မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉ – ၂၀၁၂) အတ္ထုပွတ္တိအကျဉ်း

 

ဗိုလ်မှူးချုပ်ကျော်ဇော (၁၉၁၉ – ၂၀၁၂) အတ္ထုပွတ္တိအကျဉ်း

(မိုးမခ၊ colorful people ရာပြည့်ပြခန်း) ဇူလိုင် ၁၀၊ ၂၀၁၅ • မွေးနေ့

– ၁၉၁၉ – ဒီဇင်ဘာ – ၃ ရက်။ ဇာတိ– သာယာဝတီခရိုင်။ သုံးဆယ်မြို့။ ဆိုင်းစုရွာ။

– မိဘ – ဦးပန်း – ဒေါ်တင့်။ မွေးချင်း (၆) ယောက် – ဒုတိယသား။

• ပညာရေး

– မူလတန်း-ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်း။

———— အလယ်တန်း-သုံးဆယ်-အာရ်-စီ-အမ်ကျောင်း။ လိပ်အင်းကျောင်း။

———— အထက်တန်း-ဟင်္သတမြို့လယ်တီကျောင်းတိုက်။ ရန်ကုန်ပုဇွန်တောင်မြူနီစယ်ကျောင်း။

———— ကြည့်မြင်တိုင်အထက်တန်းဆရာဖြစ်သင်တန်း။ (ကျောင်းသားသမဂွထောင်ပြီး အတွင်းရေးမှူးတာဝန်ယူခဲ့။)

• နိုင်ငံရေး

– ၁၉၃၈ –  (၁၃၀၀ ပြည့်) အရေးတော်ပုံတွင် ပါဝင်ခဲ့။ တို့ဗမာအစည်းအရုံးကိုဝင်ခဲ့။ သခင်ရွှေဖြစ်လာ။

– ၁၉၄၁ – ဧပြီလ (၁၃) ရက်-ရဲဘော်သုံးကျိပ် ဒုတိယအသုတ်အဖြစ် ဂျပန်သို့ စစ်ပညာသင်ရန်ထွက်ခွာ။

– ၁၉၄၁ – ဒီဇင်ဘာ (၂၆) ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီ-အိုင်-အေ) ကို ဖွဲ့ စည်းရာမှာ ပါဝင်ခဲ့။ ဗိုလ်ကျော်ဇောအမည်ခံယူ။

– ၁၉၄၂ – မတ်လမှာ ဘီ-အိုင်-အေတပ်ကြီးနဲ့အတူ ရန်ကုန်ကိုပြန်လည်သိမ်းပိုက်။ အောက်ဗမာပြည်တာဝန်ခံ။

– ၁၉၄၃ – ၄၄ – ပဲခူး-စံပြကျောင်း-ကျောင်းအုပ်။

– ၁၉၄၄ – နှစ်လယ်တွင် ဗိုလ်ချုပ်အောင်ဆန်းရဲ့စေခိုင်းချက်အရ ဖတပလ (နောင်ဖဆပလ) ဖွဲ့စည်းရန် သခင်စိုးကို သွား ရောက်ခေါ်ဆောင်။ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဖြစ်။

– ၁၉၄၅ မတ်လ (၂၇) ရက်မှာစတင်ခဲ့တဲ့ ဂျပန်တော်လှန်ရေးအတွင်း တိုင်း ၄ တိုင်းမှူးဖြစ်။

– ၁၉၄၅ – သြဂုတ်လ-ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ဒုတိယကွန်ဂရက်မှာ ဗဟိုကော်မတီအဖြစ်အရွေးခံရ။ ၁၉၄၅ – စက်တင် ဘာ-ကန္ဒီစာချုပ်ချုပ်ရာမှာ ဗမာကိုယ်စလှယ်အဖြစ်ပါဝင်။

– ၁၉၄၈-၁၉၅၂ – ဗမာ့တပ်မတော် တိုင်းမှူးဖြစ်။ အင်းစိန်တိုက်ပွဲအပါအ၀င် ပြည်တွင်းစစ်အစောပိုင်းကာလများမှာ ဦးစီးတိုက် ခဲ့ရ။

– ၁၉၅၃ – ၅၆ – တရုတ်ဖြူစစ်ဆင်ရေးများ။ ဘုရင့်နောင်နဲ့ ရန်ကြီးအောင်စစ်ဆင်ရေးများ ဦးစီးတိုက်ခဲ့။

– ၁၉၅၇ ဇွန်- ဗကပနဲ့ဆက်သွယ်မှုဖြင့် တပ်မတော်မှ အငြိမ်းစားပေးခြင်းခံရ။

– ၁၉၅၈ – ၁၉၆၂ – ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့- တရုတ်ဖြူကျူးကျော်မှုနှင့် နယ်ချဲ့ဆန့်ကျင်ရေး – အမျိုးသားကော်မတီ စ သည့်အဖွဲ့များနှင့်အတူ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့။ စာအုပ်စာတမ်း အမြောက်အများရေးသားထုတ်ဝေခဲ့။

– ၁၉၆၀ – ဖေဖေါ်ဝါရီ (၆) ရက်နေ့မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ ကြည့်မြင်တိုင်တောင်ပိုင်း မဲဆန္ဒနယ်မှ “တသီး ပုဂ္ဂလ” အမတ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့။

–  ၁၉၇၆ ဇူလိုင်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီသို့ ပြန်လည်ရောက်ရှိ။ ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့။

– ၁၉၈၅-ဗမာပြည်ကွန်မြူနစ်ပါတီ တတိယအကြိမ်ကွန်ဂရက်တွင် ကွန်ဂရက်သဘာပတိအဖွဲ့ဝင်အဖြစ် တက်ရောက်ခဲ့။ ၎င်း ကွန်ဂရက်မှ ဗဟိုကော်မတီအဖြစ် အရွေးခံရ။ ဗဟိုစစ်ကော်မရှင်အဖြစ် ပြန်လည်အရွေးခံရ။ ဗဟိုစစ်ဦးစီးဌာန-ဒုတာဝန်ခံ။ ၁၉၈၉-၈- ၄ အပြီးဖွဲ့စည်းခဲ့သည့် ဒီ-ပီ-အေ (ဒီမိုကရက်တစ်ပြည်ချစ်တပ်မတော်) – တပ်မှူး။

– ၁၉၉၀ – တရုတ်ပြည်မှာရောက်ရှိအနားယူ။ နိုင်ငံခြားရှိ သတင်းမီဒီယာများနဲ့ တွေ့ဆုံမေးမြန်းခန်းများပြုလုပ်ပြီး ဗမာပြည် သမိုင်းကြောင်းများ ပြောပြမှတ်တမ်းတင်ခဲ့။ စာအုပ်စာတမ်းများလည်းရေးသားထုတ်ဝေခဲ့။

– ၂၀၀၃ – ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိကို အပိုင်းလိုက် စတင်ရေးသား။

– ၂၀၀၇- ကိုယ်တိုင်ရေးအတ္ထုပွတ္တိ အပြည့်အစုံစာအုပ်ကို နိုင်ငံခြားမှာ စတင်ထုတ်ဝေ။

– ၂၀၁၂- အောက်တိုဘာ (၁၀) ရက်- အသက် (၉၃) မှာ ကွယ်လွန်။

• ပြုစုရေးသားခဲ့သည့်စာအုပ်များ

၁။ ဖက်ဆစ်တော်လှန်ရေး။

၂။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ။

၃။ ပြည်တွင်းငြိမ်းချမ်းရးသဘောထားနှင့် လက်ရွေးစင်မိန့်ခွန်းများ။

၎။ ကမ္ဘာစစ်နှင့် ငြိမ်းချမ်းရေး။

၅။ သမိုင်းမှန်ကူကွက်များ။

၆။ တရားခံအစစ်ဘယ်သူလဲ။

၇။ မီဒီယာလောကနှင့် အင်တာဗျူးများ။

၈။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ။

• ပေးပို့သူ

လှကျော်ဇော

ဇူလိုင် ၇၊ ၂၀၁၅

•  ကိုးကား

၁။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော ကိုယ်တိုင်ရေးအထ္ထုပွတ္တိပေါင်းချုပ်။

၂။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့  (၂၀၀၇ ဓူဝံစာပေ)

Reference – http://colorfulpeople.moemaka.net/


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts