ကဗျာ

ခက်ဦး – အစောင့်မလုံတဲ့နတ်

 ခက်ဦး – အစောင့်မလုံတဲ့နတ်
(မိုးမခ) ဇွန် ()၊ ၂၀၁၅

ချိတ်ဆွဲပြရုံ ကိုင်မြှောက်ရုံနဲ့
ခြိမ်းမလား ချောက်မလား
လုံလောက်တယ်

စိတ်မကောင်းစရာပဲ

အဆန်ကုန်ပစေ
အခိုးအူပစေ
ပြောင်းပူသွားပစေ
ကိုယ့်ပြန်ချောက်တဲ့ကိုယ့်လိပ်ပြာတစ္ဆေ
ဘယ်နှစ်ချက်ပစ်ပစ် မသေစေတာလည်း
သူပဲ ဖြစ်နေတယ် ။ ။

ခက်ဦး
၂၃ . ၆ ၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts