မှတ်စုမှတ်တမ်း လူများ၊ ရုပ်ပုံလွှာများ

သူတော်စင်တို့ လျှောက်တဲ့လမ်း

ခင်မောင်တိုး [၁၉၅၀-၂၀၁၂]
=============================
သူတော်စင်တို့ လျှောက်တဲ့လမ်း
(မိုးမခ) ဧပြီ ၀၄၊ ၂၀၁၅

(၂၀၁၂) ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့တွင် ကွယ်လွန် အနိစ္စရောက်ခဲ့သည့် ဂီတပညာရှင် ခင်မောင်တိုး၏ (၂၀၁၅) ခုနှစ်၊ ဧပြီ (၂) ရက်နေ့ တွင် ကျရောက်ခဲ့သော အသက် (၆၅) နှစ် ပြည့်မွေးနေ့ အမှတ်တရနှင့် ကဗျာဆရာ၊ စာရေးဆရာ၊ တေးရေးဆရာ မောင်သစ်မင်း (ဦးဒေဝ) အမှတ်တရအဖြစ် သူတို့နှစ်ဦးဖန်တီးခဲ့သည့် ဓမ္မပူဇော်တေးတပုဒ်ကို မိုးမခ ပရိ သတ် နားဆင်ကြည်ညို အာရုံပြု ကုသိုလ်ပွားနိုင်ရန် တင်ဆက်လိုက်ပါသည်။

♬ ♪ ♩ ♭ ♫ ∮…
ကိလေသာ.. ပယ်သတ်တဲ့.. မဂ္ဂင် ရှစ်ပါး..
နိဗ္ဗာန်ကို.. ရောက်စေကြောင်း.. တရား..
ကာယကံ.. ဝစီကံ.. မနောကံများ..
စင်ကြယ်အောင်.. ဆုံးမတဲ့.. တရား..

မှန်ကန်သော.. စကားကို.. ပြောဆိုရာ..
မှန်ကန်သော.. အမှုကို.. လုပ်ဆောင်ရာ..
မှန်ကန်သော.. အသက်မွေးမှု.. ရွက်ဆောင်ရာ..
သီလတရား.. သုံးပါး.. ဖြစ်လာ..

ဒုက္ခတို့.. ချုပ်ရာ.. မြတ်နိဗ္ဗာန်.. လမ်း
မဂ္ဂင်ဘောင်စီးလို့.. တက်လှမ်း..

ဒုက္ခတို့.. ငြိမ်းရာ.. မြတ်နိဗ္ဗာန်.. လမ်း
သူတော်စင်တို့.. လျှောက်တဲ့လမ်း..

ကိလေသာ.. ပယ်သတ်တဲ့.. မဂ္ဂင် ရှစ်ပါး..
သံသရာက.. လွတ်စေကြောင်း.. တရား..
ကာယကံ.. ဝစီကံ.. မနောကံများ..
စင်ကြယ်အောင်.. ဆေးကြောမယ့်.. တရား..

မှန်ကန်သော.. အားထုတ်မှု.. ရှိစေရာ..
မှန်ကန်သော.. အောက်မေ့ခြင်း.. နှလုံးမူရာ..
မှန်ကန်သော.. တည်ကြည်မှု.. စူးစိုက်ရာ..
သမာဓိတရား.. သုံးပါး.. ဖြစ်လာ..

ဒုက္ခတို့.. ချုပ်ရာ.. မြတ်နိဗ္ဗာန်.. လမ်း
မဂ္ဂင်ဘောင်စီးလို့.. တက်လှမ်း..

ဒုက္ခတို့.. ငြိမ်းရာ.. မြတ်နိဗ္ဗာန်.. လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း

ကိလေသာ.. ပယ်သတ်တဲ့.. မဂ္ဂင် ရှစ်ပါး..
အရိယာတွေ.. ကျင့်ကြံသော.. တရား..
ကာယကံ.. ဝစီကံ.. မနောကံများ..
စင်ကြယ်အောင်.. လမ်းပြတဲ့.. တရား..

မှန်ကန်သော.. အယူမျိုး.. အမြဲယူပါ..
မှန်ကန်သော.. အကြံမျိုး.. အမြဲ.. ကြံပါ..
မှန်ကန်သော.. သီလနဲ့သမာဓိ.. ဖြည့်ကာ..
ပညာတရား.. သမားနဲ့.. ကျင့်ပါ..

ဒုက္ခတို့.. ချုပ်ရာ.. မြတ်နိဗ္ဗာန်.. လမ်း
မဂ္ဂင်ဘောင်စီးလို့.. တက်လှမ်း..

ဒုက္ခတို့.. ငြိမ်းရာ.. မြတ်နိဗ္ဗာန်.. လမ်း
သူတော်စင်တို့လျှောက်တဲ့လမ်း
♫ ♪ ♫ ♪…

သူတော်စင်တို့လျှောက်တဲ့လမ်း
တေးရေး – မောင်သစ်မင်း (ဖွား ဇွန် ၆၊ ၁၉၅၃ – ဆုံး ဇွန် ၅၊ ၂၀၁၁)
တေးဆို – ခင်မောင်တိုး (ဖွား ဧပြီ ၂၊ ၁၉၅၀ – ဆုံး နိုဝင်ဘာ ၁၅၊ ၂၀၁၂)
တေးစု – မြတ်ဗုဒ္ဓသို့ ဂီတဉ္ဇလီ (Gitanjali To Buddha) (၂၀၀၈)
(ပြန်ကြားရေးဝန်ကြီးဌာန၏ ပူဇော်မှု အစီအစဉ်)
တေးဂီတ – မဇ္ဈိမလှိုင်း (The Medium Wave)

သီချင်းနားထောင်ရန် —
YouTube Music Video URL: http://youtu.be/LVRZ5kph_pU
×××××××××

မိုးမခ က တင်ဆင်ခဲ့ဖူးသည့် ခင်မောင်တိုးနှင့် မဇ္ဈိမလှိုင်းအတွက် အမှတ်တရ ဂုဏ်ပြုအစီအစဉ်၊ ဆောင်းပါးများ  

ကိုရဲလွင် (မဇ္ဈိမလှိုင်း) – တကယ်ပါ
http://gita.cc/archives/41125
http://moemaka.blogspot.com.au/2014/12/blog-post_0.html

ကိုတင်အေးကြူ – ကျေးဇူးတင်တယ် ကမ္ဘာကြီးရယ်
http://moemaka.com/archives/40193
http://www.moemaka.blogspot.com.au/2014/10/blog-post_89.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁)
http://moemaka.com/archives/904
http://moemaka.blogspot.sg/2013/08/min-kyaw-khine-me-and-my-musician-heroes.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ (၂)

http://moemaka.com/archives/853
http://www.moemaka.blogspot.com.au/2013/09/min-kyaw-khine-me-and-my-musician.html

မင်းကျော်ခိုင် –  ကျနော်နဲ့ ဂီတသူရဲကောင်းများ (၃)

http://moemaka.com/archives/35387
http://moemaka.blogspot.com.au/2014/01/blog-post_26.html

ငြိမ်းချမ်းအေး – သိန်းငှက်ပျိုရဲ့ ဖြစ်တည်မှု

http://moemaka.com/archives/40626
http://www.moemaka.blogspot.com.au/2014/11/blog-post_4.html

ငြိမ်းချမ်းအေး – ဝိုင်းရဲ့ဆည်းဆာ၏ နိဂုံး
http://moemaka.com/archives/29173
http://moemaka.blogspot.com.au/2012/11/nyein-chan-aye-articles.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts