Yan Naung (Bo Ta Htaung) သတင်းပဒေသာ

စာရေးဆရာ ဝင်းငြိမ်း ၏ “ နန်းကျဘုရင် ” ဘာသာပြန်စာအုပ် မိတ်ဆက်ပွဲ ကျင်းပပြုလုပ်

 စာရေးဆရာ ဝင်းငြိမ်း ၏ “ နန်းကျဘုရင် ” ဘာသာပြန်စာအုပ်
မိတ်ဆက်ပွဲ
ကျင်းပပြုလုပ်
ရန်နောင်(ဗိုလ်တထောင်)   (မိုးမခ) မေ ၂၁  ၂၀၁၅
                   ဒေါ်ဒေဝီသန့်ဇင် ၊ ထိပ်စုမြတ်ဘုရားကြီး
                          စာရေးဆရာ မများ
                             စာရေးဆရာမ ခင်သန္တာ
                       ဒေါ်ဒေဝီသန့်ဇင်

 

                              ဦးဝင်းငြိမ်း
            စာရေးဆရာ
ဝင်းငြိမ်း ၏ ဘာသာပြန်လက်ရာ  “ နန်းကျဘုရင်
” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၅ လမ်း (အလယ်)
ရှိ River Ayeyarwadddy Gallery တွင် ၂၀၁၅ ခုနှစ် မေလ (၂၁) ရက်နေ့ နေ့လည်(၃) နာရီက
ကျင်းပပြုလုပ်ခဲ့သည်။
 
            ထိုစာအုပ်သည်  စာရေးဆရာမ SUDHA SHAH ၏ The King In Exile စာအုပ်အား
ဆရာ ဦးဝင်းငြိမ်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။ စာအုပ်မိတ်ဆက်ပွဲတွင် နန်းကျဘုရင်
သီပေါမင်း၏ မြစ်တော် စာရေးဆရာမ ဒေါ်ဒေဝီသန့်ဇင် မှ တော်ဝင်နန်းဆက်များအကြောင်းနှင့်ပတ်သက်၍
အမှတ်တရစကားပြောကြားခဲ့သည်။ ထို့နောက် စာရေးသူ ဆရာဦးဝင်းငြိမ်း ကိုယ်တိုင် စာအုပ်အား
ဘာသာပြန်ဖြစ်ခဲ့ပုံနှင့်ပတ်သက်၍ အမှတ်တရ စကားပြောကြားခဲ့သည်။
 
            စာအုပ်မိတ်ဆက်ပွဲသို့ သီပေါအရှင်၏ အနွယ်တော်များ
ဖြစ်ကြသော မြေးတော်၊ မြစ်တော်များ ၊ စာရေးဆရာများ တက်ရောက်ခဲ့ကြသည်။
 

 

            အဆိုပါ
စာအုပ်ကို ငါတို့စာပေမှ ထုတ်ဝေပြီး တန်ဖိုး လေးထောင်ကျပ်ဖြင့် ဖြန့်ချိလိုက်ပြီဖြစ်သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts