Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ဘိုးဘွားများအား ပူဇော်၍ ကျောင်းသားများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်

ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ဘိုးဘွားများအား ပူဇော်၍ ကျောင်းသားများအား ပညာသင် ထောက်ပံ့ကြေး ပေးအပ်

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ –  ဇွန် ၁  ၂၀၁၅

 

 

 

 

 

 

 

 

              ရွှေမှော်ဝန်းလူမှုယဉ်ကျေးကူညီရေးအဖွဲ့ မှ စတုတ္ထအကြိမ် ကူညီစောင့်ရှောက်ရေးအခမ်းအနားကို  ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ရွှေမှော်ဝန်းသာသနာ့ဗိမာန်တော်ကြီးတွင်  ၂၀၁၅ ခုနှစ် မေလ ၃၁ ရက်နေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရွှေမှော်ဝန်း လူမှုယဉ်ကျေးကူညီရေးအဖွဲ့ ရာသက်ပန်နာယကြီး  ဦးခင်ညွန့် က နှုတ်ခွန်းဆက်စကားပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် အသက်(၈၅ )နှစ်အထက် အဘိုးအဘွား (၁၆၅) ဦးအား ပူဇော်ကန်တော့ကာ ကန်တော့ငွေများ တစ်ဦးချင်းပေးအပ်ခဲ့သည်။

ကန်တော့ခံဘိုးဘွားများကိုယ်စား ဆရာကြီးဦးတင်လှ မှ  ကျေးဇူးတင်ဝမ်းမြောက်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ပညာသင်စရိတ်ထောက်ပံ့ငွေများနှင့် စာအုပ်၊ စာရေးကိရိယာများ ထောက်ပံ့လှူဒါန်းခြင်း၊ ကုသိုလ်ဖြစ်ဆေးခန်းများနှင့် အခြား လူမှုရေးအသင်းအဖွဲ့များအား အလှူငွေများ လှူဒါန်းခြင်း ကို ပြုလုပ်ခဲ့သည်။

ထို့နောက် Mal Myint In’tal Co.Ltd မှ လှူဒါန်းသော အရေးပေါ်လူနာတင်ယာဉ်အား ရွှေမှော်ဝန်း လူမှုကူညီရေးအဖွဲ့မှ လက်ခံရယူခဲ့သည်။

ဆက်လက်၍ ရာသက်ပန်နာယကကြီး ဦးခင်ညွန့်မှ နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts