Yan Naung (Bo Ta Htaung) ဓာတ်ပုံသတင်း

G- SHOCK Thingyan 2015 မဏ္ဍပ် ပြည်လမ်းတွင် လုပ်မည်

 
 G- SHOCK Thingyan 2015 မဏ္ဍပ် ပြည်လမ်းတွင် လုပ်မည်
ရန်နောင်(ဗိုလ်တထောင်) ၊ ဧပြီ ၅၊ ၂၀၁၅
 
ဘိုဘိုအန်တာတိန်းမန့် နှင့် G-SHOCK နာရီတို့ ပူးပေါင်း၍ ယခုနှစ် မဟာသင်္ကြန်တွင် ပြည်လမ်းနှင့် ဓမ္မာရုံလမ်းထောင့်တွင် မဏ္ဍပ်ထိုးမည်ဖြစ်သည်။
 
 
အဆိုပါမဏ္ဍပ်တွင် လွှမ်းပိုင်၊ ဂျောက်ဂျက်၊ နိုင်းဝမ်း၊ အားတီ၊ BOBBY SOXER ၊အိချောပို၊ ဆွိတီကို အစရှိသော အနုပညာသမားများက သုံးရက်လုံးဖျော်ဖြေမည်ဖြစ်သည်။မဏ္ဍပ်လက်မှတ်ခများမှာ သုံးရက်လုံးကို ငါးသောင်းကျပ်၊ အကျနေ့ကို တသောင်းခွဲကျပ်၊အကြတ်နေ့ကို နှစ်သောင်းခွဲကျပ်၊ အတက်နေ့ကို သုံးသောင်းခွဲကျပ် ကျသင့်မည်ဖြစ်သည်။
 
 
မတ်လ (၂၁) ရက်နေ့မှ ဧပြီ(၁၁)ရက်အတွင်း Casio Showroom များမှ မည်သည့် Casio Series နာရီကိုမဆိုဝယ်ယူသော သူများအား ကျပ်တသိန်းဖိုးပြည့်တိုင်း မဏ္ဍပ်အကျနေ့(သို့) အကြတ်နေ့ နှစ်သက်ရာလက်မှတ်တစောင်ကိုလည်းရယူနိုင်ပြီး ၎င်းလက်မှတ်ဖြင့် အကြိုနေ့တွင်လည်း အခမဲ့ရေကစားခွင့် ရရှိမည်ဖြစ်ကြောင်းလည်း သိရှိရသည်။
 

 

 
လက်မှတ်များကို ဘိုဘို အင်တာတိန်းမန့်၊ နှင့် Casio နာရီအရောင်းဆိုင်များ၊ ချယ်ရီဦးနာရီ ဆိုင်တို့ တွင် ဝယ်ယူနိုင်ကြောင်းလည်းထပ်မံသိရှိရသည်။
 

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts