သတင်းဆောင်းပါး ဇော်အောင် (မုံရွာ)

ဇော်အောင် (မုံရွာ) – လီကွမ်းယူ နောက်ဆုံးနေ့များ

ဇော်အောင် (မုံရွာ) – လီကွမ်းယူ နောက်ဆုံးနေ့များ
(မိုးမခ) မတ်လ ၂၂၊ ၂၀၁၅
စင်ကာပူနိုင်ငံ စတင်တည်ထောင်ခဲ့သူ လီကွမ်းယူ (၉၁ နှစ်) – ကျန်းမာရေးအခြေအနေ အလွန်ဆိုးလို့ စင်ကာပူနိုင်ငံ သက် တမ်းအရင့်ဆုံးနဲ့ အကြီးဆုံးဆေးရုံ၊  အက်စ်ဂျီအက်စ် Singapore General Hospital မှာ ဆေးရုံတင်ထားတာ တပတ်ရှိ သွားပါပြီ။ မတ်လ ၂၁၊ ၂၀၁၅ ရက်နေ့မှာ အခြေအနေ ပိုပြီးဆိုးဝါးလာတယ်လို့ အစိုးရသတင်းဌာနက ထုတ်ပြန်ပါတယ်။ သူ့ရဲ့သားဖြစ်သူ စင်ကာပူလက်ရှိ ဝန်ကြီးချုပ်ရဲ့ ဖေ့စ်ဘုတ်မှာ “Dear Papa, Hope you get better! လို့ ရေးလိုက်ချိန် ဆု တောင်း၊ အားပေး၊ ကျေးဇူးတင်တဲ့ ကွန်မင့်မြောက်များစွာ ရောက်ရှိလာပါတယ်။ ဆေးရုံကို အလွန်များပြားလှတဲ့ ဆုတောင်း၊ ပန်းစည်းများ ထားစရာနေရာမရှိအောင် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးက ပို့ပေးနေဆဲ ဖြစ်ပါတယ်။မြန်မာနိုင်ငံလိုပဲ အတူ၊ စင်ကာပူနိုင်ငံဟာ မလေးရှားနိုင်ငံရဲ့ ပြည်နယ်တစ်ခုအဖြစ် ဗြိတိသျှကိုလိုနီဖြစ်ခဲ့ပါတယ်။  ၁၉၅၉ ခုနှစ်မှာ လီကွမ်းယူ စင်ကာပူပြည်နယ်အစိုးရဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးမှုးအဖြစ် အရွေးချယ်ခံရပြီး၊ ၁၉၆၅ ခုနှစ်မှာ ဗြိတိသျှ အစိုးရထံက လွတ်လပ်ရေးရခဲ့ပါတယ်။ မလေးရှားနိုင်ငံက စင်ကာပူပြည်နယ်ကို လက်မခံတဲ့အတွက် သီးသန့်နိုင်ငံအဖြစ် စတင်ရပ်တည်ခဲ့ပါတယ်။စင်ကာပူမှာရှိတဲ့ နေရှင်နယ်ယူနီဗာစတီဟာ အာရှမှာ ထိပ်ဆုံးတက္ကသိုလ်ဖြစ်ပါတယ် .. တယ်လို့ စင်ကာပူကို ချဲ့ကားပြီး ရေးကြပါတယ်။ ကမ္ဘာ့တက္ကသိုလ် ရွေးချယ်ရေးမူနဲ့ညီအောင်လုပ်ယူထားလို့ တကယ်တော့  စင်ကာပူတက္ကသိုလ်ဟာ. အ ရှေ့တောင်အာရှပဲ ထိပ်တန်းဖြစ်ပါတယ်။ ဖြစ်မှာပါ။ အခုထိ ဂျပန်တက္ကသိုလ်များကို လုံးဝမယှဉ်နိုင်သေးပါဘူး။ တရုတ် တက္ကသိုလ်များကလည်း တဟုန်ထိုး တက်နေပါတယ်။ အဲ.. အခြေခံပညာအဆင့်၊ ဒီပလိုမားအဆင့်မှာတော့ ကမ္ဘာ့ထိပ်တန်း ပညာရေးဖြစ်ပါတယ်။ စင်ကာပူတိုးတက်တာ အထူးသဖြင့် ဘီစနက် (Business) ငွေရအောင်လုပ်တဲ့နေရာမှာ အလွန်တော် ပါတယ်။ ဘက်စုံ ကမ္ဘာ့အဆင့်မီအောင် ကမ္ဘာ့ထိပ်တန်းပညာရှင်များကို ငှားရမ်း၊ လုပ်ကိုင်စေလေ့ရှိပါတယ်။ လူသားအရင်း အမြစ် (Human Resource) တနည်းအားဖြင့် ပညာရေးစနစ်ကို ကလေး၊ လူငယ်၊ လူကြီးအားလုံး ကျောင်းသားရော၊ လုပ် ငန်းခွင်မှာပါ ထောက်ပံ့ကြေးပေးပြီး အထူးအားပေး၊ သင်တန်း မတတ်မနေရ၊ သင်ကြားပေးပါတယ်။

စီးပွားရေးနဲ့ စစ်ရေးကိုတော့ ဆရာကြီးအစ္စရေးနိုင်ငံကို အတုယူခဲ့ပါတယ်။ CPF ငွေကြေးစနစ်ကို အောင်မြင်စွာထူထောင်ရင်း နိုင်ငံတကာမှာ ဘီလျံပေါင်း ၆၀၀ကျော် ရင်းနှီးမြှတ်နှံထားတဲ့ နိုင်ငံဖြစ်ပါတယ်။ မူဆလင် မလေးရှား၊ အင်ဒိုနီးရှား အိမ်နီး နိုင်ငံ၂ ခုနဲ့ အဆင့်ပြေအောင်  နိုင်ငံတော်အလံမှာ လခြမ်းတံဆိပ် ထည့်ထားတာ၊ အမေရိကန် လေယဉ်တင်သင်္ဘောအုပ်စု ကြီး အနားမှာအမြဲရှိနေအောင်လုပ်ထားတာတွေ … တော်ရုံလူ မလုပ်နိုင်ပါဘူး။ ရိုးသားဖြောင့်မတ်ပြီး အစိုးရထိပ်တန်း အရာ ရှိများ အဂတိလိုက်စားမှုလုံးဝမရှိအောင်လုပ်နိုင်ခြင်းနဲ့ နိုင်ငံကိုစတင်ခဲ့ပါတယ်။ ကမ္ဘာ့အဂတိအနည်းဆုံး နိုင်ငံအဖြစ် ထိပ် တန်းက နှစ်ပေါင်းများစွာ ရပ်တည်နေတာ အခု ၂၀၁၅ အထိပဲဖြစ်ပါတယ်။ အခွန်ကောက်စနစ် နဲ့ အခွန်ရရှိငွေဘတ်ဂျတ်သုံးစွဲမှု အဲဒီ (၂) ခုမှာ စာရင်းစစ်အဖွဲ့ (Auditor) နဲ့ အဂတိတိုက်ဖျက်ရေးအဖွဲ့ CPIB www.cpib.gov.sg  နှစ်ခုကို အကြွင်းမဲ့နီးပါး အာဏာများစွာ ပေးထားပါတယ်။ အစိုးရဝန်ထမ်းများရဲ့ လစာနဲ့စားဝတ်နေရေးလည်း ဖူလုံအောင်လုပ်ပေးခဲ့ပြီး၊ အဂတိ အနည်းဆုံးနိုင်ငံအဖြစ် ကမ္ဘာ့ရင်းနှီးမြှုပ်သူများ အခုချိန်ထိ တဟုန်ထိုးရောက်လာနေဆဲ ဖြစ်ပါတယ်။

ရေးရရင် အများကြီးပေမဲ့ ..ငယ်စဉ်က အတန်းပညာမှာ စင်ကာပူမြို့ကနေ ဒုတိယပဲရခဲ့ လီကွမ်းယူ၊ ပထမရတဲ့ ပီနန်မြို့က Kwa Geok Choo  ဆိုတဲ့ မိန်းကလေးကို ဘယ်တော့မှမနိုင်ဘူး။ လီကွမ်းယူ ငယ်စဉ်ကတည်းက မနာလိုစိတ်မရှိပဲ အဲဒီမိန်း ကလေးနဲ့ မိတ်ဖွဲ့ခဲ့ပါတယ်။ လန်ဒန် ကင်းဘရိတ်တက္ကသိုလ်က ဥပဒေပညာ အတူသွားရောက်သင်ချိန်မှာ ချစ်ကြိုက်လက် ထပ်ခဲ့ပါတယ်။ ဇနီးမောင်နှံ နှစ်ဦးစလုံး ဥပဒေပညာရှင်များ ဖြစ်ပါတယ်။

ဆိုးတဲ့အချက်တွေလည်း ရှိပါတယ်။ အတိုက်အခံအင်အားကြီးလာနိုင်ရင် အကျဉ်းချခြင်း၊ ဥပဒေပညာကျွမ်းကျင်တဲ့အတွက် ပြည်တွင်းပြည်ပ တရားရုံးတွေမှာ အတိုက်အခံများကို တရားစွဲလျော်ကြေးငွေတွေ အများကြီးတောင်းပြီး၊ မပေးနိုင်တဲ့အထိ Bankrupt လူမွဲဖြစ်အောင်လုပ်လေ့ ရှိပါတယ်။

ဒါပေမဲ့… အခုခေတ် စီးပွားရေးအင်ပါယာ ထူထောင်ခဲ့ပုံကတော့ အလွန်တော်ပါတယ်။ link ပေးလိုက်ပါတယ်။ CPF အစိုးရ ငွေစုဘဏ်တခုကို တည်ထောင်ပြီး၊ ပြည်သူလူထု ထည့်ဝင်ငွေများ၊ တနည်းအားဖြင့် အခွန်ငွေများကို တိုးပွားအောင် ကမ္ဘာ့ ထိပ်တန်း စီးပွားရေးပညာရှင်များ ငှားရမ်းလုပ်ကိုင်စေခဲ့ပါတယ်။ ဥပမာ အမေရိကန် အခြေအနေမကောင်းလို့ Bank Of America မှာ ဘီလျံပေါင်းများစွာထည့်ဝင်ထားတဲ့ ရင်းနှီးငွေတွေကို ၂၀၀၉ နောက်ပိုင်းမှာ Bank Of China တရုတ်ပြည်ဘက် တဖြေးဖြေး ရွှေ့ပြောင်းပါတယ်။ http://www.slideshare.net/myanmarjobstudent/cpf-bank-public-saving-system21jul2014?related=1

၁၉၅၉ ခုနှစ် လီကွမ်းယူခေါင်းဆောင်တဲ့ ပီအေပီပါတီ (People’s Action Party – PAP) ရွေးကောက်ပွဲနိုင်ပြီး အာဏာရခဲ့ပါ တယ်။ ရွေးကောက်ပွဲတိုင်းမှာ အပြတ်အသတ် အနိုင်ရရှိခဲ့ပြီး ၁၉၉၀ မှာတော့ သူ့လက်ထောက် ဂိုချောက်ထောင်ကို ဝန်ကြီး ချုပ်ရာထူး လွဲအပ်ပါတယ်။ အနားယူလိုက်ပေမဲ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ် သူ့နယ်မြေမှာ ဘယ်အတိုက်အခံမှ လာ ရောက် မပြိုင်လို့ ပြိုင်ဖက်မရှိ အနိုင်ရခဲ့တာချည်း ဖြစ်ပါတယ်။ ၂၀၀၄ မှာတော့ သူ့ရဲ့သားကြီးဖြစ်တဲ့ လီရှန်လုန်း ဝန်ကြီးချုပ် ရာထူးနဲ့ နိုင်ငံအကြီးကဲ ဖြစ်လာပါတယ်။ အာဏာရ ပီအေပီပါတီက လက်ရှိပါလီမန်မှာ အမတ် ၈၇ နေရာမှာ ၈၀ နေရာနဲ့ အပြတ်အသတ် အာဏာကိုထိန်းချုပ်ထားပါတယ်။ လက်ရှိအချိန်ထိ အစိုးရပါလီမန်အမတ်အဖြစ် ရှိနေပါတယ်။

သူ့သားသမီးတွေ သား (၂) ယောက်၊ လီရှန်လုံး (လက်ရှိ နိုင်ငံအကြီးကဲ) Lee Hsien Loong နဲ့ ညီမ အာရုံကြောဆရာဝန် လီဝေလင်း Lee Wei Ling  နဲ့ သားငယ် လီရှန်ယန်း Lee Hsien Yang တို့ရှိပါတယ်။ ဇနီးသည်ကတော့ ၂၀၁၀ မှာ ကွယ် လွန်သွားခဲ့ပြီး ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်မှာ နှစ်ပေါင်းများစွာ ပေါင်းသင်းခဲ့တဲ့ဇနီးဖြစ်သူ  Kwa Geok Choo ဆုံးကတည်းက စိတ်ထိခိုက်ခဲ့ပါတယ်။ အဲဒီ ကတည်းက အစိုးရတာဝန်များကို တာဝန်ယူမှု များစွာလျှော့ချခဲ့ပါတယ်။ လူထုအမြင်မှာလဲ သိပ်မတွေ့ရတော့ပါဘူး။  ၂၀၁၃ မှာ ကိုယ်တိုင်ရေးစာအုပ်မှာ သူဟာ အလွန် အားနည်းလာပြီဖြစ်လို့  မြန်မြန်သေဆုံးချင်နေပြီလို့ ရေးထားပါတယ်။ အကယ်၍ သူသတိမဲ့ သေခါနီးဖြစ်နေရင် ကျန်ရစ်သူများက သူ့ကို အသက်မသေအောင် ခေတ်မှီ အသက်ကယ်၊ နှလုံး၊ အ သက်ရှု စက်များတပ်ဆင်ပေးခြင်းမလုပ်ဖို့ Advance Medical Directive, a legal document  ဥပဒေနဲ့ လက်မှတ်ထိုး စာချုပ်လုပ်ထားပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “ဇော်အောင် (မုံရွာ) – လီကွမ်းယူ နောက်ဆုံးနေ့များ
  1. သေခါနီးနဲ့ သေတဲ့အချိန်မှာ ကျန်တဲ့လူတွေက ဝိုင်းတကြရတဲ့ လူတယောက် ဖြစ်ရတာကိုက အားကျစရာ ကောင်းလှပြီ။

Comments are closed.