စာစုတို

ထွ ဋ်ေ ခါ င် ဖြိုး – ကေ လး သ င်္ကြ န်

 ထွ ဋ်ေ ခါ င် ဖြိုး – ကေ လး သ င်္ကြ န်
(မိုးမခ) ဧပြီ ၁၄၊ ၂၀၁၅

(၁)
သြော် … သင်္ကြန်ပင်ရောက်တော့မည်။ ဖေဖော်ဝါရီလ အတန်းတင်စာမေးပွဲ ပြီးခါစကတည်းက ရေည်တွက်နေသည်။ သင်္ကြန်ပိုးက ထိုးနေသည်။ သင်္ကြန်မှာ ကျနော်တို့ပျော်ကြရမည့်အတွေးတွေက မဆုံးနိုင်။ ဧပြီလသည် နွေရာသီပီသစွာ ပူပြင်းလှသည်။ ကျနော်တို့ကလေးတသိုက်သည် ကလေးပီသစွာ ဆော့နေကြသည်။ နေ့ခင်းဘက်မှာ တူတူပုန်းတမ်း ဆော့ သည်။ ညနေပိုင်းမှာတော့ ကျောက်ဒိုးပစ်၊ စိတ်ပြေးတိုင်း၊ ညပိုင်း လသာရင်တော့ ထုတ်ဆီးတိုးတိုင်း ကစားသည်။ တခါ တလေ အိမ်ကမသိအောင် ပုရစ်လိုက်ဖမ်းပြီး ဖယောင်းတိုင်မီးနဲ့  ကင်စားလိုက်သည်။

တန်ခူးလ မတိုင်ခင်လကို မနည်းပြန်စဉ်းစားလိုက်သည်။ သင်္ကြန်ကနေပြီးတော့ “တန်ခူးလ” ဆိုတော့ ဆက်တိုက် ရည်တွက် လိုက်။ ၁၂ လ တည့်တည့်ပြန်ရောက်လာသည်။ သြော် သိပြီ.. တပေါင်းလ။ သိပ်လည်း စိတ်မ၀င်စား။ ရင်ခုန်သံတွေ မရှိ။ ရင်အခုန်ရဆုံးလ တန်ခူးလ။ ရေပက်ရမယ်၊ မုန့်လိုက်စားရမယ်ဆိုတာ အတွေးထဲမှာ ပြည့်နေသည်။ လူတိုင်းကို တရားဝင် စိတ်မဆိုးဘဲ ရေပက်နိုင်တာ တန်ခူးလပဲ ရှိသည်။

သင်္ကြန်မရောက်ခင်ဆိုတော့ ဆိုင်တွေမှာ ရေပြွတ်မျိုးစုံ ပြည့်နှက်နေသည်။ နှာဘူး-နှာခေါင်းနဲ့မျက်မှန် (ဂျိုကာ နှုတ်ခေါင်း)၊ မျက်မှန်ရောင်စုံ၊ ပန်းကုံးမျိုးစုံ…စသည်ဖြင့် သင်္ကြန်ကစားစရာမျိုးစုံနဲ့ပြည့်နှက်နေသည်။ သူငယ်ချင်းတွေကတော့ သူတို့ဝယ် ထားတဲ့ ရေပြွတ်သေနတ်၊ ရေပြွတ်တို့ကို ကြွားနေသည်။ ကျနော်တို့ ညီအကိုကတော့ သူများကြွားတာကို ကြည့်နေရသည်။ ဖေဖေနဲ့ မေမေကလည်း ဘာကိုမှဝယ်မပေးသေး။ ကျနော်တို့က ပြီးခဲ့တဲ့နှစ်ကကျန်တဲ့ တတောင့်ထိုးရေပြွတ်ကိုသာ ယူပြရ သည်။

“မင်းတို့ဟာက မနှစ်ကတည်းကဟာ၊ ငါတို့ဟာက အသစ်တွေ့လား ” ဟု သူတို့က ခံငြင်းနေသည်။

ကျနော်တို့က မင်းတို့ကလည်း “မနှစ်ကတည်းကဟာ ရိုသေလို့ ဒီနှစ်အထိ ခံတာပေါ့ကွ။ ငါတို့မေမေနဲ့ဖေဖေက ငါတို့ကို မင်းတို့ထက်ကောင်းတဲ့ဟာ ၀ယ်ပေးဦးမှာ။ ငါက ရေပြွတ်ပြောထားတယ်။ ငါ့ညီလေးက ရေဘူးတွေအများကြီးပါတဲ့ သေ နတ်သိလား။ သေနတ်က အပေါ်ကနေဆို ရေကစူးပြီး ပြင်းတယ်။ အောက်ကဆို ရေတွေ အလိမ့်လိုက်ထွက်တဲ့ သေနတ် သိလား” ဟု ပြန်ချေပလိုက်သည်။

မေမေက ဖေဖေ့ကို သင်္ကြန်ပစ္စည်းတွေနီးမှဝယ်ပေးဖို့ပြောထားသည်။ နွေရာသီဆို အဘိုးက အိမ်လာလည်သည်။ ကျနော် တို့က အဘိုးကိုအရမ်းချစ်သည်။ အဘိုးက ညဘက်မှာပုံပြောပြသည်။ ကျနော်တို့ ငယ်ငယ်တည်း က အလွတ်ရနေတဲ့ပုံကတော့ မောင်ပေါက်ကျိုင်းအကြောင်းနဲ့ တကောင်းပြည်။ တထောင့်တညပုံပြင်တွေ နားထောင်ရသည်။ အဘိုးကို ညဘက် နှိပ်ပေး နင်းပေးရင်း ကျနော်တို့ ပုံပြင်တွေနားထောင်ရသည်။ ဒီနှစ်နွေရာသီ အိမ်မှာ ကက်ဆက်ဝယ်ထားသည်။ အဲဒီ့ကက်ဆက်ကို မေမေက ကျနော်တို့မမီအောင် ဘီဒိုပေါ်တင်ထားသည်။  အဘိုးက “သင်္ကြန်သီချင်းတွေ နားထောင်မယ်”လို့ ကျနော်တို့ကို လှမ်းပြောလိုက်သည်။ ကျနော်တို့ကလည်း သင်္ကြန်သီချင်းဆို “တူးပို့ တူးပို့၊ ရှာပုံတော်မင်းသားကြီး” တို့လောက်သာ သိသည်။ အခု အဘိုးနားထောင်နေတဲ့ သင်္ကြန်သီချင်းက မြူမှောင်ငွေကင်း။ စိတ်ထဲမှာတော့ “သေပါပြီ။ ဘာသီချင်းကြီးလဲ မသိဘူး” ဟုသာ ငြီးနေမိသည်။

ဒီနှစ် ကျနော်တို့သင်္ကြန်ကို သင်္ကြန်သုံးပစ္စည်းတမျိုးက လွှမ်းမိုးနေသည်။ စတီးရေပြွတ်။

(၂)
မနေ့ ညက မေမေက
“ဒီနှစ်သင်္ကြန်က ဗြဟ္မာ့ဦးခေါင်းကို မဏိမေခလာ နတ်သမီးကိုင်ရတယ်။ ဗြဟ္မာ့ဦးခေါင်းဆိုတာ ချလို့မရဘူး။ မြေကြီးပေါ်ချရင် မြေကြီးမီးလောင်တယ်။ ပင်လယ်ထဲချရင် ပင်လယ်ရေခမ်းတယ်။ အဲဒါကို နတ်သမီး ၄ ပါးက တယောက်ပြီးတယောက် ကိုင်ရတယ်”

အဲ့ဒီ့အချိန်မှာ “မေမေကလည်း ဘယ်မှချလို့မရရင် နတ်သမီးတွေ လက်မညောင်းဘူးလား” ဟု ညီလေးက ၀င် မေးလိုက် သည်။

“ဟဲ့… အဲဒါနောက်စရာမဟုတ်ဘူး။ မနက်ဖြန်ကျရင် နင့်နာမည်ကို သိကြားမင်းက မလိမ္မာလို့ဆိုပြီး ခွေးသရေနဲ့ မှတ်သွားဦး မယ်။ နောက်ပြီးမနက်ဖြန် မနက် ၄  နာရီကျရင် လူ့ပြည်ကို သိကြားမင်းဆင်းမှာသိလား။ သိကြားမင်းက မီးတုတ်ကိုတဖက် ကိုင်ပြီး ဘီလူးဆင်းပြီး ဆင်းလာတယ်။ အဲဒါ နင်တို့ လိမ်လိမ်မာမာနေကြားလား။ လူကြီးတွေ ဥပုသ်ဆောက်သွားမယ်။ နောက်ပြီး သင်္ကြန်တွင်းမှာ ဘယ်သူ့ကိုမှ မဆူချင်ဘူး။ အဲဒါဆို နောက်နှစ်ကူးရင် အားလုံးချို့တဲ့လိမ့်မယ် ” ဟု ကျနော်တို့ကို သေသေချာချာမှာသည်။

ကျနော်လည်း သိကြားမင်း မနက်ဖြန် ဘယ်လိုဆင်းမလဲလို့စဉ်းစားရင်း အိပ်ပျော်သွားသည်။

(၃)
သင်္ကြန်အကြိုနေ့
အချိန်က ၈ နာရီခွဲ။ ဒီနေ့အိပ်ရာစောစောနိုးသည်။ ပြီးတော့ ထမင်းကို အ၀စားလိုက်သည်။ ထင်းစားစားပွဲပေါ်မှာ မုန့်လုံးရေ ပေါ်ပန်းကန်တွေ့သည်။ “မေမေက စားလို့ရတယ်” လို့ လှမ်းပြောလိုက်သည်။ ကျနော်တို့ညီအကိုနှစ်ယောက် လုစားကြသည်။ ရန်တော့မဖြစ်။

ပြီးတော့ ကျနော်တို့ရေကစားဖို့ အိမ်ပေါ်က ဆင်းလာသည်။ ကျနော်က ရေပြွတ်၊ ညီလေးက ရေပြွတ်သေနတ်။ ဘေးအိမ်က သူငယ်ချင်းတွေ ရေပက်နေကြသည်။ ကျနော်တို့လည်း သူတို့နဲ့သွားပေါင်းလိုက်သည်။ သူတို့အကိုကြီးတွေက ရေတွေထည့် ပေးသည်။ ကျနော်တို့ ရေကုန်မှာ ပူစရာမလို။

အဘွားဒေါ်ရှည် ဈေးလာဝယ်ပုံရသည်။ “ကဲ… အားလုံးသတိ။ ရေပက်ဖို့ပြင်” လို့ ကရင်လေးက အချက်ပေးလိုက်သည်။ ကျနော်တို့ကလည်း ရေတွေ ပြေးခပ်ကြသည်။ အဘွား ကျနော်တို့နားရောက်လာသည်။

“ဟဲ့ဟဲ့ ငါဒီနေ့ ဥပုသ်ဆောက်သွားမှာ ငါ့ကိုရေမပက်ကြပါနဲ့ ” လို့ လှမ်းပြောသည်။ ကျနော်တို့ကလည်း “ရေ ပက်မခံချင်ရင် ယောဂီဝတ်အဘွား။ အခုတော့ ပက်ပြီ ” ဆိုပြီး ရေ၀ိုင်းလောင်းကြသည်။ ဒီစကားလုံးက ကျနော်တို့အတွက် ရိုးနေလောက်ပြီ။ အဘွားကလည်း ပွစိ ပွစိဖြင့်အော်ပြီး ဈေးဆိုင်ဘက်ကို ထွက်သွားသည်။

“ကဲ .. မိချော လာနေပြီ” လို့ ကရင်လေးက အချက်ပေးလိုက်သည်။ မိချောကို ကြည့်လိုက်သည်။ ယောဂီ ထမီ ၀တ်လာသည်။ သူ ကျနော်တို့ကိုလာပက်တာကို။ “ဟေ့ရောင် အဲဒါ သူ တမင်တကာဝတ်လာတာ။ ရေ၀ိုင်းပက်ကြ” လို့ ကျနော်က လှမ်း ပြောလိုက်သည်။

“ကဲ.. မိချောဘယ်ပြေးမလဲ” လို့ ကျနော်တို့အားလုံး သူ့ကို ၀ိုင်းလိုက်ကြသည်။ မိချောက “ဟဲ့ ငါ ဥပုသ်ဆောက်သွားမှာနော်။ ငါ့ကို ရေမပက်ကြပါနဲ့။ ဒီမှာ ယောဂီထမီဝတ်ထားတယ် မမြင်ဘူးလား”

ကျနော်တို့တသိုက်လည်း တယောက်တပေါက် ၀ိုင်းအ်ာပြီး ရေးလောင်လိုက်ကြသည်။ ဒီလိုနဲ့ကျနော်တို့ နည်းနည်းရိုးလာရာ “ငါတို့ရေပက်ခံထွက်ရအောင်” လို့ စံကောက်က အကြံပေးလာသည်။ ကျနော်တို့ကလည်း ထောက်ခံသည်။

ကျနော်တို့ကလေး ၈ ယောက်တသိုက် ရေပက်ခံဖို့ ထွက်လာသည်။ လှမ်းမှာတွေ့သမျှ လူအကုန်ပက်သည်။ တွေ့သမျှ မဏ္ဍပ်မှာ မုန့်ဝင်စားသည်။ နောက်ရပ်ကွက်တခုရောက်တော့ ကျနော်တို့လိုနောက်တဖွဲ့ သူတို့ အိမ်ရှေ့မှာ ရေပက်နေသည်။

“ကဲ ရဲဘော်တို့ ငါတို့သူတို့အဖွဲ့ကိုဝိုင်းပက်မယ်။ ငါတို့မှာရေကုန်နေပြီ။ သူတို့ရေကို အပိုင်စီးမယ်” လို့ စံကောက်က ကျနော်တို့ကို လှမ်းပြောသည်။

ကျနော်ကလည်း “ဟေ့ရောင်ကရင်လေး မင်းက ခွက်စောင်းခုတ်တာတော်တယ်။ မင်းက ခွက်စောင်းခုတ်။ ငါတို့က ရေနဲ့ဝိုင်း ပက်မယ်။ မိချောတောင် မင်းခွက်စောင်းခုတ်လိုက်တာ နာတယ်လို့ အော်သွားတယ်မဟုတ်လား”  လို့ ကရင်လေးကို လှမ်း ပြောလိုက်သည်။ ကရင်လေးက လက်ကိုပြင်လိုက်သည်။

ကျနော်တို့တသိုက် သူတို့အဖွဲ့နားရောက်လာသည်။ သူတို့တွေကို ကျနော်တို့အဖွဲ့ ရေ၀ိုင်းပက်သည်။ အပြိုင် အဆိုင်။ နောက်တော့ ကျနော်တို့အဖွဲ့လည်း ရေစဥ့်အိုးထဲက ရေတွေကို ပြေးလုကြသည်။ သူတို့အဖွဲ့ကလည်း ကာထားသည်။ ကျနော်တို့အဖွဲ့ စဥ့်အိုးတလုံးကို စီးမိထားသည်။ အဲဒီထဲကတကောင်က စတီးရေပြွတ်နဲ့။ ကျနော်တို့ရဲ့မျက်နှာတွေကို လှမ်း ပက်သည်။

စတီးရေပြွတ်က တော်တော်ပြင်းသည်။ မျက်နှာနဲ့ရင်ဘတ်တွေ နီရဲလာသည်။ ကျနော်တို့အဖွဲ့ တော်တော်များများက ဒီစတီး ရေပြွတ်ကို ၀ိုင်းပက်နေရသည်။ ဒီကောင်ကတော့ မဖြုံတဲ့သဘော။ အပြုံးတောင် မပျက်။

ကျနော်က “ဟေ့ရောင် ကရင်လေး ခွက်စောင်းခုတ်” သူကလည်း ကျနော်တို့ပြောသည့်အတိုင်း လုပ်သည်။ သူ့ ခွက်စောင်း ခုတ်သည့်ခွက်က ကော်ရေခွက်အကြီးကြီး။ သူကတော့ စဥ့်အိုးထဲက သူများရေတွေကိုယူပြီး ခွက် စောင်းလိုက်ခုတ်နေသည်။ ခဏကြာတော့ ကရင်လေးအော်သံ ကြားရသည်။ “ဟေ့ရောင်တွေ ပြေးပြေး” လို့ လှမ်းအချက်ပေးလိုက်သည်။ ကျနော် တို့လှမ်းကြည့်လိုက်သည်။ သူ့ကို ကလေးသုံးယောက်လောက် ၀ိုင်းပြီး ခွက်စောင်းပြန်ခုတ်နေကြသည်။ သူကလည်း ပတ် ပြေးနေသည်။ ကျနော်တို့ကလည်း စတီးရေပြွတ်သမားကို မနိုင်ချင်တော့။ ကိုယ့်ကိုလှမ်းပတ်ရင် ကျောဘက်နဲ့လှည့်ပြီး ကာနေရသည်။

ကျနော်တို့လည်းဝိုင်းပြီး ခွက်စောင်းခုတ်ခံနေရသည်။ မချောင်တော့။ ဒီအချိန်တွင် စံကောက်က “ရဲဘော်တွေ ဆုတ်” လို့ လှမ်းအော်လိုက်သည်။ ကျနော်တို့အဖွဲ့လည်း ပက်ရင်းဆုတ်ရင်း ဆုတ်သွားသည်။ သူတို့အဖွဲ့က ဆက်တော့မလိုက်။

ကျနော်တို့က “ဟေ့ရောင်ကရင်လေး မင်းကသူများခွက်စောင်းခုတ်တာ ဘာလို့ထွက်ပြေးနေတာလဲ” လို့ မေးလိုက်ကြသည်။ ကရင်လေးက “ဟေ့ရောင် သူတို့ခွက်က နို့ဆီဘူးကို ဖြတ်ထားတာကွ။ ပြီးတော့ ရေနည်းနည်းလေးနဲ့ထည့်ထည့်ပြီးခုတ်တာ ငါတော့ ကော့နေတောပဲ” လို့ ပြန်ဖြေသည်။ ကျနော်တို့ကလည်း “စတီး ရေပြွတ်သမားကိုလဲ ငါတို့မနည်း ၀ိုင်းပက်ရတယ်” လို့ သူ့ကို ပြန်ပြောပြရသည်။

ဒီအချိန်တွင် စံကောက်က “မနက်ဖြန်ကျရင် ငါတို့နို့ဆီဘူးတွေဖြတ်ပြီး ပြန်သွားမယ်။ ပြီးတော့ ငါတို့ရေဘောလုံး တွေလည်း ယူသွားမယ်” လို့ ကျနော်တို့ကို လှမ်းပြောနေသည်။

ကျနော်တို့ညီအကိုနှစ်ယောက် နေကို တချက်လှမ်းကြည့်လိုက်သည်။ နေကခေါင်းပေါ်ကိုရောက်တော့မည်။ မေမေက ၁၂ နာရီမထိုးခင် ပြန်လာခဲ့လို့ ပြောလိုက်သည်။

ထွဋ်ခေါင်ဖြိုး
၁၇-မတ်-၂၀၁၅


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts