Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

ဟိုတယ်လုပ်ငန်းခွင်အကြို ကျွမ်းကျင်မှု ဆိုင်ရာသင်တန်း HCTC မှ ဒုတိယအကြိမ် ဖွင့်လှစ်မည်

ဟိုတယ်လုပ်ငန်းခွင်အကြို  ကျွမ်းကျင်မှု ဆိုင်ရာသင်တန်း  HCTC မှ ဒုတိယအကြိမ် ဖွင့်လှစ်မည်

ရန်နောင်(ဗိုလ်တထောင်)    မိုးမခ  ဇွန် -၁ -၂၀၁၅

လက်တွေ့

 

 

 

 

 

       ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ  အနာဂတ်အရည်အသွေးမြင့် ဝန်ဆောင်မှု ကျွမ်းကျင်သူ မျိုးဆက်သစ်ပေါ်ထွန်းရေးအတွက် ရည်ရွယ်ကာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ သဘောတူ ခွင့်ပြုချက်ဖြင့်   Hospitality and Catering Training Acedemy တွင် ဒုတိယအကြိမ် သင်တန်းများကို ၂၀၁၅  ခုနှစ် ၊ဩဂုတ်လ ပထမပတ်တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။                        ဖွင့်လှစ်မည့်သင်တန်းများမှာ  Certificate in Hotel Operation နှင့် Certificate in Culinary Arts  တို့ဖြစ်သည်။အဆိုပါသင်တန်းများကို ပြည်တွင်းပြည်ပမှ ပညာရှင်များနှင့်  ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ခဲ့သော အတွေ့အကြုံရှိသည့် ကျွမ်းကျင်သူပညာရှင်များမှ  ASEAN Competency သင်ရိုးညွှန်းတမ်းများအတိုင်း သင်ကြားပေးမည်ဖြစ်သည်။

သင်တန်းတည်နေရာမှာ အမှတ်- N-61၊ မကျီးကန်ကျေးရွာ၊ ဧည့်ဝတ်ကျေပွန်မှုနှင့် အစားအစာကျွေးမွေးဧည့်ခံမှုပညာသင်တန်းကျောင်း ၊ ကော့မှူးမြို့၊ရန်ကုန်တိုင်းဒေသကြီး  ဖုန်း – ၀၉၂၅၀၈၀၇၀၅၅၊ ၀၉၂၅၁၀၃၄၅၆၆ ဖြစ်သည်။ သင်တန်းကာလမှာ စာတွေ့ (၆)လ +လက်တွေ့( ၂)လ ဖြစ်ပြီး  လက်တွေ့လုပ်ငန်းခွင်ကို ဆူးလေရှန်ဂရီလာ၊နိုဗိုတယ်၊ ဆီဒိုးနား ဟိုတယ်များတွင် အလုပ်သင်အဖြစ်လုပ်ကိုင်ရမည်ဖြစ်သည်။သင်တန်းအချိန်မှာ  နံနက် (၉) နာရီမှ ညနေ (၄) နာရီ ဖြစ်ပြီး တနင်္လာနေ့မှ သောကြာနေ့အထိ ဖြစ်သည်။

သင်တန်းတက်ရောက်ရန် လျှောက်ထားမည့်သူများသည် တက္ကသိုလ်ဝင်တန်း (၁၀)တန်း အောင်မြင်ပြီးသူများနှင့် တက္ကသိုလ်မှ ဘွဲ့တခုခုရရှိပြီးသူများ  ဖြစ်ပြီး အသက်(၁၈ ) နှစ်မှ (၂၅) နှစ်အတွင်း ဖြစ်ကာ ကျန်းမာရေးပြည့်စုံကောင်းမွန်သူလည်းဖြစ်ရမည်ဖြစ်သည်။

သင်တန်းလျှောက်လွှာများကို ( ၁၉-၀၆-၂၀၁၅) ရက်တွင် နောက်ဆုံးထား၍ ပေးပို့ရမည်ဖြစ်ပြီး  HCTA  မှ ကျင်းပပြုလုပ်မည့် သင်တန်းဝင်ခွင့်စာမေးပွဲ၊ လူတွေ့ဖြေဆိုရမည့်သူများစာရင်းနှင့် ဖြေဆိုရမည့်သူများစာရင်းနှင့် ဖြေဆိုရမည့် နေ့ရက်၊အချိန်တို့ကို (၃၀-၀၆-၂၀၁၅) နေ့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရုံးခန်းနှင့်  HCTA ကျောင်းတို့တွင် လာရောက်ကြည့်ရှုနိုင်သည်။

သင်တန်းကြေးမှာ အခမဲ့ဖြစ်ပြီး လူဦးရေကန့်သတ်ထားပါသဖြင့် အရည်အချင်းသတ်မှတ်ချက်အားလုံးနှင့် ကိုက်ညီပြီး ဟိုတယ်ဝန်ဆောင်မှုနှင့် အစားအသောက် စီမံချက်ပြုတ်မှုများကို အမှန်တကယ်စိတ်ဝင်စားသူများကိုသာ ဦးစားပေး ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

 

 
                

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts