ကဗျာ

ညိုထက်ညို – လာမယ့်သောကြာ

  ညိုထက်ညို – လာမယ့်သောကြာ
(မိုးမခ) မေ ၄၊ ၂၀၁၅

မလိုသူတွေက
မလွမ်းဘူးလို့ ပြောမယ်
ဆောင်းဝင်လာတာကို သက်သေပြဖို့
တိုက်ရှေ့က အပင်ကလေးက
အရွက်ကလေးတွေ ချွတ်ပြတယ်
အရှေ့ဘက်မုခ်က
မတက်ရတာ ကြာခဲ့ပြီ
လက်ဖက်ရည် ကျဆိမ့်
မသောက်ရတာ ကြာခဲ့ပြီ
ငါလည်းပဲ မှားတတ်တဲ့သူဆိုတာ
သက်သေပြဖို့ မလိုဘူး
မေလမှာလာတဲ့ ဆောင်းနဲ့တင်
အိမ်နဲ့ဝေးနေတာကို သက်သေပြလို့ရတယ်
အသက်နဲ့ အသံကို ပြန်စိုက်ရင်
အသံနဲ့ အသက်တွေ ပြန်သီးမှာလား ။   ။

ညိုထက်ညို

 

Photo by Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts