတွက် ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲပြီးနောက် ယုံကြည်အားထားလောက်သည့် အချက်အလက်များကို ရယူ ဖတ်ရှု နိုင်စေရန် Myanmar Now ကို ထူထောင်ထားခြင်းဖြစ်သည်။

Myanmar Now ကို ပံ့ပိုးကူညီထားသည့် အဖွဲ့အစည်းမှာ Thomson Reuters Foundation ဖြစ်ပြီး မြန်မာနိုင်ငံအတွင်းမှ မီဒီယာများအတွက် ကူညီပံ့ပိုးပေးရေးအစီအစဉ်များအနက်မှ တစ်ခုဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts