ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – ဇွန် (သို့) ဂျွန်

 ဆောင်းယွန်းလ – ဇွန် (သို့) ဂျွန်
(မိုးမခ) ဇွန် ၂၊ ၂၀၁၅

ဇွန်က
ဇွန်ပန်းရုံအနီးမှာ
ဂျွန်အလာကို စောင့်နေခဲ့တုန်းပဲ …

ကံကိုပဲ အပြစ်ဖွဲ့ရမှာလား
ဂျွန်ရောက်မလာခဲ့ဘူး ဇွန်…

ဂျွန်အပြန်လမ်းမှာ
မိုးတွေကြီးတော့
ရေကြီးပြီး လေလည်းထန်တာပေါ့ ဇွန်…

ဇွန်
ကိုယ့်မှာတော့
အနေနီးဖို့ လှေမစီးနိုင်ခဲ့သေးဘူး…

ဂျွန်ရေ
ဇွန် ၆ စိတ်ဓာတ်တွေလည်း
ခြောက်ကပ်ကပ်နဲ့ တစ္ဆေခြောက်နေခဲ့ပေါ့…

ဂျွန်ရေ
ဟိုးလွန်ခဲ့တဲ့ ၂၇ နှစ်တုန်းက ဇွန်ကလည်း
အခုရောက်နေတဲ့ ဇွန်အတိုင်းပဲပေါ့….

ဇွန်မှာ
နိုင်မြန်မာရဲ့ သီချင်းထဲကလို
ကိုယ်ပါရောငိုနေမိပြန်တယ် ဂျွန်…

ဇွန်
နွေဦးပေါက် လွန်ခဲ့ပါတယ် ဂျွန်
ဥသြတွန်သံ မကြားခဲ့ရသေးဘူး
မိုးလွန်ခဲ့ပါတယ် ဂျွန်
ထွန်မချခဲ့ရသေးပါဘူး
ဆောင်းနှောင်းသွားခဲ့ပါတယ် ဂျွန်
အကြောင်းအကောင်းတွေနဲ့ မပေါင်းခဲ့ရသေးဘူး..

ဇွန် (သို့) ဂျွန်
ဇွန်ပန်းရုံအနီးမှာတော့
ဂျွန်က ဇွန်အလာကိုစောင့်ရင်း
ဇွန်က ဂျွန်အလာကိုစောင့်ရင်းနဲ့ပေါ့ …. …။

ဆောင်းယွန်းလ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts