ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၄)

 မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၄)
(မိုးမခ) မေ ၃၊ ၂၀၁၅

လာနေပြီ
နည်းဟောင်းအတိုင်းပဲ
သပိတ်စစ်ကြောင်းထဲ
ထိုးခွဲဘို့
ထောက်လှမ်းရေးသူလျှို
လိုသလို ထည့်ထားခဲ့တယ်။

တ . က . သ
ဘာလဲ ဘယ်လဲ
ဗ . က . သ
ဘယ်လဲ ဘာလဲ
အမဲလိုက် ခြေရာခံ
ရန်သူက စောင့်ကြည့်နေပြီပေါ့ ။

( ၈၈ အရေးတော်ပုံမှာ
မ . က . သ ပေါ်ထွက်လာ
ရန်သူက လက်သပ်မွေးခဲ့
မ . က . သ ရဲ့ ပူးသတ်ရေး လမ်းစဉ်
ရွှေသမင်လို
တံလျှပ် ရေထင်ခဲ့ဘူးတယ်။

ဗ. က . သ
ရန်သူက လက်မြှောက်
ဒူးထောက်ခဲ့ရ
ဘယ်လိုမှ မွေးမရ။ )

ယုံကြည်ချက်
ထက်မြက်ပြတ်သား
ကျောက်သား သံမဏိ
သတ္တိခဲ ရဲရဲတောက်
သပိတ်မှောက်ကျောင်းသား
အင်အားကြီးသူ ပြည်သူနဲ့အတူ
အောင်ပွဲခံသူ ဖြစ်လာမယ်။

မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၁၀ -၂၀၁၅

သရုပ်ဖော် ပန်းချီ – သန်းဌေးမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts