ကဗျာ သစ်ကောင်းအိမ်

သစ်ကောင်းအိမ် – ညဆိုင်း …

 သစ်ကောင်းအိမ် – ညဆိုင်း …
(မိုးမခ) မေ ၁၇၊ ၂၀၁၅

စီးကျသွားတဲ့
ချွေးတစက်ရဲ့အသံဟာ
ပေါက်တူးနဲ့
မြေအောက်ကသတ္တုတခုခုနဲ့ ထိရှသံလို
ငယ်သံပါနေတယ်

အိမ်အပြန်
စက်ရုံတံခါးဝမှာ
ကမ္ဘာတဖက်ခြမ်းမှာ
လပါးဝခဲ့တဲ့
လပြည့်ညက
အလုပ်ရှင်တယောက်လို
ခါးထောက်စိုက်ကြည့်နေတယ်

အိမ်အပြန်
မေလရဲ့လမ်းမတွေပေါ်မှာ
တံလျှပ်တွေ မဲပုံးထောင်နေတယ်။

(၁၆ မေလ၊ ၂၀၁၅)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts