ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၉)

 မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၉)
(၂၀၁၅  မတ် ၃ လက်ပံတန်း)
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

တံလျှပ်ထဆဲ
သဲကန္တာရမှာ ….
လွတ်လွတ်လပ်လပ် ပန်းတွေပွင့်ဖို့
ဥယျာဉ်သစ် ဖြစ်ထွန်းဖို့
နှောင်ကြိုးတွေဖြတ်ဖို့
အိမ်မက်သစ်တွေနဲ့
အဲဒီ စစ်မီးကန္တာရထဲ
သပိတ်စစ်ကြောင်း
စမ်းချောင်းအဖြစ်
တငြိမ့်ငြိမ့်စီးဆင်းခဲ့တယ်။

ရန်ကုန်သို့ ဦးတည်
ခရီးရှည်ချီတက်
လက်ပတန်းမှ
ထွက်စ
ပုလိပ်တပ်
ဝိုင်းပတ်ဆီးတား
အင်အားသုံး ပိတ်ဆို့ခဲ့တယ်။

ချီတက်သပိတ်
ထိုင်သပိတ်ကူးပြောင်း
အလှည့်ကျ
အစာငတ်ခံ ဆန္ဒပြ
နည်းပရိယာယ်
အသွယ်ထပ်ပြောင်း
တောင်းဆိုချက် ၈ ချက်
တိုက်ပွဲဆက်ဝင်တယ်။

သပိတ်မှောက် ကျောင်းသား
အကျဉ်းသား သတ်မှတ်
သံဆူးကြိုး ပတ်လည်ချ
လူထုနဲ့ အဆက်ဖြတ်
အစာရေစာ ဖြတ်
သတင်းဖြတ်
ဖြတ်လေးဖြတ်
ကန့်သတ်စည်းခြားပစ်လိုက်တယ်။

ရာဇ၀င် ဖြတ်သန်းဆဲ
တိုက်ပွဲအထပ်ထပ်ထုတေထား
ကျောင်းသားသပိတ်
သံမဏိ စိတ်ဓါတ်
သံဆူးကြိုး အထပ်ထပ်နဲ့
ဖြတ်ရမယ်လို့ ထင်နေသလား။

မောင်စိုးချိန်
မတ် ၅ . ၂၀၁၅

သရုပ်ဖော်ပန်းချီ – သန်းဌေးမောင်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts