စာစုတို

နေ၀န်းနီ (မန္တ​လေး) – ကဗျာ​တွေထဲက မန္တ​လေး

 နေ၀န်းနီ (မန္တ​လေး) – ကဗျာ​တွေထဲက မန္တ​လေး
(မိုးမခ) မေ ၂၀၊ ၂၀၁၅

ကြည်​နူးဆွတ်​ပျံ့ဖွယ်​ အလှတရားများဖြင့်​ပြည့်​နှက်​​သော မန္တ​လေးကို ​ရှေး​ခေတ်​ ကဗျာစာဆိုပညာရှိ​တော့အစ ယ​နေ့​ခေတ်​ ​​ခေတ်​​ပေါ်ကဗျာဆရာ​တွေထိ အသိမ်​​မွေ့ဆုံးအ​တွေး အလှဆုံး​သောစိတ်​ကူး ကျစ်​လစ်​​သောစကားလုံးများဖြင့်​ မန္တ​လေးကို အမျိုးမျိုးကဗျာ မရိုးနိုင်​​အောင်​ဖွဲ့ဆိုသွားကြသည်​။ မန္တ​လေးကို ကဗျာဖွဲ့ဆိုကြသူထဲတွင်​ အချုပ်​တန်းဆရာ​ဖေက မန္တ​လေး​ဆောင်းအ​အေးလွန်​ကဲပုံကို အခုလိုလှပစွာသရုပ်​​ဖော်​ဖွဲ့ထားတယ်​​လေသည်​။

“​ငွေနှင်းရယ်​မှုန်​ ၊ ​လေညင်းရယ်​တသုန်​သုန်​နှင့်
ချမ်းပုံမှာကမ်းကုန်​ရစ်​တာမို့
မန်းတုန်​​အောင်​ လမ်းဆုံကဟစ်​ချင်​​တော့”

ဆရာ​ဖေသည်​ မန္တ​လေး​ဆောင်းရာသီကို ပီပြင်​စွာခံစားသရုပ်​​ဖော်​ပြသွားလို ဆရာ​မောင်​​နွေထက်​ကလည်း “မန္တ​လေး​တောင်​ နဲ့ စကား​ပြောခြင်း” လို့ ကဗျာ​ခေါင်းစီး​ပေးပြီး မန္တ​လေးကို သူမြင်​သည့်​အတိုင်း ကဗျာရှည်​တစ်​ပုဒ်​ကို လှပစွာ​ရေးဖွဲ့ပြ​လေ သည်​။ ဆရာ​မောင်​​နွေထက်​၏ “မန္တ​လေး​တောင်​နဲ့ စကား​ပြောခြင်း” ကဗျာ​လေးထဲမှ ကျွန်​​တော်​နှစ်​သက်​သည့်​အပိုဒ်​​လေး အား တင်​ပြလိုက်​ပါတယ်​။

“အရီး​တောင်းတစ်​ထုပ်
ထိုးမုန့်​ထုပ်​နဲ့လဲ
ငါ့မန္တ​လေး​တောင်​က
မျက်​နှာမလုပ်​တတ်​ပါဘူး…
…………………………………
…………………………………
မန္တ​လေးရဲ့ ​ရွှေကဗျာ​ခေတ်
အနာဂတ်​မှာသစ်​​တော့မယ်
( မန္တ​လေး​တောင်​နဲ့ စကား​ပြောခြင်း – ကဗျာမှ)

မန္တ​လေး​တောင်​နဲ့စကား​ ပြောပြီး ဆရာ​မောင်​​နွေထက်​က သူ၏မန္တ​လေးက မျက်​နှာမလုပ်​တတ်​​ကြောင်းကို လှပစွာဖွဲ့ဆိုပြသွား​လေသည်​။မန္တ​လေးကို ကဗျာများဖွဲ့ဆိုသည့်​အထဲတွင်​ ပြည်​တွင်းက ကဗျာဆရာများသာမက နိုင်​ငံခြသားကဗျာဆရာ မစ္စ တာ Rudyard Kipling ​ရေးသား​သော “The Road to   Mandalay” ကဗျာတွင်​  မန္တ​လေးကို သူမြင်​​တွေ့ခံစားသည့်​အတိုင်း ဖွဲ့ထားသည်​။

“ပူ​လောင်​ပြီး ဖုန်​တ​ထောင်း​ထောင်းဖြင့်
ဗရပွဖြစ်​​နေ​သော်​လည်း
အ​ပေါ်ယံရဲ့​အောက်​ လှပ်​ကြည့်​လိုက်​လျှင်
လှုပ်​ရှားတက်​ကြွ​နေတဲ့မြို့​တော်
ထင်​ရှားနက်​​စောက်​တဲ့သမိုင်း​ကြောင်း​တွေရှိတဲ့မြို့​တော်
ခေတ်​မီမြို့​တော်​ဖြစ်​ရန်​အတွက်​လည်း လျှင်​မြန်​စွာ​ပြောင်းလဲ  …. နေတဲ့မြို့​တော်​”

(The Road to Mandalay – ကဗျာမှ)

စသည်​ဖြင့်​မန္တ​လေးမြို့၏ကြည်​ နူးဆွတ်​ပျံ့ဖွယ်​အလှတရားများသည်​ တခါ​တွေ့ဖူးရုံဖြင့်​​ပျောက်​ကွယ်​သွားနိုင်​မှာမဟုတ်​သည့်​အ​ကြောင်းကို ကဗျာဆရာ မစ္စတာ Rudyar Kipling က အမွှန်းတင်ဖွဲ့ဆိုပြသွားသည်​။ကဗျာဆရာ​တွေတင်​ မန္တ​လေး ကို ကဗျာဖွဲ့ကြမဟုတ်​။ ကျွန်​​တော်​၏သူငယ်​ချင်းဖြစ်​သူ ကဗျာဆရာမ သဇင်​မွန်​ဟန်​ကလည်း “ငါသိပ်​မုန်းတယ်​ မန္တ​လေး”လို့​ခေါင်းစဉ်​​ပေးပြီး သူမ မန္တ​လေးကို ဘယ်​​လောက်​ချစ်​​ကြောင်း​ပြောပြသွာသည်​။

“ငါသိပ်​မုန်းတယ်​ မန္တ​လေး
အဲ့ဒါ​တွေ​ကြောင့်
အဲ့ဒါ​တွေ​ကြောင့်​​ပေါ့

ငါသိပ်​မုန်းတယ်​ မန္တ​လေး
မုန်းတယ်​ မုန်းတယ်​လို့
အသက်​ထွက်​မတက်​​ပြောတာ​တောင်
သံ​ယောဇဉ်​​တွေပိုပိုတိုး
ငါ့မှာ ​သေမ​လောက်​ချစ်​လာလို့
ဒီတစ်​ခါနင့်ရှေ့​ရောက်​ရင်
မျက်​စိစုံမှိတ်​အံကိုကြိတ်
ငါ့ကိုယ်​ငါပဲ ​ဗြောင်​လိမ်​ပစ်​လိုက်​မယ်
ငါသိပ်​မုန်းတယ်​ မန္တ​လေး”

(ငါသိပ်​မုန်းတယ်​ မန္တ​လေး – ကဗျာမှ)

ကိုး (ခ​ရေရိပ်​) ကလည်း “မ​သေ​သောမြို့က မ​သေ​သောအ​မေ” ဟု​ ခေါင်းစဉ်​​ပေးပြီး မန္တ​လေးရဲ့သမိုင်း မရိုင်းဖို့ သမိုင်း​ပေး တာဝန်​​ကျေပွန်​ဖို့ သူ့အ​မေကို ကတိ​ပေးထား​လေသည်​။

 “အ​မေက မန္တ​လေးကို ကာကွယ်​သလို
ကျွန်​​တော်​တို့လည်း ကာကွယ်​တယ်

အ​မေ​ပေးတဲ့
သမိုင်း​ပေးတာဝန်​​ကျေပွန်​ဖို့
ဒီမြို့နဲ့ ဒီမြို့သမိုင်း
Made In China မဖြစ်​​စေရဘူး….အ​မေ”

(မ​သေ​သောမြို့က မ​သေ​သောအ​မေ – ကဗျာမှ)

ကဗျာ​တွေထဲကမန္တ​လေး အ​ကြောင်းကို​ရေးလျှင်​ပြီးနိုင်​ဖွယ်​မရှိ​ပေ။အထက်​​ဖော်​ပြခဲ့​သော ကဗျာဆရာ၊ ဆရာမတို့သည်​ သူ တို့​ တွေ့ကြုံ​နေရသည်​ မန္တ​လေး၊ သူတို့မြင်​​နေရတဲ့မန္တ​လေးကို အလှဆုံးစိတ်​ကူး​တွေနဲ့ ရိုးသားစွာ​ရေးဖွဲ့သွားကြ​လေသည်​။ ကဗျာဆရာ​တွေကဗျာဖွဲ့လို့မကုန်​တဲ့ မန္တ​လေးမြို့ကြီး ကျန်​မာ ချမ်းသာပါ​စေ …။ ။

လေးစားစွာဖြင့်
နေဝန်းနီ (မန္တ​လေး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts