ကဗျာ

မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၂)

  မောင်စိုးချိန် – ကျောင်းသားသပိတ် အရေးတော်ပုံ (၂)
(မိုးမခ) ဧပြီ ၂၇၊ ၂၀၁၅

သမိုင်းခေတ်
တခေတ်ပြီး တခေတ်ပြောင်း
အဟောင်းဖျက်သိမ်းခြင်းအစ
ကျောင်းသားသပိတ်က။

ကျောင်းသားသပိတ်
ခေတ်ရဲ့ အရိပ်
ခေတ်ရဲ့ ကြေးမုံ
ခေတ်ရဲ့ အနာဂါတ်
ခေတ်ရဲ့ မီးလျှံ
ခေတ်ရဲ့ ဦးနှောက်
ခေတ်ရဲ့ အသည်းနှလုံး
ခေတ်ရဲ့ ဗိသုကာ
ခေတ်ရဲ့ တပ်ဦး
ဂုဏ်ပုဒ် ထူးတယ်။

စစ်ခေတ် စာသန်ခန်း
အချုပ်ခန်းပဲ
ကျောင်းသား
အကျဉ်းသားပဲ
တင်းကြပ်နှောင်ကြိုး
ဖြတ်ချိုးလိုကြ။

စစ်ကျွန်ပညာအလိုမရှိ
ဒီမိုကရေစီ
ဦးတည်လှုပ်ရှား
ကျောင်းသားသပိတ် အရေးတော်ပုံ
မိုးမြေသိမ့်သိမ့်တုန်ပြီကော။

မောင်စိုးချိန်
ဖေဖေါ်ဝါရီ ၂၊ ၂၀၁၅။

သရုပ်ဖော်ပန်းချီ သန်းဌေးမောင်
ဆက်စပ်ဖတ်ရှုရန်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts