(မိုးမခ) မေ ၁၀၊ ၂၀၁၅
မန္တလေးနှင့်သာသနာ၊ သာသနာနှင့်မန္တလေး ခွဲခြား၍မရနိုင်။ အမြဲပင် ဒွန်တွဲလာခဲ့သည်။ ထို့ကဲ့သို့ သာသနာနှင့် မန္တလေး အမြဲဒွန်တွဲလာနိုင်အောင်လည်း သာသနာပြုဘုရင် အရှင်မင်းတုန်းမင်းတရားကြီးက သာသနာ့မျိုးစေ့ကောင်းများ စိုက်ပျိုး ခဲ့ခြင်းကြောင့်ဖြစ်သည်။ မင်းတုန်းမင်းတရားကြီးပြုစုပျိုးထောင်ခဲ့သောသာသနာသည် မန္တလေးမြို့၌ ယနေ့တိုင် ထွန်းပြောင်နေခဲ့သည်။ ဤသို့ပြုစုပျိုးထောင်ခဲ့သည့်သာသနာပြုစိတ်သည် ယနေ့တိုင် မန္တလေးသူ မန္တလေးသားများစိတ်၌ အမြစ်တွယ်လျှက်ရှိသော သာသနာပြုစိတ်ကို “၁၂၅၇ ခုနှစ်“ ကတည်းက တည်ထောင်ထားသည့် သာသနာ့မိခင်ကြီးဖြစ်သည့် “မလွန်ဆန်လှူအသင်းကြီး” က မီးမောင်းထိုးပြထားပေသည်။
မန္တ လေးမြို့ဗြိတိသျှနယ်ချဲ့လက်အောက်ကျရောက်သွားပြီး မန္တလေးမြို့သူ မြို့သားတွေအနေနဲ့ ရုတ်တရက် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိတော့ပေ။ သို့ပေမယ် လေးငါးဆယ်နှစ်ကြာတဲ့အခါမှာတော့ ဘာသာ၊ သာသနာ့အရေးတွေကို စုရုံးပြီး စတင်လှုပ်ရှားကြတယ်။ မန္တလေးအရှေ့ပြင်သားတွေကလည်း အသင်းအဖွဲ့တစ်ခုဖွဲ့စည်းပြီး လောကမာရဇိန် ကုသိုလ်တော်ဘုရားပြန်လည်ပြုပြင်မွမ်းမံကြတယ်။
မန္တလေးအ နောက်ပြင်တွင်လည်း ဆရာတော်ဦးဝိစိတ္တသာရဘိဝံသက “သာသနာ့မိခင်ကြီးနဲ့ ဖခင်အသင်းကြီးများ” လို့ခေါ်တဲ့ မလွန်ဆန်လှူအသင်းကြီးနဲ့ ပရိယတ္ထိသာသနာ့ဟိတ အသင်ကြီးနှစ်သင်းကို တည်ထောင်လိုက်ကြတယ်။ နောက်ထပ် မန္တလေးမြို့ရဲ့ တက်ကြွတိုးတက်နေတဲ့လူငယ်တွေက ခရစ်ယာန်သာသနာ့ပြုတွေ ပညာရေးနဲ့ထိုးဖောက်ဝင်ရောက်စည်းရုံးလာတာကိုပြန်လည် တုံ့ပြန်ဖို့အတွက် ဗုဒ္ဓသာသနာ့နုဂ္ဂဟကျောင်း {ဘီတီအင်} ကို ဖွဲ့စည်းတည်ထောင်ကြပြန်တယ်။
စစ်ကိုင်းတောင်ရိုး၊ မင်းကွန်းတောင်ရိုး၊ ရန်ကင်းတောင် စသည့် သာသနာ့တွေဝန်းရံထားတဲ့ မန္တလေးမြို့နေ ရဟန်းသံဃာတော်များကို အချို့ကျေးလက်တောမြို့လေးတွေက “မန္တလေးမှာလည်း ဒီကိုယ်တော်က ဘုရားကြီးတိုက် ၊ မဟာဝိသုဒ္ဓါရုံတိုက် ၊ မစိုးရိမ်တိုက် အဲ့ဒီစာသင်တိုက်ကြီးတွေမှာ အနှံ့နေလာတာ စာမတက်ဘဲဘယ်ရှိမလဲ စသည်ဖြင့် ပြောကြားကြလေသည်။ မန္တလေး၌နေထိုင်ဖူးသည့် ရဟန်းသံဃာတော်များသည် ဂုဏ်သတင်းတင့်၍ အဆင့်တန်းမြင့်ပေသည်။မန္တလေး၌မနေထိုင်ဖူးလျှင် ဂုဏ်သတင်းသေးသိမ်၍မှေးမှိန်၏ဟုလည်းဆိုကြပြန်သေးသည်။မန္တ လေးမြို့ကိုတောမြို့များက အထင်ကြီးမည်ဆိုလျှင်လည်းကြီးမားလောက်ပါပေသည်။ယခုအခါသာသနာသည် ကမ္ဘာနှင့်ရင်ဘောင်တန်းနေရသည်ဖြစ်သဖြင့် ကမ္ဘာနှင့်ဆက်ဆံရန် ရဟန်းသံဃာတော်များ အင်္ဂလိပ်စာသင်ကြားကြရသည်။ထို့ကြောင့်ရွှေမန်းသာသနာ့၌ အင်္ဂလိပ်စာသည် အသက်ဝင်အရေးပါနေပေသည်။ဒုတိယကမ္ဘာစစ်ကြီးမဖြစ်မှီက အင်္ဂလိပ်စာသင်ကြားခြင်းကို ရှုတ်ချခဲ့သော်လည်း သာသနာ့ ချစ်သော ရွှေမန်းလူထုက နှစ်သက်သဘောကြလက်ခံထားပေးကြသည်။မန္တလေးမြို့၌သီတင်းသုံးနေထိုင် တော်မူသည့် စာသင်သားတို့သည် မြို့နေလူထု နှင့်မမျှအောင်ပြားလာကြပေသည်။သို့ပေမယ့် စာသင်သားရဟန်းသာမဏေများဆွမ်းရေး မခက်ခဲစေရန် အတွက် မန္တလေးမြို့ရှိရပ်ကွပ်တိုင်းတွင် လူငယ်လေးတွေစုပြီး လူငယ်ဘုံဆွမ်းလောင်းအသင်းများကိုတည်ထောင်ထားကြပေသည်။
အချုပ်အားဖြင့်ဆိုရလျှင်မန္တလေးသူ၊ မန္တလေးသားသားတို့၏စိတ်ဓာတ်က ခိုင်မာလှပေသည်။ မန္တလေးသူ၊ မန္တလေးသားတို့ သဒ္ဓါတရားကား မည်သည့်အရပ် မည်သည့်မြို့ရွာနှင့်မျှ မနှိုင်းယှဉ်အပ် အထွက်မြတ်ဆုံးဖြစ်ပေသည်ဟု ဆိုရပါမည်။ မဆုတ်မနစ်ဇွဲတို့ဖြင့် ရွှေမန်းသာသနာ ဆတက်ထမ်းပိုး တိုးတက်၍ အဓွန့်ရှည်တည်တံ့ပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းလိုက်ရပါတယ်။