ကဗျာ ဆောင်းယွန်းလ

ဆောင်းယွန်းလ – “နောက်ဆုံးပေါ်ခေတ်”

ဆောင်းယွန်းလ – “နောက်ဆုံးပေါ်ခေတ်”
(မိုးမခ) မတ် ၂၅၊ ၂၀၁၅

တယောက်နေထွက်ချိန်ဟာ
ကျန်တယောက်ရဲ့ နေ၀င်ချိန်ပဲ…

ပြော/မှာစရာ
ဆွေးနွေး/တိုင်ပင်စရာတွေကို
ဆယ်လူလာဖုန်းထဲမှာ
ဝရုန်းသုန်းကား အသံအဖြစ်နဲ့
မျှောပစ်ရင်း…

အချစ်သီချင်းကို
စိတ်ကြိုက်
အဆိုတော်တယောက်ယောက်ရဲ့
အသံနဲ့
ကော်ဖီခွက်ထဲ
ငှဲ့ထည့်ထားပေးခဲ့ကြ….

တယောက်ရဲ့ အပြန်ရထားဟာ
ကျန်တယောက်
စောင့်နေတဲ့ အသွားရထား…

တယောက်ရဲ့
ပထမဆုံးဘူတာဟာ
ကျန်တယောက်ရဲ့
နောက်ဆုံးဘူတာ…

ခေတ်ဟာ
တဖြေးဖြေးနဲ့
အဝေးပြေးဖြစ်လာတယ်….။

ဆောင်းယွန်းလ

Illustration – Aung Htet


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts