Han Thit Naing ဓာတ်ပုံသတင်း

ဒီလှိုင်းမှ စမတ်ဖုန်းပြုပြင်ရေးသင်တန်းဖွင့်

ဒီလှိုင်းမှ စမတ်ဖုန်းပြုပြင်ရေးသင်တန်းဖွင့်

ဟန်သစ်နိုင်၊ မိုးမခ၊ ဇွန် ၁၁

ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ ဒီလှိုင်းအသက်မွေးဝမ်းကြောင်းပညာသင်တန်းမှ မီဒီယာသင်တန်းနှင့် အဲယားကွန်းပြင်သင်တန်းများကို အခမဲ့ သင်ကြားပေးလျှက်ရှိသည်။ ယခုလက်ရှိ မေလ ၂၅ရက်မှစ၍ အပတ်စဉ် (၁)အဖြစ် စမတ်ဖုန်းပြုပြင်ရေးသင်တန်းကိုပါ သင်ကြားပေးလျှက်ရှိသည်။ စမတ်ဖုန်းပြုပြင်ရေးတွင် သင်တန်းသား ၃၂ယောက်ရှိပြီး သင်တန်းကာလမှာ ၃ လဖြစ်သည်။ တနင်္လာနေ့မှ သောကြာနေ့အထိဖြစ်ပြီး နေ့လည် ၁နာရီမှ ၅နာရီအထိဖြစ်သည်။

သင်တန်းသားများကို စမတ်ဖုန်းနှင့်ပတ်သက်၍ “ဟတ်ထ်ဝဲနှင့် ဆော့ဝဲလ် နှစ်ပိုင်းကို အခြေခံကျကျ သင်ကြားပေးပါတယ်၊ ဆော့ဝဲလ်မှာကျတော့ android နှင့် ios မှာဖြစ်တဲ့ ဆော့ဝဲလ် errors များကို အဓိကထားသင်ပေးတယ်၊ ဟတ်ထ်ဝဲပိုင်းမှာကျတော့ အခြေခံကျတဲ့ အီလက်ထရောနစ် ကစပြီး ဖြုတ်တပ် လဲတာအကုန်ပါပဲ၊ လုပ်ငန်းခွင်မှာအသုံးပြုနိုင်တဲ့အထိ သင်ပေးသွားမှာပါ၊ လုပ်ငန်းခွင်မှာ အတွေ့အကြုံလေး ရသွားရင် ပိုအဆင်ပြေမှာပါ၊ အခုသင်တန်းသားတွေက နယ်အဝေးမှသင်တန်းသားများများပါတယ်၊ သူတို့က ကိုယ့်ဆိုင်ကိုယ်ဖွင့်မယ်သူနဲ့ နယ်မှာပြန်လုပ်ကြမယ့်သူတွေဖြစ်ပါတယ်” ဟု ကူညီသင်ကြားပေးသူ သင်တန်းဆရာကပြောသည်။

ဒီလှိုင်းအသက်မွေးဝမ်းကြောင်းပညာသင်တန်းများသည် လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေစေရန် အခြေခံကျကျသင်ကြားပေးပြီး သင်တန်းဆင်းအောင်လက်မှတ်များကိုလည်း စိစစ်ထုတ်ပေးလျှက်ရှိသည်။ သင်တန်းများကိုလည်း လစဉ်မပြတ် သင်ကြားပေးလျှက်ရှိကြောင်းသိရသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts