About MoeMaKa

ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရပွဲ အချိန်မီ မိုးမခ မေလထုတ် ထွက်ပြီ


ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ် ရာပြည့်နဲ့ စာပေမိတ်ဆွေများ အမှတ်တရပွဲ အချိန်မီ မိုးမခ မေလထုတ် ထွက်ပြီ
(မိုးမခ) မေ ၇၊ ၂၀၁၅
၂၀၁၅ မေလထုတ် မိုးမခမဂ္ဂဇင်း ယနေ့ ရန်ကုန်မြို့မှာ စတင်ဖြန့်ချိပြီ ဖြစ်သည်။ သတင်းစာဆရာ၊ စာရေးဆရာ ၊ ကျောင်းဆရာအဖြစ် ရပ်တည်ခဲ့ကြသော ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့၏ (၁၉၁၅ – ၂၀၁၅) ရာပြည့်နှစ် ဖြစ်သည့် အားလျော်စွာ မိုးမခမီဒီယာက ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် မဂ္ဂဇင်းစာအုပ် ထုတ်ဝေသည့်အပြင် ဆရာကြီး ဆရာမကြီးတို့၏ ကျန်ရစ်သူ သားမြေးတို့ ကျင်းပမည့် (မေလ ၉ ရက်နေ့) ရာပြည့်ပွဲတွင် ၎င်းတို့နှင့်အတူ ရာပြည့်အရွယ်ဝန်းကျင်ရှိ ခေတ်ပြိုင်စာပေမိတ်ဆွေများ၏ အမှတ်တရ ရုပ်ပုံ ဓာတ်ပုံ ပုံတူ ပန်းချီပြပွဲတရပ်ကိုပါ မိုးမခ၀ိုင်းတော်သားများက အားဖြည့် စီစဉ်တင်ဆက်ကြမည် ဖြစ်သည်။
ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်၏ မြေးဖြစ်သူ ဂျုနီယာဝင်းက ဘိုးဘွားများအမှတ်တရ Memory of My Grandparents ရုပ်ပုံလွှာ အင်္ဂလိပ်ဘာသာစာအုပ်ကို ထုတ်ဝေမိတ်ဆက်ခြင်းကို ရာပြည့်ပွဲမှာ ဆောင်ရွက်မည် ဖြစ်သကဲ့သို့ မိုးမခ၏ ၀ိုင်းတော်သား မောင်ရစ်ကလည်း အဆိုပါမေလတွင် ထုတ်ဝေသည့် ရန်အောင်စာပေတိုက်ထုတ် “ဦးဝင်းတင် ၈၅ – မိုးမခအင်တာဗျူးများ စုစည်းမှု” စာအုပ်မှ ရရှိသည့် စာမူခအားလုံးကို ဦးဝင်းတင်ဖောင်ဒေးရှင်းသို့ ပေးအပ်လှူဒါန်းမည် ဖြစ်သည်။

 

ရာပြည့်ပွဲကို ဦးခင်မောင်လတ် ဒေါ်ခင်မျိုးချစ်တို့ နောက်ဆုံး နေထိုင်ခဲ့သည့် ကမာရွတ်ပြည်ရိပ်သာလမ်း ခြံဝင်းအတွင်းမှာ ကျင်းပရန်စီစဉ်ထားသည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts