သူတို့အာဘော် မောင်မောင်စိုး

မောင်မောင်စိုး – အရေးပေါ်ရံပုံငွေနှင့် နိုင်ငံတကာအကူအညီ

မောင်မောင်စိုး – အရေးပေါ်ရံပုံငွေနှင့် နိုင်ငံတကာအကူအညီ
(မိုးမခ) သြဂုတ် ၄၊ ၂၀၁၅

အရေးပေါ်ရံပုံငွေ

မြန်မာနိုင်တဝှမ်း တိုငှ်းင့်ပြည်နယ် ၁၁ ခုတွင် မိုးကြီးခြင်း လေပြင်းတိုက်ခြင်း ရေကြီးခြင်း မြေပြိုခြင်းတို့ ဖြစ်ပွါးနေသည်မှာ ၁၅ ရက်ခန့်ရှိသွားပြီဖြစ်သည်။ သို့သော်ထိုအခြေအနေသည် လောလောဆယ်ရပ်တန့်ရန်မလွယ်သေးဟု မိုးလေဝသကျွမ်း ကျင်သူများက ညွှန်ပြသည်။ နောက်ရက်အနဲငယ် ဆက်ကြုံနေရ မည်ဟုဆိုသည်။

မြန်မာပြည်အထက်ပိုင်း ကောလင်း ကန့်ဘလူဒေသ ကလေးမြို့ ပွင့်ဖြူ စေတုထ္ထရာ တို့တွင် ဆိုးဆိုးဝါးဝါးရေကြီး ရေလျံမှုများအပြင် ချင်းပြည်နယ် ဟားခါးမြို့မှာ တောင်ပြိုမှု ကြောင့် အိမ်များပျက်စီးသည့်အပြင် မြို့၏ သုံးပုံနှစ်ပုံခန့် ပြောင်း ရွှေ့နေရသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင်လည်း ရေကြီး ရေလျံ၍ ရွာလုံးကျွတ်ထွက်ပြေးနေရသည်။ ရခိုင်ပြည်နယ် အစိုးရ၏ တရားဝင်ပြောကြားချက်အရပင် ရေဘေးဒုက္ခသည် တစ်သောင်းကျော်နေပြီဖြစ်သည်။ သေဆုံးသူများ ရှိသော်လည်း အတည်ပြု၍မရသေးပေ။ နာဆာ၏ ဂြိုလ်တုဓါတ်ပုံအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနှင့် ချင်းပြည်နယ်တောင်ပိုင်းတွင် ထပ်မံ၍ မြေပြိုနိုင်သည်ဟု မိုးဇလပညာရှင် ဦးထွန်းလွင်က ဆိုပါသည်။ ထိုအရပ်ဒေသများတွင် လမ်းပမ်းဆက်သွယ်ရေးများပြတ် တောက်ပြီး ရိက္ခာများပြတ်လတ်မှုဖြစ်နေသည်။ ရွာလုံးကျွတ် မြို့လုံး ကျွတ် ရေမြုပ်နေသကဲ့ လယ်ဧကပေါင်းများစွာလည်း ရေနစ်မြုပ် နေသကဲ့သို့ ခိုင်းကျွဲ ခိုင်းနွားများလည်းပျောက်ဆုံး သေဆုံးမှု များ ဖြစ်နေသည်။

လက်ရှိအစိုးရ၏ တရားဝင်ကြေငြာချက်အရ ရေဘေးကြောင့်သေဆုံးသူ ၂၇ ဦးရှိနေပြီဖြစ်၏။ အတည်မပြုရ သေးသည်များကျန်နေသေးသည်။တပြည်လုံးတွင် လက်ရှိရေဘေး ဒုက္ခသည် တသိန်းကျော်နေပြီ ဟုဆိုပါသည်။ ထပ်မံတိုးပွါးလာ မည့် အလားလာများလည်းတွေ့နေရသည်။

ဤသို့သောအခြေအနေအောက်တွင် ကယ်ဆယ်ရေးလုပ်ငန်း များ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်သည့်ဒေသများသို့ ရိက္ခာ ရေသန့်ပို့ပေးနိုင်ရေး နောက်ဆက်တွဲရောဂါဘယဖြစ်ပွါးမှု များအတွက်ကြိုတင်ပြင်ဆင်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း များ များစွာလုပ်ဆောင်ရန် ကျန်နေသကဲ့သို့ ထိုသို့လုပ်ဆောင်ရန် အရေးပေါ်ရံပုံငွေ တရပ် သတ်မှတ်ကြေငြာ သုံးစွဲရန်လိုအပ်နေပေပြီ။

နိုင်ငံတိုင်းသည် သဘာဝဘေးအန္တရယ်များကို ရှေင်လွှဲ၍မရပါ။ သို့သော် နိုင်ငံအစိုးရက ထိုအန္တရယ်ကိုမည်သို့ ကိုင်တွယ်ဖြေရှင်း မည်ကသာ အရေးကြီးသည်။နိုင်ငံတိုင်းသည် သဘာဝဘေးအန္တ ရယ် ကြုံတွေ့ပါက အရေးပေါ်ရံပုံငွေတရပ် သတ်မှတ်ကြေငြာပြီး သုံးစွဲကြသည်သာဖြစ်သည်။ မြန်မာအစိုးရကား ယခုတိုင်မကြေငြာ သေး။ ရခိုင်ပြည်နယ်အမျိုးသားပါတီကမူ ယမန်နေ့က အရေးပေါ် ရံပုံငွေ သတ်မှတ်ပေးရန်တောင်းဆိုသည်ကို တွေ့ရသည်။ ကျန် သည့်နိုင်ငံရေးပါတီများလည်း အစိုးရအား ရေဘေးဒုက္ခသည်များ အတွက် အရေးပေါ်ရံပုံငွေ သတ်မှတ်ကူညီရေး ကြေငြာချက်များ ထုတ်ပြန် တောင်းဆိုသင့်ပေသည်။

ဦးအောင်သောင်း သေလျင်ပင် အရေးကြီးအဆိုတင်၍ ဝမ်းနည်းတတ်သော လွှတ်တော်ကြီးအနေနှင့်လည်း လူသိန်းချီ ရေဘေးဒုက္ခသည်ဖြစ်ပြီး လူဆယ်အချို့သေဆုံးနေသည့် ဤအရေး အား လစ်လျူရှု မနေဘဲ အရေးကြီးအဆိုတင်သင့်ပေပြီ။

ဘတ်ဂျက်ကို လက်လှမ်းမှီသူများက သမတ၏ အရန်ရံပုံငွေ ထဲက သုံးဖို့လိုသည်ဟုဆိုသည်။ ဘတ်ဂျက်အားလက်လှမ်းမမှီသူ များကတော့ ဇာတ်ရုံနှစ်ရုံဆောက်မည့်ငွေများအား ကယ်ဆယ် ရေးမှာ သုံးပါဟုဆိုသည်။ မည်သည့်နေရာက သုံးသုံး အရေးပေါ် ရံပုံငွေ သတ်မှတ်သုံးစွဲဘို့လိုသည်။

တိုင်းသူပြည်သားများ၏ အလှူငွေသက်သက်ကိုသာအားကိုး နေရုံဖြင့် မဖြစ်နိုင်ပေ။  အစိုးရ၏ ငွေလုံးငွေရင်း သုံးစွဲမှုဖြင့် အစိုးရတရပ်၏ တာဝန်ယူမှု တာဝန်ခံမှုကို ပြသဘို့လိုသည်။

နိုင်ငံတကာအကူအညီ

လက်ရှိရေဘေးနှင့် ပတ်သက်ပြီး UNOCHA ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံးက မြန်မာ ရေဘေးအား ကူညီမှုများစတင်နေပြီဟုဆိုသည်။ အပျက်အစီး များနှင့်ပတ်သက်ပြီး ထပ်မံစစ်တမ်းကောက်ခါ ဆက်လက်ကူညီ မည်ဟုဆိုသည်။ သို့သော်ယခုအချိန်ထိ အစိုးရက ရေဘေးနှင့်ပတ်သက်၍ နိုင်ငံ တကာအကူအညီတောင်းခံခြင်းပြုသည်ကိုမတွေ့ရပေ။ မိမိတိုင်း ပြည်ထက်များစွာချမ်းသာသော တရုတ်သည်ပင်လျင် စစ်ချွမ်း ငလျင်ဘေး၌ နိုင်ငံတကာအကူအညီယူခဲ့သေးသည်။ မိမိတို့ ဆင်းရဲသည့်နိုင်ငံအနေနှင့် UN အာဆီယံနှင့် ဖွံ့ဖြိုးပြီးနိုင်ငံကြီးများ မှ အကူအညီယူရေး နောက်မတွန့်သင့်ပေ။

နိုင်ငံတကာမှ ချေးငွေယူနေရသော ပြန်မဆပ်နိုင်၍ လျှော်ခိုင်းရ သောနိုင်ငံအစိုးရအနေနှင့် မိမိပြည်သူများ ဒုက္ခရောက်နေချိန်မှ နိုင်ငံတကာအကူအညီတောင်းဖို့ လက်တွန့်နေသည်မှာ အံ့သြ ဘွယ်ဖြစ်သည်။

နာဂစ် တုန်းကလည်းဤသို့ပင်ဖြစ်ခဲ့သည်။ နိုင်ငံတကာက ကူပါမည်ဆိုတာတောင် လက်မခံခဲ့။ ဖိအားများ လာမှသာ နာဂစ်ဖြစ်ပြီး ၇ ရက်ခန့်ကြာမှ အကူအညီ စလက်ခံခဲ့ သည်။ အဘယ်ကြောင့်ပါနည်း ။ အကူအညီနှင့်အတူ နိုင်ငံတကာ အဖွဲ့အစည်းများ ဝင်ရောက်လာမည်ကို စိုးရိမ်၍ပေလော သို့မဟုတ် မြန်မာအစိုးရ စစ်ခေါင်းဆောင်များတွင် နိုင်ငံခြားသား ကြောက်သည့်ရောဂါ စွဲကပ်နေ၍လောဟုပင် ထင်မှတ်ရသည်။

မည်သို့ပင်ဖြစ်စေ ဆင်းရဲသောနိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာ ပြည်အနေနှင့် မိမိပြည်သူများ ဘေးဒုက္ခကြုံနေရသည့်အချိန်တွင် နိုင်ငံတကာအကူအညီတောင်းခံခြင်းအား လက်မလွှတ်သင့်ဟု ယူဆရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “မောင်မောင်စိုး – အရေးပေါ်ရံပုံငွေနှင့် နိုင်ငံတကာအကူအညီ
  1. မြန်မာပြည်တွင် ဆင်ရဲမွဲတေပြီး တနေ့ထမင်းတနပ်သာ စားနေရသော အလုပ်လက်မဲ့များစွာ ရှိသည်။ ရေဘေးဒုက္ခသည် အများစုမှာ ထိုသို့သောသူများ ဖြသ်ကြသည်။ ယခု ထိုဘေးဒုက္ခသယ်များအား အစိုးရက လစ်လျူပြုခြင်း ပြည်သူလူထုကသာ ထမင်းကြွေး စောင်ရှောက်နေရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်။ အနည်းငယ် တိုးတက်လာသည်ကို တွေ့ရသည်။ ဝိသမတောကြောင်သူဌေးကြီးများ (ဥပမာ ရေဘေး ဇစ်မြစ် သစ်ခုတ်ရောင်းစားခဲ့သူများ ) ကို အရေးယူ ထိန်သိမ်းဖို့ ဖြစ်သည်။

Comments are closed.