ကဗျာ စောငို

စောဝေ – အဖေတူသားများ

စောဝေ – အဖေတူသားများ
(မိုးမခ) မေ ၂၇၊ ၂၀၁၅

အနှစ်သာရတွေပြောပြီး
အကာတွေပဲ လုပ်ခဲ့တယ်။

အများအတွက် ကြွေးကြော်ပြီး
ကိုယ်ကျိုးစီးပွားပဲ လုပ်ခဲ့တယ်။

ဂလိုဘယ် (လ်) လိုက်ဇေးရှင်းပြောပြီး
တမိန့်တအာဏာပဲ သုံးခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားမရှိဘူးပြောပြီး
နိုင်ငံရေးပါတီဖွဲ့ပြီး အနိုင်ယူအုပ်ချုပ်တယ်။

ဖက်ဆစ်နဲ့ ကွန်မြူနစ်ကို မုန်းတယ်ပြောပြီး
မြောက်ကိုရီးယားလို ဆက်ဆံကျင့်သုံးခဲ့တယ်။

ငြိမ်းချမ်းရေရးကို လိုလားတယ်ဆိုပြီး
လက်နက်ကျည်ဆံတွေနဲ့ပဲ အဖြေရှာတယ်။

လွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီး
ခိုး၊ ဆိုး၊ ဓါးပြ၊ ဘိန်း၊ မုဒိမ်းတွေပဲ လွှတ်ပေးတယ်။

ကြိုဆိုပါတယ် ကြိုဆိုပါတယ်ဆိုပြီး
ဒေါ်စုကြည်လို့ပဲ သုံးစွဲနေတယ်။

ဒီမိုကရေစီဆိုပြီး
ကမ္ဘာကြီးကို မျက်လှည့်ပြဖို့ ကြိုးစားတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts