ကဗျာ

ရွှေဂျော်ဂျော် – ကမ္ဘာကြီးရဲ့ သီချင်း ၁ ပုဒ်

  ရွှေဂျော်ဂျော် – ကမ္ဘာကြီးရဲ့ သီချင်း ၁ ပုဒ်
(သူ့ဖေ့စ်ဘွတ်ခ် / မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၅

စကတ်တိုတာလှတယ်၊
အသိဉာဏ်တိုတာ မလှဘူး၊
တရားဥပဒေလက်တံတိုတာ မလှဘူး..။
±±±±±±±±±

ပန်းကလေးတွေက
သူတို့ဘယ်လောက်လှသလဲဆိုတာ
ပွင့်ဖတ်လေးတွေ ဖွင့်
သူတို့တကိုယ်လုံး ပွင့်ပြကြမှာ..။

သင်ကသာ
သင် ဘယ်လောက် အထိမ်းအချုပ်မဲ့တယ် ဆိုတာ
ရက်စက်တဲ့ လက်သည်းရှည်တွေထုတ်
တိရစ္ဆာန်တကောင်လို ကုတ်ခြစ်မပြလိုက်နဲ့..။

ပန်းပွင့်လေးတွေက
တသက်တာ ‘လှ’ မဆုံး
သင်သာ
“ဘယ်လို မဖျက်ဆီးရဘူးလဲ? ဆိုတဲ့အကြောင်း”
(လိုအပ်ရင်)
သင့်အမေဆီမှာ ပြန်သင်လိုက်ပါဦး..။

(ခေတ်မီ၍ယဉ်ကျေးသော ကမ္ဘာဆီသို့)

ရွှေဂျော်ဂျော်
ဇူလိုင် ၂၅၊ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts