ကဗျာ

စိုးနေလင်း – “ မရိုးတဲ့ ကကြိုး”

 

 စိုးနေလင်း – “ မရိုးတဲ့ ကကြိုး”

(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅

                        

ကောသလ အိပ်မက် ၁၆ ချက် ကို တင်သူကတင်

ပလ္လင်ပေါ်က မျောက်ကို ခြောက်သူကခြောက်

ရေဗူးပေါက်တာ မလိုချင်သူတွေရဲ့ အလို ကိုလိုက်

အသိုက်ဆောက်ကြသူတွေကတော့ 

ရွှေ ဆိုရွှေ စိန်ဆို စိန် ဖြစ်နေကြရဲ့။

မြားကိုတည့်တည့်ပစ်လိုသူတို့ကပ်သင့်

ရှဉ့်လျှောက် ပျားစွဲ လိုသူတို့သာ

ပလာ အစုထဲ တိုးဝှေ့

မေ့ပစ် တမ်းကစားနေကြ 

ညကားချပ် အဟောင်းတွေချည်းသာ။

ခုထိ ညီအကို မသိတသိ ပဲလား

ဓားကတော့ ကျောတွေပေါ်ကို ချပြီးသွားပြီ

ယုံကြည်မှု ယုံကြည်မှု နဲ့ 

အဲ့ဒီ ယုံကြည်မှု ကို ဘာနဲ့တည်ဆောက်ရပါ့။

ကကြိုးကတော့ အမျိုးမျိုး  လှည့်ပြောင်း

(အဟောင်းတွေ ပေမယ့်)

အရောင်းသွက်နေ ကြပြန်ပေါ့။       ။

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts