Han Thit Naing ဓာတ်ပုံသတင်း

ဟန်သစ်နိုင် – စိုင်းစိုင်းခမ်းလှိုင် APRIL 10 SHOW ကျင်းပမည်

 

ဟန်သစ်နိုင် – စိုင်းစိုင်းခမ်းလှိုင် APRIL 10 SHOW  ကျင်းပမည်
(မိုးမခ) ဧပြီ ၄၊ ၂၀၁၅
 
ကန်တော်ကြီး မျှော်စင်ကျွန်းတွင်ကျင်းပမည့် အဆိုတော်စိုင်းစိုင်းခမ်းလှိုင်၏ မွေးနေ့  APRIL 10 SHOWခေါင်းစဉ်ဖြင့်ဖျော်ဖြေပွဲကို ဧပြီလ  ၁၀ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်သည်။ ၄င်းပွဲတွင် စိုင်းစိုင်းခမ်းလှိုင်နှင့် သူငယ်ချင်းများ၊ Snare နှင့်သူ၏အဖွဲ့များ၊ Ki Ki Kyaw Zaw နှင့် Bunny Phyoe၊ Soe Gyilနှင့် Mi Sandi တို့ပါဝင်ဖျော်ဖြေမည်ဟု ကန်တော်ကြီး ကရဝိတ်ခန်းမတွင် ဧပြီ ၂ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
 
အဆိုတော်စိုင်းစိုင်းခမ်းလှိုင်က “နှစ်စဉ်နှစ်တိုင်း ကျနော်တစ်ယောက်တည်း ကျနော့်သီချင်းတွေကို အပုဒ် ၅၀ လောက်ဆိုပါတယ်၊ ဒီနှစ်တော့ အပြောင်းအလဲဖြစ်အောင် သီချင်းအပုဒ် ၅၀ကို ကျနော်က၂၅ပုဒ် လောက်ဆိုပြီး ကျနော်နှင့်ပါဝင်ဖျော်ဖြေပေးမည့် အဆိုတော်များက တစ်ဝက်လောက် ဖျော်ဖြေပေးသွားမှာပါ”ဟု ပြောသည်။

 

 
မျှော်စင်ကျွန်းတွင် ကျင်းပမည့် စိုင်းစိုင်းခမ်းလှိုင် APRIL 10 SHOW သည် အရင်ဆယ်နှစ်ဆယ် ကြိမ်လုပ်ခဲ့သည်များနဲ့မတူပဲ အပြင်အဆင်များသည် ထူခြားပြောင်းလဲထားမည်ဖြစ်သည်။ တီးခတ်မည့်သူများသည်လည်း မန္တလေးကတီးဝိုင်းဖြင့်တွဲဖက်ဖျော်ဖြေမည်ဖြစ်သည်။ လက်မှတ်များကို shopping စင်တာများ၊ ဂျန်းရှင်း စကွဲ၊ ရန်ကင်းစင်တာများနှင့် 1876 ကိုဆက်သွယ်၍လည်းဝယ်ယူနိုင်သည်။ လက်မှတ်တစ်စောင်ကို ကျပ်ငွေ ၉၀၀၀ ကျပ်ဖြစ်ပြီး ၄င်းပွဲကို ဧပြီ ၁၀ရက် ညနေ ၅နာရီဖြစ်သည်။ ၆နာရီတွင် စတင်သီဆိုဖျော်ဖြေမည်ဖြစ်ပြီး သီချင်းအပုဒ်ရေ ၅၀ သီဆိုမည်ဟု သိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts