Yan Naung (Bo Ta Htaung) သတင်းပဒေသာ

မြန်မာ့ အငြိမ့်သဘင်ရေစီးကြောင်း ၊ တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ ၊ Channel Zero ဇာတ်လမ်းတွဲ နှင့် ရင်တွင်းရေးပြဿနာ ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းအတွက် ကန်တော့ပွဲပေး အခမ်းအနားပြုလုပ်

 

မြန်မာ့ အငြိမ့်သဘင်ရေစီးကြောင်း ၊ တမ်းတမ်းတတ ဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ ၊ Channel Zero ဇာတ်လမ်းတွဲ နှင့် ရင်တွင်းရေးပြဿနာ ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းအတွက် ကန်တော့ပွဲပေး အခမ်းအနားပြုလုပ် 

ရန်နောင်(ဗိုလ်တထောင်) ၊ မိုးမခ မေ ၆ -၂၀၁၅

မြန်မာ့ အငြိမ့်သဘင်ရေစီးကြောင်း ၊ တမ်းတမ်းတတဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ ၊ ရင်တွင်းရေးပြဿနာဇာတ်လမ်းတွဲ နှင့် Channel Zero ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းအတွက် ကန်တော့ပွဲပေးအခမ်းအနားကို ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ စင်ထရယ်ဟိုတယ်တွင် မေလ ၆ ရက် နေ့လည် ၁ နာရီ ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြန်မာ့အငြိမ့်သဘင်ရေစီးကြောင်းတွင် ဇာဂနာ နှင့် အရိုင်းတို့မှ စီစဉ်ပြီး နန်းခင်မွှေး၊ချောစုမျိုး၊ ရွှေရည်ဝင်း၊ စန်းနီလာဝင်း၊ ဝါဝါလှိုင်၊ မေသော်ချစ်၊ဝင်းသပြေထွန်း၊ဝမ်းကေဇင်၊ ဟိန်းသန္တာစိုး ၊ ဝင်းမော်ဦး နှင့် လူရွှင်တော်များစွာပါဝင်သရုပ်ဆောင်ထားသည်။

တမ်းတမ်းတတဖြစ်ခဲ့ရသော ရုပ်ရှင်သီချင်းများ ကို ဒါရိုက်တာဦးအောင်မြင့်မြတ် ရိုက်ကူးပြီး ဦးအောင်လွင် စီစဉ်ကာ တေးဂီတ အကယ်ဒမီခင်မောင်ကြီး နှင့်အဖွဲ့ အဆိုတော်များစွာ ပါဝင်သည်။
ရင်တွင်းရေးပြဿနာဇာတ်လမ်းတွဲ တွင် ဇာတ်လမ်း၊ ဇာတ်ညွှန်း မယ်မင်းဘုံ ၊ဒါရိုက်တာ ဟိန်းစိုး ရိုက်ကူးပြီး နိုင်းနိုင်း ၊သင်ဇာဝင့်ကျော်၊ ဦးအောင်လွင်၊ ရဲမွန်၊အံ့မင်းညို နှင့် Home Arts သင်တန်းသား/သူများ က ပါဝင်သရုပ်ဆောင်ထားသည်။

Channel Zero ဇာတ်လမ်းတွဲတွင် ဇာတ်လမ်း မောင်သူရ ၊ ဇာတ်ညွှန်း သူရဿဝါ ၊ဆူးခက်မင်း၊ချမ်းထက်ဟန် တို့ကရေးသားပြီး ဒါရိုက်တာဟိန်းစိုး နှင့် မောင်သူရတို့က ရိုက်ကူးကာ ဦးအောင်လွင်၊အရိုင်း၊ ငှက်ပျောကြော်၊ညောင်ညောင်၊ရန်ပိုင်စိုး နှင့် Home Arts သင်တန်းသား၊သူများ က ပါဝင်သရုပ်ဆောင်ထားသည်။

အစီအစဉ်အရ ဒါရိုက်တာများ၊ သရုပ်ဆောင်များ၊ဇာတ်ညွှန်းရေးဆရာများက ကန်တော့ပွဲများ ကန်တော့ခြင်းဖြင့် အခမ်းအနားကို စတင်ခဲ့သည်။
ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူး ဦးကြည်ထွန်း၊ ဦးအောင်လွင်၊ ဦးဟိန်းစိုး၊ ဦးသူရ ၊ နိုင်းနိုင်း၊ဒေါ်မြင့်သန္တာစိုးတို့မှ ဇာတ်လမ်းတွဲများရိုက်ကူးရခြင်းနှင့်ပတ်သက်၍ ပြောကြားခဲ့ကြသည်။

ဇာတ်ကားများ ကို မြန်မာ့အသံ နှင့်ရုပ်မြင်သံကြားဌာန နှင့် Home Media တို့ ပူးပေါင်းတင်ဆက်ခြင်းဖြစ်သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts