ကဗျာ

မောင်မှိုင်းလွင်(အင်းဝ) – ရဲဘော် စိုးမြင့်အောင် (၁၉၆၄ – ၂၀၁၄)

မောင်မှိုင်းလွင်(အင်းဝ) – ရဲဘော် စိုးမြင့်အောင် (၁၉၆၄ – ၂၀၁၄)

(မိုးမခ) ဇူလိုင် ၆၊ ၂၀၁၅

(သူငယ်ချင်းစိုးမြင့်အောင်အတွက် စက်မှုတက္ကသိုလ်နောင်တော်ကြီး ကိုတင်အေးကြူရဲ့ ကဗျာ)

ရေဘဝဲ ထက်

များတဲ့လက်တွေနဲ့

ဇယ်စက်သလို အလုပ်လုပ်ခဲ့။

ယမ်းငွေ့ကြားမှာ

မေတ္တာ ဆာ နို့ဆာ

အမေဆာနေတဲ့ ကလေးတွေကို

သူ့လက်နဲ့နွေးထွေး ရင်ငွေ့ပေးခဲ့

လဲနေသူကို ဆွဲထူပေးဘို့

ဆင်းရဲသူကို ဖေးကူပေးဘို့

နာနေသူကို ပြုစုပေးဘို့

နှလုံးလှခဲ့ သူ့ရဲ့လက်။

ဒဏ်ရာရသူချင်း ကြင်နာ

တယောက်အနာ တယောက်

လျှာနဲ့လျှက်

တွဲထူပေးတဲ့ လက်။

မောင်းအဆွဲ

အတွဲလိုက်ထွက်မယ့် ကျည်ဆံကို

သူ့လက်ဝါးနဲ့ ရဲရဲတား

ပန်းများအဖြစ် ပြောင်းစေလိုသူ။ ။

 

၂ ၉ . ၆ . ၂ ၀ ၁ ၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts