ဝတ္ထုတို

နေ၀န်းနီ (မန္တလေး) – ကျွန်​မရဲ့ ကဗျာဆရာ

နေ၀န်းနီ (မန္တလေး) – ကျွန်​မရဲ့ ကဗျာဆရာ
(မိုးမခ) ဇွန် ၄၊ ၂၀၁၅

သူက ကဗျာဆရာတယောက်​ပါ။ ကဗျာဆရာဆိုတဲ့အတိုင်းပဲ နူးညံ့သိမ်​​မွေ့​အေး​ဆေးတယ်​ စကား​ပြောနည်းပြီး စိတ်​နှလုံး​ကောင်းရှိသူတယောက်​ပါ။သူ့​ကြောင့်​ တပါးသူ​ ပျော်​ရွှင်​အဆင်​​ပြေ​နေရင်​ စိတ်​​ကျေနပ်​ သူ​ပေါ့။ သူ အလုပ်​ပိတ်​ရက်​​တွေဆို ကျွန်​​မဆိုင်​​လေးကို အလည်​လာတယ်​။ ကျွန်​​မက ရတနာပုံတက္ကသိုလ်မိန်းထဲမှာ ကွန်​ပျူတာစာစီစာရိုက်​နဲ့ ဓာတ်​ပုံဆိုင်​​လေး ဖွင့်​ထားတယ်​။ ကျွန်​မဆိုင်​မှာ ​ကော်​ဖီထုတ်​က မပြတ်​တမ်းဝယ်​ထားရတယ်​။ သူလာပြီဆိုတာနဲ့ ကျွန်​​မက ​ကော်​ဖီခါးခါး​လေး​ဖျော်​တိုက်​ပါတယ်​။ သူက ​ကော်​ဖီခါးခါးဆို သိပ်​ကြိုက်​တာ။ သူကိုကျွန်​မက ​အရမ်း​လေးစားလို့နာမည်​​တောင်​မ​ခေါ်ဘူး။ဆရာ လို့ပဲ​ခေါ်တယ်​။သူကလည်းကျွန်​မကိုဆရာမ လို့​ပဲ​ခေါ်တယ်​။ဆရာက ငယ်​ငယ်​​လေးကတည်းကစာ​ပေ​လောက ၊ ကဗျာ​လောကထဲကို​ခြေစုံပစ်​ဝင်​ခဲ့တာ။ကျွန်​မ ထက်​ အသက်​ငယ်​​ပေမယ့်​​လေးစားစရာ​ကောင်းပါတယ်​။ကျွန်​မကလည်း ဂျာနယ်​​လေး​တွေမှာ ဝတ္ထုတို ၊ ​ဆောင်းပါးအနည်း​လောက်​​တော့ပါဖူးပါတယ်​။ စီးပွား​ရေးက တစ်​ဖက်​ဆို​တော့ အဲဒီစာ​ရေးဖို့ကစ္စဘက်​ကိုမလှည့်​ဖြစ်​ဘူး။

ဒီ​နေ့လည်း တနင်္ဂ​နွေ ​နေ့ ရုံးပိတ်​ရက်​ဆို​တော့ ကျွန်​မရဲ့ကဗျာဆရာလေး ကျွန်​မဆိုင်​​ရောက်​လာမယ်​ဆိုတာ ​ဗေဒင်​သွား​မေးစရာမလို​ပေ။

“​ဝေါ….တီ….တီ”

ဟော ​ပြောရင်းဆိုရင်းနဲ့ ကျွန်​မရဲ့ကဗျာဆရာ​လေး​ ရောက်​​တော်​မူလာပါပြီ။ ဒါနဲ့ ကျွန်​မလည်း ထိုင်​​နေတဲ့​နေရာက​နေထပြီး ဆရာကိုထွက်​ကြိုလိုက်​တယ်​။

“မင်္ဂလာပါ…ဆရာ”
“မင်္ဂလာပါ…ဆရာမ”

“ဆရာ ​ကော်​ဖီ​သောက်​မယ်​မလို့လား”
“ဟုတ်​…ဆရာမ ​သောက်​မှာ​ပေါ့”

ဒါနဲ့ ကျွန်​မ သူ့အတွက်​ ​ကော်​ဖီခါးခါး​လေးတခွက်​ကို​ဖျော်​တိုက်​ပြီး ဧည့်​ခံလိုက်​တယ်​။ ပြီး​တော့ ဆရာနဲ့မျက်​နှာခြင်းဆိုင်​မှာ ထိုင်​လိုက်​တယ်​။

“ဆရာမ..စာမ​ရေးဘူးလား။ အခုလို ဆို​င်​လူပါး​နေတဲ့အချိန်​ဆို​ရေးလို့ရတာပဲ။ ရေးလို့ရသ​လောက်​သာ​ ရေးထားလိုက်​။ ပြီး ရင်​ ဆရာမစာမူ​တွေ ကျွန်​​တော်​ပို့​ပေးမယ်​။”

ကျွန်​မထင်​ထားသည့်​အတိုင်းပင်​ဖြစ်​သည်​။ ကျွန်​မရဲ့ကဗျာဆရာ​လေးက ဆိုင်​ကိုလာတိုင်း ဒီဓာတ်​ပြားဟောင်းကြီးကိုပဲဖွင့်​ပြ​နေကြဖြစ်​သည်​။ ဒါ​ပေမယ့်​ ကျွန်​မကလည်း ထိုဓာတ်​ပြား​ဟောင်းကြီးပဲ မငြီးမငြူနား​ထောင်​​နေမိသည်​။ ကျွန်​မရဲ့ကဗျာဆရာ​လေးက ကျွန်​မကို​ တော်​​တော်​​လေး​မျှော်​မှန်းထားသည်​။ စာ​ပေ​လောကတွင်​ သူ့ထက်​သာသည့်​ စာ​ရေးဆရာမ​ကောင်းတ ယောက်​ဖြစ်​​စေချင်​သည်​။ ပြီး​တော့ ကျွန်​မက နည်းနည်း ခပ်​ဆိုးဆိုးနိုင်​သည်​။ ဒါကိုပင်​ သိသိကြီးနဲ့ ဆရာက ကျွန်​မကိုခင်​မင်​စွာ​ပေါင်းသင်း​နေရှာသည်​။

“​ရေးမှာ​ပေါ့…ဆရာကလည်း ​နောက်​ရက်​​တွေကျ​​ရေးမယ်​​နော်​“
“အို​ကေ….ဒီလိုမှ​ပေါ့”

“ကဲ….​ကော်​ဖီ​လေး​သောက်​လိုက်​ပါဦး …။ ​အေးကုန်​​တော့မယ်​”

ကျွန်​မလည်း စကားလမ်း​ကြောင်းလွှဲလိုက်​​လေသည်​။ ဆရာကလည်း​ ကော်​ဖီကို ကုန်​​အောင်​​သောက်​ပြီး​နောက်​ ကျွန်​မအား နှုတ်​ဆက်​၍ ပြန်​သွား​လေသည်​။ ကျွန်​မရဲ့ကဗျာ​ဆရာ​လေးပြန်​သွား​တော့ ကျွန်​မလည်း လုပ်​လက်​စအလုပ်​​လေး​တွေကို အစသတ်​ပြီး ဆိုင်​ကို​စော​စောသိမ်းခဲ့သည်​။

× × × × × × × × × × ×

မန္တ​လေးမြို့ရဲ့​နွေရာသီကလည်း သိကြတဲ့အတိုင်းပင်​ဖြစ်​သည်​။ ပူ​လောင်​အိုက်​စပ်​စပ်​နှင့်​ တရက်​တာလုံးကို ကျွန်​မရဲ့ဆိုင်​ခန်း​လေးထဲမှာ ပြီးဆုံးသွား​လေသည်​။ အခု​လော ကျွန်​မတယောက်​ စိတ်​ထဲတွင်​မကြည်​မလင်​ဖြစ်​​နေသည်​။ အ​ကြောင်းက​တော့ တခြားမဟုတ်​ပါ။ အိ​မ်​ကလူ​တွေ အဆင်​မ​ပြေလို့ ကျွန်​မရဲ့ချစ်​သူ​ကောင်​​လေးဆီ ဖုန်းဆက်​ပါတယ်​။ ဖုန်​မကိုင်​ဘူး။ တခြားသူငယ်​ချင်းတယောက်​ရဲ့ဖုန်းနဲ့ဆက်​​တော့ဖုန်းကိုင်​ပြီး ကျွန်​မ၏ ဟယ်​လိုဆို​သောအသံကြား​တော့ အလုပ်​မအား ဘူးဆိုပြီး ဖုန်းပြန်​ချသွားသည်​။ ကျွန်​မရင်​ထဲမှာ​တော့ ​နွေ​နေပူပူမှာ အက်​စစ်​မိုး​တွေ ရွာသွန်း​နေပြီ။ ဒီအချိန်​မှာ ကျွန်​မရင်​ဖွင့် စရာဆိုလို့ ဆရာတယောက်​သာရှိသည်​။ ဒါနဲ့ ကျွန်​မလည်း ဖုန်းကို​ကောက်​ကိုင်​လိုက်​ပြီး ကျွန်​မရဲ့ကဗျာဆရာ​လေးဆီကို ဖုန်း ဆက်​၍ ဖြစ်​​ကြောင်းကုန်​စင်​​ပြောပြလိုက်​သည်​။ ဆရာက ကျွန်​မကို အား​ပေးစကား​တွေအများကြီး​ပြော​ပေးရှာပါတယ်​။ ထိုအား​ပေးစကားများထဲတွင်​ ယ​နေ့တိုင်​ နားထဲစွဲ​နေ​သောစကားမှာ …

“ကျွန်​​တော်​တို့က လူသား​တွေ​လေ…ဆရာမ။ ရယူလိုမှု​နောက်​ကို ​ပေးဆပ်​မှုနဲ့လိုက်​​နေကြသူ​တွေ​လေ။ စိတ်​မ​ကောင်းဖြစ်​​မ​နေပါနဲ့။ အနာဂတ်​ကို နှစ်​ဆယ့်​သုံး နှစ်​ပိုင်းတပိုင်း ဒီဂရီ​စောင်းကြည့်​လိုက်​…ဆရာမဟာ တနေ့​နေ့ ရင့်​ကျက်​သူတယောက်​ဖြစ်​လာမှာပါ”

ဟုတ်​ပါသည်​။ ကျွန်​မသည်​ ယ​နေ့အချိန်​အထိ မရင့်​ကျက်နိုင်​​သေး​ပေ။ လွမ်း​ရေးထက်​ ဝမ်း​ရေးခက်​တယ်​ဆိုတဲ့စကားအတိုင်း ကျွန်​မရဲ့စိတ်​​တွေကို အလုပ်​ထဲတွင်​ အာရုံနှစ်​ခဲ့သည်​။ အလုပ်​နည်းနည်းပါးလျှင်​ ဆရာဆီဖုန်း​ခေါ်ပြီး ကျွန်​မ လှမ်းလှမ်းစ​လေသည်​။ ကျွန်​မဖုန်းဆက်​တိုင်း မညည်းမညူ ကျွန်​မ​ပြောသမျှကို နား​ထောင်​​ပေးရှာသည်​။ သုံး​လေးပတ်​​လောက်​ ဆရာ ကျွန်​မဆိုင်​ကိုမလာဖြစ်​​ပေ။ သို့​သော်​လည်း ကျွန်​မနဲ့ဆရာ ဖုန်းအဆက်​အသွယ်​​တော့ မပြတ်​​ပေ။ ကျွန်​မရဲ့ကဗျာဆရာ​လေး ဆို​င်​မလာဖြစ်​တဲ့အ​ကြောင်းအရင်းက ပရဟိတလုပ်​ငန်း​တွေ လုပ်​ကိုင်​​နေ​သော​ကြောင့်​ဖြစ်​သည်​။

နောက်​တပတ်​မှာ​တော့ ကျွန်​မရဲ့ကဗျာဆရာ​လေး ကျွန်​မဖတ်​ဖို့စာအုပ်​​တွေနဲ့အတူဆိုင်​ကို ဆိုင်​ကယ်​​လေးဖြင့်​​ရောက်​လာ​လေသည်​။ ထုံးစံအတိုင်းကျွန်​မက​တော့​ ကော်​ဖီတိုက်​​လေသည်​။ ပြီး​တော့ ဆရာက ဓာတ်​ပြားဟောင်းကြီးဖွင့်​​လေသည်​။

“ဆရာမ….စာ​ရေးဖြစ်​​သေးလား”
“ဟီးးးး မ​ရေးဖြစ်​​သေးဘူး။ ဆိုင်​မှာ​ရေးမယ်​ဆိုပြီးလည်း မ​ရေးဖြစ်​ဘူး။ အိမ်​​ရောက်​​တော့လည်း ပင်​ပန်းလို့အိပ်​​ပျော်​သွားတယ်​”

“အင်း….ဖြစ်​ရမယ်​ဆရာမတို့က​တော့။ ကျွန်​​တော်​ဆို အလုပ်​ဘယ်​​လောက်​ပင်​ပန်းပင်​ပန်း ညပိုင်းစာ​ရေးစားပွဲ​ရှေ့ရောက်​ပြီး စာအုပ်​​တွေမြင်​ရင်​ ပင်​ပန်းတာ​တွေ​ပျောက်​သွားတယ်​”
“ကျွန်​မ….ဆရာကို တကယ်​​လေးစားပါတယ်​။ ဆရာက တကယ်​​တော်​တဲ့လူပါ”

“ကျွန်​​တော်​က ဆရာမကို ကျွန်​​တော်​ထက်​ ပို​တော်​​စေချင်​တာ။ ကျွန်​​တော်​ရှိ​နေတဲ့အချိန်​​လေးမှာ ဆရာမစာ​တွေ​ရေးဖြစ်​​အောင်​​ရေးပါ။ ကဲ…အဲ့ဒီမှာ ဆရာမဖတ်​ဖို့ စာအုပ်​​တွေဖတ်လိုက်​အုံး”ဆိုပြီး ကျွန်​မကို နှုတ်​ဆက်​၍ ပြန်​သွားသည်​။

ဆရာ​ပြောသွာရ​သောစကားထဲမှာ ကျွန်​​တော်​ရှိ​နေတဲ့အချိန်​​လေးမှာ ဆရာမစာ​တွေ​ရေးဖြစ်​​အောင်​​ရေးပါတဲ့။ဆရာကဘယ်​သွားမှာမို့လို့လည်း။ ပ​ဟေဠိများစွာဖြင့်​ ဆရာ​ပေးခဲ့​သော စာအုပ်​တစ်​အုပ်​ယူပြီး ဟိုလှန် ဒီလှန် လုပ်​​နေချိန်​တွင်​ စာအုပ်​ကြားထဲက ​ဆေးစစ်​ချက် စာရွက်​တရွက်​ ထွက်​ကြလာသည်​။ ဆရာက လူ​လောကတွင်​ အလွန်​ဆုံးရ တလခွဲ​လောက်​ပဲ​နေရ​တော့မယ်​။ ထို​ဆေးစစ်​ချက်​လေးကိုဖတ်​ပြီးမှ ကျွန်​မ ဆရာ​ပြောခဲ့​သောစကား​လေးရဲ့အဓိပ္ပါယ်​ကို သိသွားပြီဖြစ်​သည်​။ ကျွန်​မရဲ့ကဗျာဆရာ​လေး ဖြစ်​​စေချင်​သည့်​အတိုင်းဖြစ်​​အောင်​လုပ်​ဖို့ ကျွန်​မစိတ်​ဆုံးဖြတ်​ချက်​ချလိုက်​ပြီ။ ထိုစာရွက်​​လေးကိုလည်း စာအုပ်​ကြားတွင်​ ပြန်​ညှပ်​၍ထား​ပေးလိုက်​သည်​။

× × × × × × × × × × ×

ဒီ​နေ့ဆို​င်​လည်း လူပါး​နေသဖြင့်​ ကျွန်​မကွန်​ပျူတာ​ရှေ့တွင်​ထိုင်​ပြီး ဝတ္ထုတိုတပုဒ်​ကို စတင်​​ရေးသားလိုက်​သည်​။ ကျွန်​မ အ နည်းငယ်​​လောက်​စ​ရေးပြီးချိန်​မှာ ဆရာဝမ်းသာ​အောင်​လို့ ဆရာဆီ ဖုန်းလှမ်းဆက်​လိုက်​တယ်​။

“ဟယ်​လို….ဆရာလား”
“ဟုတ်​ကဲ့….ဆရာမ”

“ဆရာ့ကို ဝမ်းသာစရာ​ပြောမလို့။ ဒီ​နေ့ ဝတ္ထုတို​လေးတပုဒ်​စ​ရေးတယ်​ဆရာ”
“ဝမ်းသာလိုက်​တာ… ဆရာမရယ်​။ ကြားရတဲ့စကားက ကျွန်​​တော့်​အတွက်​​တော့ မင်္ဂလာပါပဲ။ ကဲ…. ဆက်​​ရေးလိုက်​အုံး”

“ဟုတ်​ကဲ့…ဆရာ”ဆိုပြီး ကျွန်​မဖုန်းချပြီး စာထဲတွင်​ ပြန်​စိတ်​နှစ်​၍ ဆက်​​ရေး​​​​လေသည်​။ အားလပ်​တဲ့အချိန်​တိုင်း​ရေးသဖြင့်​ ဝတ္ထု​လေးမှာ ကျွန်​မထင်​ထားသည်​ထက်​ အချိန်​ နှစ်​ရက်​​စော၍ပြီးသွား​လေသည်​။ ထိုနှစ်​ရက်​​လေးမှာ ကျွန်​မ ကိုယ့်​စာမူ​လေးကိုပြန်​ဖတ်​ပြီး လိုတာ​လေးဖြည့်​ စာလုံး​ပေါင်းမှားတာ​လေး​တွေ လိုက်​ပြင်​​နေသည်​။

ဒီ​နေ့ တနင်္ဂ​နွေ​နေ့ ကျွန်​မ စိတ်​​တွေတက်​ကြွလန်းဆန်းပြီး​ ပျော်​ရွှင်​​နေသည်​။ ဆိုင်​ကိုလည်း​ စော​စောသွား၍ဖွင့်​ပြီး ဘုရား ပန်းလဲ၊  ဆိုင်​သန့်​ရှင်း​ရေးလုပ်​ပြီး​တော့ လာအပ်​ထားတဲ့အလုပ်​​လေး​တွေလုပ်​ရင်း ကျွန်​မရဲ့ကဗျာဆရာ​လေးကို​မျှော်​​နေမိ သည်​။ ဒီ​နေ့မှ အချိန်​​တွေက သိပ်​ကြာလို့ ကျွန်​မထင်​မိသည်​။ နေ့လည်​ပိုင်း​လောက်​မှာ ကျွန်​မရဲ့ကဗျာဆရာ​လေး​ရောက်​လာပါပြီ။ ဆရာက ဆိုင်​ကယ်​​ပေါ်က ဆင်းဆင်းချင်းမှာ မ​ပြောစဖူး ကျွန်​မကို စကား​လေးတခွန်းလှမ်း​ပြောသည်​။

“ဟာ….ကျွန်​​တော်​တို့ဆရာမက ဒီ​နေ့ အရမ်းလှ​နေတယ်​”

ကျွန်​မလည်း ကိုယ့်​ကိုမလုံမလဲဖြစ်​ပြီး ရှက်​ကိုးရှက်​ကန်းနှင့်

“လာပါဆရာရယ်​….. ကျွန်​မ​ကော်​ဖီတိုက်​မှာပါ”

ပြီး​တော့ ကျွန်​မ ဆရာ့ကို စာမူ​တွေထုတ်​ပြလိုက်​တယ်​။ ဆရာကဖတ်​ကြည့်​ပြီး​ ကောင်းတယ်​လို့​ပြောတယ်​။ ကျွန်​​တော်​ စာမူ​တွေယူသွားပြီး ပို့ထား​ပေးမယ်​။ ထို​နေ့က ကျွန်​မ ဆရာကို ကတိ​တခု​ပေးခဲ့တယ်​။

“ဆရာ…”
“ဟုတ်​​..​ပြော​လေ ဆရာမ”

“ကျွန်​မ…ဆရာဖြစ်​​စေချင်​တဲ့အတိုင်းဖြစ်​​အောင်​ကြိုးစားပြီး စာ​တွေကိုလည်း ပုံမှန်​​ရေးပါမယ်​လို့ ကတိ​ပေးပါတယ်​”

ထိုစကား​လေးကို​ပြောလိုက်​​တော့ ကျွန်​မရဲ့ကဗျာဆရာ​လေးက မျက်​နှာ​လေးဝင်းလက်​​တောက်​ပသွားပြီး အနည်းငယ်​ပြုံး လိုက်​သည်​။ ထိုအပြုံးဟာ ကျွန်​မအတွက်​ ​နောက်​ဆုံးနှုတ်​ဆက်​ အပြုံးမှန်း ကျွန်​မ မသိ​ပေ။ ထို​နောက်​ဆရာကစာမူ​တွေ ယူပြီးပြန်​သွားသည်​။ နောက်​နှစ်​ရက်​​လောက်​​နေ​တော့ ဆရာက စာမူ​တွေကို ဘယ်​မဂ္ဂဇင်းတိုက်​ ဘယ်​ဂျာနယ်​တိုက်​ ​တွေ ပို့ထားတယ်​ဆိုတဲ့အ​ကြောင်း ဖုန်းဆက်​၍လှမ်း​ပြောသည်​။ ထို့​နောက်​ ကျွန်​မ​ ​မေ့​မေ့​ပျောက်ပျောက်နှင့်​ ဆိုင်​အလုပ်​​လေးလုပ်​လိုက်​ စာ​လေး​ရေးလိုက်​နဲ့ တလ​လောက်​ကြာ​တော့ ကျွန်​မရဲ့ ကဗျာဆရာ​လေးပို့​ပေးတဲ့ စာမူ မဂ္ဂဇင်းစာမျက်​နှာ​ပေါ်မှာ ပါ လာသည်​။ စာမူပါလာလို့ အားရဝမ်းသာစွာဖြင့်​ ဆရာ့ဆီဖုန်းလှမ်းဆက်​​တော့ သူအိမ်​ကလူ​တွေကိုင်​သည်​။

ကျွန်​မရဲ့ကဗျာဆရာ​လေး လူ့​လောကတွင်​မရှိတော့​ဘူးတဲ့။ အဲ့ဒီ​နေ့က စာမူပါလို့ ကျွန်​မ​ပျော်ရွှင်​မယ်​လို့ထင်​ခဲ့တာ။ တကယ်​​တော့ ကျွန်​မ မ​ပျော်​ရွှင်​ခဲ့ပါဘူး။

နောက်​ရက်​ ကျွန်​မရဲ့ကဗျာဆရာ​လေးရဲ့နာ​ရေးကို ကျွန်​မ​ရောက်​သွားသည်​။ ကျွန်​မ​ရောက်​သွား​တော့ ဆရာ့အ​မေက

“ဓာတ်​ပုံဆိုင်​က စာ​ရေးဆရာမ​လေးလား”
“ဟုတ်​ကဲ့အန်​တီ သမီးပါ” လို့​ပြောလိုက်​​တော့ ဆရာရဲ့အ​မေက စာအိတ်​​လေးတခုထုတ်​​ပေးတယ်​။

“သားက သူမ​သေခင်​မှာ သမီးကို ​ပေး​ပေးဖို့ အန်​တီကိုမှာထားတယ်​“

“ဟုတ်​ကဲ့ အန်​တီ ​ကျေးဇူးပါရှင့်​” လို့​ပြောပြီး ကျွန်​မရဲ့ကဗျာဆရာ​လေးမျက်​နှာကို​ နောက်​ဆုံးသွားကြည့်​ပြီး ထိုင်​ကန်တော့၍ လိုအပ်​တာ​တွေကူညီပြီး ကျွန်​မပြန်​ခဲ့တယ်​။ အိမ်​​ရောက်​​တော့ အခန်းထဲတန်းဝင်​ပြီး ဆရာ​ပေးခဲ့တဲ့စာ​လေးကို​ဖောက်​၍ဖတ်​လိုက်​သည်​။

သို့/

ဆရာမ… ဆရာမဒီစာကိုဖတ်​​နေချိ​န်​မှာ ကျွန်​​တော်​က ဆရာမနဲ့ဘဝခြားသွားပါပြီ။ ဆရာမကို နှုတ်​မဆက်​ပဲထွက်​သွားတာ မဟုတ်​ပါဘူး။ ကျွန်​​တော့်​ကြောင့်​ ဘယ်​သူမှစိတ်​မဆင်းရဲ​စေချင်​လို့ပါ။ တချိန်​မှာ ကျွန်​​တော်​ဖြစ်​​စေချင်​တဲ့ နာမည်​ကြီးစာ​ရေး ဆရာမကြီးဖြစ်​​အောင်​ ကြိုးစားပါ။


စာ​လေးမှာထို​နေရာမှာတင်​ အဆုံးသတ်​သွား​လေသည်​။ ကျွန်​မ​လေ သူ့ကိုကတိ​ပေးထားတဲ့အတိုင်း နာမည်​ကြီးစာ​ရေး ဆရာမ ဖြစ်​​အောင်​ကြိုးစာ​နေပါပြီ။ သူကို​တော့ ကျွန်​မအမြဲတမ်း အမှတ်​ရ​နေမှာပါ။ သူ့အ​ကြောင်းကို ကျွန်​မစာ​တွေထဲမှာထည့် ရေးမယ်​။သူငယ်​ချင်းအသစ်​​တွေကိုလည်း သူ့အ​ကြောင်း​ပြောပြမယ်​။

သူက ကဗျာဆရာ​လေ။ နူးညံ့တယ်​။ သိမ်​​မွေ့တယ်​။ သူ့​ကြောင့်​ တပါးသူ​ပျော်​ရွှင်​ပြီး အဆင်​​ပြေ​နေရင်​​ ကျေနပ်​​နေတဲ့ လူ။ အခုသူ အားလုံးကို​ကျောခိုင်း၍ ထွက်​သွားပါပြီ။ သူက ကျွန်​မဘဝကို တိုးတက်​​အောင်​လုပ်​​ပေးခဲ့တဲ့ မိတ်​​ဆွေ​ကောင်းတ ယောက်​ ဘယ်​​တော့မှ မ​မေ့နို​င်​တဲ့ ကျွန်​မရဲ့ကဗျာဆရာ​လေးပါ။ အခု ကျွန်​မနာမည်​ကြီးစာ​ရေးဆရာမတယောက်​ဖြစ်​​နေ တာကို ကျွန်​မရဲ့ကဗျာဆရာ​လေးသာမြင်​ခဲ့ရင်​ ဘယ်​​လောက်​​ပျော်​လိုက်​မယ်​မသိ​ပေ။ ကျွန်​မရဲ့ကဗျာဆရာ​လေးကောင်း ရာဘုံဘဝ​ရောက်​​နေမှာပါ။

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts