Uncategorized

မိုးမခအထောက်တော် – ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ အမေရိကန်တွင် ကျင်းပမည် (သတင်း)

ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ အမေရိကန်တွင် ကျင်းပမည်
မိုးမခအထောက်တော်
အောက်တိုဘာ ၂၃၊ ၂၀၁၃


ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲတခုကို လာမည့် နိုဝင်ဘာလ ၂ ရက် စနေနေ့ တွင် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အမာရီလိုမြို့ တွင် ကျင်းပပြုလုပ်ရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။
ရန်ပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲကို Gamboa’s Ballroom No. 4418 E. Amarillo Blvd Amarillo, TX 79107 တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရှိရသည်။
နာမည်ကြီး ကရင်အဆိုတော်များဖြစ်ကြသည့် James, Mahleree နှင့် Marvellous တို့ နှင့်အတူ အမာရီလိုအခြေစိုက် ကရင်တိုင်းသားများလူငယ်တချို့ နှင့် ဖွဲ့ စည်းထားသည့် တီးဝိုင်းတို့ ဖျော်ဖြေတင်ဆက်သွားရန် စီစဉ်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။
ကရင်အဆိုတော်များဖြစ်ကြသည့် James နှင့် Mahleree တို့ သည် အမေရိကန်ပြည်ထောင်စုတွင် အခြေချနေထိုင်လျက်ရှိပြီး Marvellous မှာ မြန်မာနိုင်ငံမှနေ အမေရိကန်ပြည်ထောင်စုသို့ အထူးဧည့်တော်အနေဖြင့် လာရောက် ဖျော်ဖြေမည်ဟု စုံစမ်းသိရှိရသည်။
၎င်းအဆိုတော် ၃ ဦးစလုံးသည် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ စင်တင်တေးဂီတဖျော်ဖြေပွဲတွင် မေတ္တာဖြင့် အခမဲ့လာရောက် ဖျော်ဖြေကြမည်ဖြစ်သည်ဟု သိရှိရသည်။
အဆိုပါ ဂီတဖျော်ဖြေပွဲမှာ အမာရီလိုမြို့ တွင် ပထမဦးဆုံးအကြိမ်မြောက် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ ပွဲတော်ဖြစ်ကြောင်း သိရှိရသည်။
ကရင်နှစ်သစ်ကူးပွဲတော် ဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေရေး စင်တင်တေးဂီတ ဖျော်ဖြေပွဲအစီအစဉ်တွင် ကရင်ရိုးရာနှင့် လူမျိုးပေါင်းစုံ နှစ်သက်သော အစားအစာများကို ရန်ပုံငွေရရှိရန် ရောင်းချသွားမည်ဟု သိရှိရသည်။
ပွဲကြည့်လက်မှတ်တစ်စောင်လျင် လူကြီး ဒေါ်လာ ၂၀ နှုန်း သတ်မှတ်ထားပြီး ကျောင်းသား/ကျောင်းသူများအတွက် ဒေါ်လာ ၁၀ နှုန်းစီ သတ်မှတ် ရောင်းချလျက်ရှိရာ လက်မှတ်များကို အမာရီလိုမြို့ (Amarillo) နှင့် ဒူးမာ့စ် (Dumas) မြို့ ရှိ မြန်မာကုန်စုံဈေးဆိုင်များတွင် ၀ယ်ယူရရှိနိုင်ကြောင်း စုံစမ်းသိရှိရသည်။
အမာရီလိုမြို့ နှင့် အနီးတ၀ိုက်တွင် ကရင်တိုင်းရင်းသားများ ထောင်နဲ့ ချီ အခြေချ နေထိုင်လျက်ရှိပြီး ရန်ပုံငွေရှာဖွေရေး ဖျော်ဖြေပွဲသို့  မြန်မာတိုင်းရင်းသားများအပါအ၀င် ကရင်တိုင်းရင်းသားများ လူဦးရေ ၅၀၀ ခန့် တက်ရောက် ဆင်နွှဲလာနိုင်မည်ဟု ခန့် မှန်းထားကြောင်း ပွဲစီစဉ်သူများက မိုးမခကို ခန့် မှန်းပြောဆိုသည်။
ကရင်တိုင်းရင်းသားများသည် ပြာသိုလဆန်း ၁ ရက်နေ့ကို ကရင်နှစ်သစ်ကူးနေ့အဖြစ် တရားဝင် သတ်မှတ်ထားပြီး လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့မှာ ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်၏ နှစ်သစ်ကူးနေ့ ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု၏ ချမ်းအေးလွန်းသည့် ရာသီဥတုကြောင့် ကရင်နှစ်သစ်ကူးပွဲတော်ကို ပူပြင်းသည့် လတွင် ပြောင်းရွှေ့ ကျင်းပရန် ပြင်ဆင်ထားကြောင်း ကရင်နှစ်သစ်ကူးပွဲတော်ဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောကြားသည်။

ကရင်သက္ကရာဇ် ၂၇၅၃ ခုနှစ်အတွက် ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်ကို ကရင်ပြည်နယ်အတွင်း မြို့နယ် ၅ မြို့နယ် စုပေါင်း ကျင်းပနိုင်ရန် စီစဉ်နေကြကြောင်းလည်း ကေအိုင်စီ သတင်းဌာနတွင် ဖော်ပြထားသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts