Yan Naung (Bo Ta Htaung) သတင်းပဒေသာ

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ပြုလုပ်မည်

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲ ပြုလုပ်မည်ရန်နောင်(ဗိုလ်တထောင်) မိုးမခ မေ ၂၉ ၂၀၁၅

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိမှတ်ဖွယ်ရာများ ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၅ ရက် သောကြာနေ့ ညနေ ၅နာရီ အချိန်တွင် ဗြိတိသျှကောင်စီစာကြည့်တိုက်၌ ကျင်းပမည်ဖြစ်သည်။

ဟောပြောဆွေးနွေးမည့်သူများမှာ Myanmar Climate Change Watch မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာဦးထွန်းလွင် နှင့် Myanmar Enviromental Working Group မှ အကြံပေးအရာရှိ ပါမောက္ခဦးခင်မောင်ချိုတို့ ဖြစ်ပြီး ဆွေးနွေးပွဲတွင် Climate Knowledge for Climate Action (ဥတုရာသီဆိုင်ရာ ဗဟုသုတ) နှင့် Managing Resources for Sustinable Development ( ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သယံဇာတများအား စီမံခန့်ခွဲမှု) အကြောင်းအရာများကို တင်ပြဆွေးနွေးသွားမည်ဖြစ်သည်။

ဟောပြောပွဲအပြီးတွင် ဆရာကြီးတို့နှင့် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဇွန်လ ၄ ရက် ကြာသပတေးနေ့ နောက်ဆုံးထား၍ အွန်လိုင်းတွင် https://www.surveymonkey.com/s/bc-librarytalk မှ စာရင်းပေး၍ဖြစ်စေ ၊ဗြိတိသျှကောင်စီ စာကြည့်တိုက် (၂၅၄၆၅၈/၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာ library.enquiries@mm.britishcouncil.org) သို့ ဆက်သွယ်၍ ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts