ကဗျာ

ခ က် ဦး – ငို တဲ့ လ

My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

ခ က် ဦး – ငို တဲ့ လ
(မိုးမခ) ဇူလိုင် ၇၊ ၂၀၁၅

အာဏာနဲ့ညို့တဲ့
စိတ်မုတ်သုန်တွေမုန်ယိုခြင်းမှာ
ကျည်ဆန်တွေအဆင်ခြင်မဲ့မဲ့
ပြန့်ကျဲပေါက်ကွဲသွားတော့တယ်

အားလုံးအကုန်စွန့်သွားကြ အာဇာနည်များ
ငါတို့အားလုံး အကုန်စွန့်လိုက်ရတယ်

အဲဒီ့လ ဂျူလိုင်ဟာ
အဲဒီ့တိမ်တွေညိုလို့ …..
ရွှဲရွှဲနစ်သိမ့်သိမ့်စို
နှစ်တိုင်းနင့်အောင် ငိုရတယ် ။

ခက်ဦး
၅ . ၇ . ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts