Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မီဒီယာကျင့်ဝတ် ဟောပြောပွဲ – MJA မှာ ပြုလုပ်လျက်ရှိ

ဦးမောင်မောင်ဝင်း (ရှေ့နေမောင်ကံ ) ဟောပြောစဉ် (ရန်နောင် ဓာတ်ပုံ)

မီဒီယာကျင့်ဝတ် ဟောပြောပွဲ – MJA မှာ ပြုလုပ်လျက်ရှိ

ရန်နောင် (ဗိုလ်တထောင်) မေ ၂၀၊ ၂၀၁၄

စတုတ္ထမဏ္ဍိုင်၏ ဘက်တော်သားများ ဖြစ်သည့် မီဒီယာသမားများ အထူးသိသင့်သိထိုက်သော လူနှင့် လူ့ပတ်ဝန်းကျင် ၊နေ့စဉ်သုံး ဥပဒေများနှင့် သတင်းထောက်ကျင့်ဝတ်ဆိုင်ရာများဆောင်ရန်ရှောင်ရန် ကဏ္ဍအလိုက် အထူးဟောပြောချက်များကို  ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းအလယ် ၊အခန်းအမှတ် (၁၇၃/၁၇၅) ၊အခန်းအမှတ် (၆၀၃ ) တွင်တည်ရှိသော မြန်မာနိုင်ငံသတင်းစာဆရာများအသင်းရုံးခန်းတွင်၂၀၁၄ ခုနှစ် မေလ ၁၇ ရက်နေ့က  ကျင်းပပြုလုပ်ခဲ့သည် ။

အဆိုပါဟောပြောပွဲတွင်  ရှေးဦးစွာ သတင်းစာဆရာကြီးဖိုးသောကြာ(ဦးခင်မောင်လေး )မှ သတင်းစာဆရာတယောက် ဘဝနှင့်ပတ်သက်၍ သိကောင်းစရာများကိုပြောပြခဲ့ပြီး  ဦးမောင်မောင်ဝင်း (ရှေ့နေမောင်ကံ ) တရားလွှတ်တော်ရှေ့နေ ၊မဏ္ဍိုင်ဥပဒေမဂ္ဂဇင်းအယ်ဒီတာချုပ် ကမီဒီယာလောကအတွက် ပြောပြစရာဥပဒေများ ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပါသည်။

မေလ ၂၄ ရက်တွင်ကိုယ်ခံပညာ ဥပဒေ ခေါင်းစဉ်ဖြင့် ဦးသန်းဝင်း (ဇေယျမင်းမင်းဝင်း ) လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း)  စုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ လည်းကောင်း ၊ မေလ ၃၁ရက်နေ့တွင် ရှုပ်ထွေးလှတဲ့ မူးယစ်ဆေးဝါးဥပဒေများ ခေါင်းစဉ်ဖြင့် ဦးဥာဏ်ဝင်း (ဦးအာကာ ) ညွှန်ကြားရေးမှူး (ငြိမ်း) တရားရုံးချုပ်၊ တရားလွှတ်တော်ရှေ့နေ တို့က ဟောပြောကြမည်ဖြစ်သည်။

စိတ်ပါဝင်စားသူ သတင်းထောက်များနှင့် အခြားမည်သူမဆို လွတ်လပ်စွာ လာရောက်နားထောင်ရင်းဗဟုသုတ ယူနိုင်ကြောင်း သတင်းရရှိပါသည် ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts