Han Thit Naing ဓာတ်ပုံသတင်း

စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲ နှင့်ဈေးရောင်းပွဲတော်ပြုလုပ်


ဟန်သစ်နိုင် ၊ ၂၆ အောက်တိုဘာ ၂၀၁၃
          အောက်တိုဘာ၂၀ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်သော စာအုပ်စာပေ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် UMFCCI ခမ်းမ၌ ကျင်းပခဲ့ပြီး စာအုပ်ဈေးရောင်းပွဲတော်ပါ ပူးတွဲပြုလုပ်ခဲ့သည်။
         အောက်တိုဘာ ၂၂ ရက် ခေတ်ပေါ်ကဗျာဆွေးနွေးပွဲတွင် ကဗျာဆရာ နေမင်းညိုက  ပြောကြားရာတွင် ခေတ်ပေါ်ကဗျာများသည် ၁၉၇၀ နောက်ပိုင်းတွင် အားကောင်းကောင်းဖြင့် ပေါ်ပေါက်လာခဲ့ပြီး  ထောင်တန်းကျခဲ့တဲ့အထိ ဖြတ်သန်းလာခဲ့ရကြောင်း၊ လေးလုံးစပ်ခြယ်သထားသော ကဗျာများနှင့် တချို့ကဗျာတွေရဲ့ခေတ်ဟောင်းဟာ ရှေးမဂ္ဂဇင်းတချို့နှင့် အစိုးရဌာဆိုင်းရာ မဂ္ဂဇင်းများတွင်သာ
ဆက်လက်ရှင်သန်ခဲ့ပြီး ပုဂ္ဂလိကမဂ္ဂဇင်းများတွင် နည်းပါးသွားခဲ့ရကြောင်း၊ ခေတ်ပေါ်ကဗျာများသည် လေးလုံးစပ်ရဲ့ ကျေးဇူးနဲ့ ဂုဏ်သိက္ခာကို
ထိပါးလိုခြင်း၊ မထီမဲ့မြင်ပြုလုပ်ခြင်း အလျင်းမရှိဘဲ မိမိတို့ရဲ့ခေတ်ကာလ တလျှောက် မိမိတို့အနုပညာတွေကိုသာ ဖြတ်သန်းခဲ့ခြင်းဖြစ်ကြောင်း၊ လေးလုံးစပ်များကို မိမိတို့ ယနေ့အချိန်ထိ  မြတ်နိုးနေဆဲဖြစ်ကြောင်း၊ ပိတောက်ပွင့်သစ်၊ ရုပ်ရှင်တေးကဗျာ၊ မြန်မာသစ်၊ စာပေဂျာနယ်၊  နွယ်နီ၊ ရနံ့သစ်အစရှိသော မဂ္ဂဇင်းများသည် ကဗျာနှင့်ပတ်သက်လျှင် ဦးစားပေးခဲ့ခြင်းကြောင့် ဒီမဂ္ဂဇင်းများ ၏ကျေးဇူးကို အထင်ကရဖော်ပြရမည်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။

      “ စာပေကင်ပေတိုင်ရုံးကြီးတွေဟာ ကျွန်တော်တို့် ကဗျာတွေကို ခေါင်းဖြတ်၊ ကိုယ်လုံးဖြတ်၊ ခြေဖြတ်၊ လက်ဖြတ်နဲ့ ထင်ရာ လုပ်ခဲ့ကြတဲ့ကာလကို  အထူးသဖြင့် ကျွန်တော်တို့ ကဗျာဆရာတွေဖြတ်သန်းခဲ့ရတယ်၊  မပြေလည်တဲ့ကြားထဲက ခေတ်ပေါ်ကဗျာတွေကို သယ်ဆောင်လားခဲ့ကြတယ်၊ ကျွန်တော်တို့က ဗျာတွေဟာ ရေးချင်သလိုရေးပြီး ဖော်ပြချင်သလိုဖော်ပြခွင့်ရတဲ့ ကဗျာတွေ မဟုတ်ခဲ့ပါဘူး” ဟု ၄င်းက
ပြောကြားခဲ့သည်။


        မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းကဦးဆောင်သော စာအုပ်စာပေ ဖွံ့ဖြိုး တိုးတက်ရေးဆွေးနွေးပွဲကို ၃ ရက်တာ ကာလတွင်စာပေပညာရှင် (၃၀) ကျော်သည် မြန်မာ့ရသစာပေ၊ ဝထ္ထုတို၊ ဝထ္ထုရှည်၊ဂန္ထဝင်ကဗျာ၊ ခေတ်ပေါ်ကဗျာ၊ အက်ဆေး၊  ဘာသာပြန်စာပေ စသည့်အကြောင်းအရာများကို  ဆွေးနွေးခဲ့ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts