စာအုပ်စင်

ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ

 

ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ
(မိုးမခ) ဧပြီ ၈၊ ၂၀၁၅

အွန်လိုင်းပေါ်မှာ အခမဲ့ ဖတ်နိုင်ပြီး လစဉ်ပုံနှိပ်စာစောင်ကို အခပေး ဖတ်ရှုသိမ်းဆည်းထားနိုင်ဖို့ ထုတ်ဝေတဲ့ မိုးမခလစဉ် မဂ္ဂဇင်း ဒီလ သင်္ကြန်အမီ ထွက်ပါပြီ။ ဧပြီလ မြန်မာနှစ်သစ်ကူး သင်္ကြန်အထူး မဟုတ်မူဘဲ ပညာရေးပြုပြင်ပြောင်းလဲဖို့ တော်လှန်ကြသူ မျိုးဆက်သစ်ကျောင်းသားတွေကို ဂုဏ်ပြုတဲ့ မျက်နှာဖုံးတွေ ဆောင်းပါးတွေပဲ ထည့်သွင်းထားပါတယ်။

မြန်မာစာပေထုတ်ဝေရေး ဈေးကွက် လစဉ်မဂ္ဂဇင်းတွေ ရုန်းကန်နေရဆဲမှာ စာအုပ်အရောင်းဆိုင်တွေလည်း တဖြေးဖြေး လုံးပါးပါးလာပြီလို့ ဆိုကြပါတယ်။ စာအုပ်အငှားဆိုင်တွေ ရပ်ကွက်တွေထဲမှာ မရှိသလောက် ရှားပါးကုန်တာ ၄၊ ၅ နှစ် ရှိပါပြီ။ စာအုပ်အငှားဆိုင်နေရာမှာ ဂိမ်းဆိုင်တွေ ဖုန်းဆိုင်တွေ ၀င်နေရာယူလာသလို အခုမှာတော့ဖြင့် စာအုပ် အရောင်းဆိုင်တွေနေရာမှာ စားသောက်ဆိုင်၊ ယာမကာဆိုင်၊ လျပ်စစ်ပစ္စည်းဆိုင်၊ ကုမ္မဏီအရောင်းပြခန်းတွေက အစားထိုးလာတယ်လို့ ဆိုပါတယ်။ ကဲ … ဘယ်လိုပဲ ဖြစ်ဖြစ် မိုးမခလစဉ်မဂ္ဂဇင်းကတော့ ထုတ်ဝေ ဖြန့်ချိလိုက်ပါတယ်။

မိုးမခလစဉ်မဂ္ဂဇင်း ရှုံးချင် ရှုံးပေမယ့် ကျောင်းသားတွေ နိုင်ပါတယ်။

 

 

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “ရန်ကုန်ထုတ် မိုးမခလစဉ်မဂ္ဂဇင်း တွဲ၂၊ အမှတ်၎ ယနေ့ ထွက်ပြီ
  1. ဟိုတလောကတောင် ၃၇ လမ်းထဲမှာ လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်က ရွှေသွေးပေါင်းချုပ်တွေ တွေ့လို့ ဈေးမေးကြည့်တော့ တစ်အုပ်ကို ငါးသောင်းလို့ ပြောတယ်။ ဝယ်လို့တော့ မရတော့ဘူးတဲ့။ အမျိုးသား စာကြည့်တိုက်က ဝယ်သွားပြီလို့ ပြောတယ်။ အဲဒီလို စာအုပ်မျိုးတွေကို သိမ်းထားမယ့် အစား အစိုးရတို့ စာပေဗိမာန်တို့ကနေ အရှုံးခံပြီး ရိုက်သင့်တယ်လို့ ထင်တယ်။ ကျနော်တို့ အမျိုးသားများ ခမျာလည်း ငယ်ငယ်ကတည်းက ကလေးစာပေ ကောင်းကောင်း မဖတ်ခဲ့ရတော့ ကြီးလာတော့လည်း စာဖတ်တဲ့ အကျင့်မရှိ။ ဒီတော့လည်း စာအုပ် စာပေ များများ မထွက်နိုင်။ ရိုက်နှိပ်တဲ့ အရေအတွက်နည်းတော့ ဖြန့်ချိဈေးကျတော့လည်း လျှော့ပေးဖို့ မလွယ်။ ဒီတော့ စာမဖတ်နိုင် ဒီလိုနဲ့ သံသရာလည်နေတော့တာပဲ။ အယက်အကန်ခံလို့ ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ ဆိုသလိုပေါ့ဗျာ။ မြန်မာပြည်ရဲ့ လောလောဆယ် အခြေအနေကတော့ စာပေသမားဆိုရင် ရဲဘော်တို့ အခု စစ်မြေပြင်ကို ထွက်ရမယ်။ ဆင်းရဲမယ်။ ငတ်မယ်။ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ်။ ဒါပေမယ့် ဗမာပီပီ ဗမာ့သွေးကို ပြကြပါပေါ့ဗျာ။

Comments are closed.