သတင်းပဒေသာ

ကာတွန်းဆရာတွေကသာ သူတို့ကာတွန်းကို သူတို့ပဲ ပိုင်ဆိုင်တယ် လို့ ထုတ်ပြန်

ကာတွန်းဆရာတွေကသာ သူတို့ကာတွန်းကို သူတို့ပဲ ပိုင်ဆိုင်တယ် လို့ ထုတ်ပြန်
(မိုးမခ) ဧပြီ ၇၊ ၂၀၁၅

လက်ခံရရှိသော ကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

စာနယ်ဇင်းကာတွန်းဆရာများမှ ကာတွန်းချစ်သူပရိသတ်များ သိရှိစေရန် ကြေငြာအပ်ပါသည်။

ယခုအချိန်အခါတွင် သတင်းစာ၊ဂျာနယ်၊မဂ္ဂဇင်းများအပြိုင်အဆိုင်ထွက်ရှိ လာသည်နှင့်အမျှ ကာတွန်းဆရာများဧ။်လက်ရာတစ်ကွက်ကာတွန်းများ
သရုပ်ဖော်ကာတွန်းများလည်း စာနယ်ဇင်းစာမျက်နှာထက်တွင်ဝေေ၀ဆာဆာတွေ့မြင်နေရပြီဖြစ်ပါသည်။

ထို့ကြောင့်လည်း တိုက်တချို့ တွင် မတော်တဆ ကာတွန်းတိုက်ပြိုင် ပါဝင်မှုများရှိတတ်သဖြင့် သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတိုက်များနှင့်ကာတွန်းချစ်သူပရိသတ်များ အထင်အမြင် ရှင်းလင်းစေရန်နှင့် ကာတွန်းဆရာများဧ။် မူပိုင်ခွင့်အပေါ် နားလည်သိရှိစေရန်အတွက် (၃/၄/၂၀၁၅)နေ့တွင် ကျင်းပခဲ့သော မြန်မာကာတွန်းနှစ်တစ်ရာပြည့် အကြိုဆွေးနွေးပွဲတွင် ထိုကိစ္စအား ကာတွန်းဆရာများက ထည့်သွင်းဆွေးနွေးခဲ့ကြပြီး မူပိုင်ခွင့်အတွက် သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါသည်။

ထို့ကြောင့် ယနေ့မှစပြီးကာတွန်းဆရာများဧ။် စာနယ်ဇင်းစာမျက်နှာများတွင် ရေးဆွဲသရုပ်ဖော်လျှက်ရှိသော ကာတွန်းလက်ရာများသည် ရေးဆွဲသူကာတွန်းဆရာများဧ။် မူပိုင် အနုပညာပစ္စည်းဖြစ်ကြောင်းနှင့်  မူလရေးဆွဲသော ကာတွန်းဆရာများကသာလျှင် ပိုင်ဆိုင်ကြောင်း ကာတွန်းချစ်သူပရိသတ်များကို သိစေအပ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts