Poems

Beyond Generation Zero – Thit Kaung Eain

သုညမျိုးဆက်လွန်မြောက်ခြင်း …

သစ်ကောင်းအိမ်၊ အောက်တိုဘာ ၂၄၊ ၂၀၁၃

(သူ့ဖေစ်ဘွတ်က ယူတယ်၊ ပါမစ်မတောင်းမိဘူး)

ကိုလှသန်းရေ…..
မနေ့က ခင်ဗျားကွယ်လွန်တဲ့၂နှစ်ပြည့်အထိမ်းအမှတ်နေ့မှာပဲ
တိုက်တိုက်ဆိုင်ဆိုင်ဗျာ ကဗျာဆရာကိုစိုးသစ် သူ့ဖေ့စ်ဘုတ်မှာတင်ထားတဲ့ စာရင်းလေးတခုကို ဖတ်လိုက်ရတော့
ခင်ဗျားရေးဖွဲ့ခဲ့တဲ့ သူညမျိုးဆက်…ဆိုတဲ့ကဗျာကို
ခင်ဗျားနဲ့အတူသတိရမိသွားပြီး
ခုနေ ကိုလှသန်းသာ သက်ရှိထင်ရှားရှိနေသေးရင်
သူနာမည်ပေးခဲ့တဲ့ အရှိအားလုံးဆိတ်သုဉ်းကင်းမဲ့နေတဲ့
သုညမျိုးဆက်ကြီးက ခုဆို 
ပါမစ်နဲ့ဘာနဲ့(လှည်းနဲ့နွားနဲ့ပေါ့ဗျာ)ဖွံ့ဖြိုးတိုးတက်နေတာကိုမြင်ပြီး
အားရဝမ်းသာနဲ့ ပါမစ်မျိုးဆက်…ဆိုပြီး ကဗျာရေး ဂုဏ်ပြုနေဦးမလားပဲလို့ ခင်ဗျားကွယ်လွန်ခြင်း ၂နှစ်ပြည့်အလွန်
တရက်မှာ ကျနော်တယောက်တည်းကြည်ကြည်နူးနူးတွေးမိရင်း
ကိုလှသန်းကို သတိတရရှိနေမိပါတယ်။
ကျနော်ဖတ်မိတဲ့စာရင်းစုလေးကတော့ 
အောက်ပါအတိုင်းပါပဲ ကိုလှသန်း….

ငြိမ်းချမ်းရေး နဲ့ မော်တော်ကား

1. KNU = ၁၂၀ စီး
2. UWSA = ၁၂၀ စီး
3. SSA-N = ၁၂၀ စီး
4. SSA-S = ၁၂၀ စီး
5. NMSP = ၁၂၀ စီး
6. NDAA = ၁၀၀ စီး
7. KNPP = ၁၂၀ စီး
8. CNF = ၆၀ စီး
9. DKBA = ၆၀ စီး
10. KNU PC = ၆၀ စီး
11. PNLO = ၆၀ စီး
12. NSCN = ၆၀ စီး
13. ABSDF = ၆၀ စီး
ဝစ်သောက်ကား ရာနှုန်းပြည့်အခွန်လွတ် သုံးပုံတပုံ + ၆၀% အခွန်လျှော့ သုံးပုံနှစ်ပုံ
အော် သူတို့ အမှန်တရားနဲ့ကား လဲ ပစ်လိုက်ကြပြီပဲ။

(၂၃။ အောက်တိုဘာ။ ၂၀၁၃)
(စာရင်းကို ကဗျာဆရာကိုစိုးသစ်ဖေ့စ်ဘုတ်မှာ ကူးယူပါတယ်။ )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts