About MoeMaKa

ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ


 

ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ
(မိုးမခ) ဧပြီ ၈၊ ၂၀၁၅

အွန်လိုင်းပေါ်မှာ အခမဲ့ ဖတ်နိုင်ပြီး လစဉ်ပုံနှိပ်စာစောင်ကို အခပေး ဖတ်ရှုသိမ်းဆည်းထားနိုင်ဖို့ ထုတ်ဝေတဲ့ မိုးမခလစဉ် မဂ္ဂဇင်း ဒီလ သင်္ကြန်အမီ ထွက်ပါပြီ။ ဧပြီလ မြန်မာနှစ်သစ်ကူး သင်္ကြန်အထူး မဟုတ်မူဘဲ ပညာရေးပြုပြင်ပြောင်းလဲဖို့ တော်လှန်ကြသူ မျိုးဆက်သစ်ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ မျက်နှာဖုံးတွေ ဆောင်းပါးတွေပဲ ထည့်သွင်းထားပါတယ်။

မြန်မာစာပေထုတ်ဝေရေး ဈေးကွက် လစဉ်မဂ္ဂဇင်းတွေ ရုန်းကန်နေရဆဲမှာ စာအုပ်အရောင်းဆိုင်တွေလည်း တဖြေးဖြေး လုံးပါးပါးလာပြီလို့ ဆိုကြပါတယ်။ စာအုပ်အငှားဆိုင်တွေ ရပ်ကွက်တွေထဲမှာ မရှိသလောက် ရှားပါးကုန်တာ ၄၊ ၅ နှစ် ရှိပါပြီ။ စာအုပ်အငှားဆိုင်နေရာမှာ ဂိမ်းဆိုင်တွေ ဖုန်းဆိုင်တွေ ၀င်နေရာယူလာသလို အခုမှာတော့ဖြင့် စာအုပ် အရောင်းဆိုင်တွေနေရာမှာ စားသောက်ဆိုင်၊ ယာမကာဆိုင်၊ လျပ်စစ်ပစ္စည်းဆိုင်၊ ကုမ္မဏီအရောင်းပြခန်းတွေက အစားထိုးလာတယ်လို့ ဆိုပါတယ်။ ကဲ … ဘယ်လိုပဲ ဖြစ်ဖြစ် မိုးမခလစဉ်မဂ္ဂဇင်းကတော့ ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။

မိုးမခလစဉ်မဂ္ဂဇင်း ရှုံးချင် ရှုံးပေမယ့် ကျောင်းသားတွေ နိုင်ပါတယ်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts