ကဗျာ ရန်လင်းအောင်

ရန်လင်းအောင် – ငါများနေပြီနှင့် အခြားဝတ္ထုတိုများ

ရန်လင်းအောင် – ငါများနေပြီနှင့် အခြားဝတ္ထုတိုများ
(မိုးမခ) မေ ၂၀၊ ၂၀၁၅

ပျော်စရာတွေများတဲ့ခေတ်မှာ
နာကျည်းမှုတွေ ပိုများလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
ရန်လိုမှုတွေ သွေးတိုးပိုစမ်းလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
အကြမ်းဖက်တွေ လက်ပိုသွက်လာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
မရှုနိုင်မကယ်နိုင်တွေ ပိုများလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
အမုန်းမီးတွေလေပင့်ခံရတာ ပိုများလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
အိပ်မရညတွေ ပိုများလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
ဗုံမဟုတ် ပတ်မဟုတ်တွေ ပိုများလာတယ်

ပျော်စရာတွေများတဲ့ခေတ်မှာ
သန္ဓေဆိုးနဲ့ မိုးတွေ အတိုးချ ပြီး
ပို ပို သည်းလာတယ် ။          ။

ရန်လင်းအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts