(လေးပွင့်ဆိုင်မှသည် တန်ပြန်သပိတ်သို့)
(မိုးမခ) ဇွန် ၂၅၊ ၂၀၁၅
လေးပွင့်ဆိုင်
စကားဝိုင်းက
ထွက်ကျလာတဲ့ စကားလုံး
အချိုမြဆုံး ချိုမြ၀ိုင်းစက်
နောက်တော့ လေးဒေါင့်
နောက်ဆုံးတော့ ခါးတူး တြိဂံ။
အဖြူဟာ
နောက်တော့ အနက်
လက်သုတ်ဖတ်
မဲညစ်ထပ်။
ဝါးလုံး
နောက်တော့ ၀ါးခြမ်း
ဂျပိုးက လိပ်ဖြစ်သွားတယ်။
ရေပက်ထား ကျောက်ကြောမျက်နှာ
ပြောင်တင်း အရှက်ကင်း
ဖိနှိပ်အုပ်စိုးသူက
သူတို့ကိုယ် သူတို့ နိုင်ငံတော် …… တဲ့
ပဲ့လိုက်တဲ့ သိက္ခာ
မဲ့လိုက်တဲ့ ဂုဏ်သိက္ခာ။
ကလိန်ကျ
ခံရတဲ့အခါ
သစ္စာ
ပိုပြီးချစ်လာ
ဖြတ်နိုးထွေးပွေ့
အသက်နဲ့လဲရမယ့်အရာ
သစ္စာ။
ဖြူတဲ့ကျောင်းသား
ပုံဖျက်အမဲဆိုးခဲ့။
လူကောင်းကို
ပုံပန်းဖျက် လူဆိုးလုပ်ခဲ့။
မူမှန်ခြင်းကို
မူမမှန်ခြင်း အစားထိုးခဲ့။
ထမိန်ခြုံထဲက
လက်သီးပုန်းထိုးကြိတ်
တန်ပြန်သပိတ်တဲ့
လုပ်ကြံခဲ့။
ကျောင်းသားကို အပုတ်ချ
လိမ်ညာခြောက်လှန့်
ဝါဒဖြန့်သတင်းစာ
လူထု မစင်စွန့်အိမ်သာမှာ။
မဟာဝိဇ္ဖာ မိစ္ဆာ
နောက်တော့ ဖက်ဆစ် မိစ္ဆာ
ပါရဂူဘွဲ့ ရခဲ့တာ
သူ့အလုပ် သူလုပ်မှာ
လူယုတ်က လူယုတ်ပါ
မြင့်မြတ်
ဖြောင့်မတ်သူတို့သာ
ကိုယ်ကျိုးစွန့်လွှတ်
လုပ်နိုင်တာ။
မောင်စိုးချိန်
မတ် ၂၁၊ ၂၀၁၅
သရုပ်ဖော်ပန်းချီ သန်းဌေးမောင်